Sales Hotline : 09448001653       Download App



မြန်မာကျောင်းသားများ နိုင်ငံခြားမှာ ကြုံတွေ့ရတဲ့ အခက်အခဲ (၇)ခု

မြန်မာကျောင်းသားများ နိုင်ငံခြားမှာ ကြုံတွေ့ရတဲ့ အခက်အခဲ (၇)ခု

(၁) ဘယ်ကိစ္စမဆို ကိုယ့်အားကိုယ်ကိုးရခြင်း

မြန်မာနိုင်ငံမှာဆိုရင် မိဘတွေက သားသမီးများကို ငယ်ငယ်လေးထဲက အစစအရာရာ  ပြုစုလုပ်ကိုင်ပေးကြတယ်။

အဲ...နိုင်ငံခြားမှာ ကျောင်းတက်တာဖြစ်ဖြစ်၊ အလုပ်လုပ်ရင်း သွားတာဖြစ်ဖြစ် ဘယ်လိုပုံစံနဲ့ပဲ သွားသွား နောက်က လိုက်လုပ်ပေးမယ့်သူမရှိတော့ဘူး။

ကိုယ့်စားစရာကိုယ်ပြင်၊ ကိုယ့်အ၀တ်ကိုယ်လျှော်၊ အပြင်သွားတဲ့အခါလဲကိုယ့်တစ်ယောက်ပဲဆိုတော့ အရာအားလုံးက တစ်ယောက်ထဲပဲ ဖြတ်သန်းရလိမ့်မယ်။

(၂) အပေါင်းအသင်းမှားတတ်ခြင်း

နိုင်ငံရပ်ခြား ကျောင်းတက်နေစဉ်ကာလအတွင်းမှာ သူငယ်ချင်းအပေါင်းအသင်းများ ရလိမ့်မယ်။ အဲချိန်ကျရင် ဘယ်သူက ကောင်းတယ်၊ မကောင်းဘူးဆိုတာ ချက်ချင်းမသိနိုင်ပါဘူး။

မကောင်းတဲ့သူ ရှိလာပါက ဘယ်လိုရင်ဆိုဖြေရှင်းမလဲ၊ ကောင်းတဲ့ သူငယ်ချင်းအပေါ်ရော ဘယ်လိုစိတ်ထားမလဲဆိုတာ စဉ်းစားသင့်ပါတယ်။

မိမိအနေဖြင့်လည်း သူတစ်ပါးအပေါ် ကောင်းမွန်တဲ့ သူငယ်ချင်းကောင်းဖြစ်အောင် ကြိုးစားပါ။

(၃) ငွေကြေးစီမံခန့်ခွဲခြင်း

မိဘနဲ့အတူနေတုန်းကဆိုရင် မိဘပေးတဲ့ပိုက်ဆံပဲ သုံးနေရတော့ အဖြုန်းနဲ့ အသုံး မသိတဲ့သူတွေ အများကြီးရှိပါတယ်။ ကိုယ်တိုင်ပိုက်ဆံရှာပြီး ရလာတဲ့ပိုက်ဆံကိုရော ဘယ်လို လုပ်မလဲဆိုတဲ့ စီမံခန့်ခွဲမှု လိုအပ်ပါတယ်။

(၄) စာသင်ယူမှု culture မတူညီခြင်း

မြန်မာကျောင်းသားတွေဟာ များသောအားဖြင့် reactive culture နဲ့ကျောင်းသားဘဝကိုဖြတ်သန်းခဲ့ ကြပါတယ်။ reactive ဖြစ်တယ်ဆိုတာ ဖြစ်လာတဲ့ အရာကိုတုန့်ပြန်ုခြင်း ကိုဆိုလိုပါတယ်။

ဆရာ ဖတ်ခိုင်းတဲ့စာပဲဖတ်တာတို့ ဆရာလုပ်ခိုင်းတဲ့အိမ်စာပဲ လုပ်တာတို့ ဆရာပြောသလောက်ပဲခေါင်းထဲထည့်တာမျိုးကို ဆိုလိုပါတယ်။

နိုင်ငံခြားမှာ ကျောင်းတက်ရင်တော့ proactive ဖြစ်ရင်ပိုကောင်းပါတယ်။ proactive ဖြစ်တယ်ဆိုတာ တခုခုကို ကိုယ်ကိုတိုင် စလုပ်တာကို ဆိုလိုပါတယ်။

(၅) အချိန် စီမံခန့်ခွဲခြင်း

ကျောင်းသားအများစုက စာမေးပွဲဖြေတဲ့နေ့မတိုင်ခင်ညမှာပဲ  တစ်ညလုံးမအိပ်ဘဲ စာလုပ်ကြတယ်။ အဲလို လုပ်ခြင်းက လိုအပ်တဲ့အခါမှသာ ကျင့်သုံးစေချင်ပါယ်။

ဆက်တိုက်ဖြစ်နေရင်တော့ ကျန်းမာရေးအတွက် မကောင်းဘူးပေါ့နော်။ ဒီတော့ ကိုယ့်ပိုင်အချိန်ကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ စဉ်းစားသင့်ပါတယ်။

(၆) အုပ်ထိန်းမယ့်သူမရှိခြင်း

မြန်မာကျောင်းသားတွေအနေနဲ့ နိုင်ငံခြားမှာကျောင်းသွားတက်တဲ့အခါ မိဘရဲ့အုပ်ထိန်းမှုအောက်ကနေ လွတ်ကင်းသွားသလို ဖြစ်တဲ့အတွက် ကိုယ့်ကျန်းမာရေးနဲ့လုံခြုံရေးကို ကိုယ့်ကိုယ်ကို သတိပြုပြီး ထိန်းကျောင်းဖို့ လိုအပ်ပါတယ်။

(၇) ကျန်းမာရေးအခက်အခဲများ/ကျန်းမာရေးဂရုစိုက်ရခြင်း

နိုင်ငံခြားမှာ ဆေးကုသစရိတ်က များသောအားဖြင့် ဈေးကြီးပါတယ်။ Health Insurance ကောင်းကောင်းမရှိပါက ဖျားနာလို့ ဆေးခန်းပြရုံလောက်နဲ့တင် ဒေါ်လာရာဂဏန်းကျနိုင်ပါတယ်။

တစ်ချို့နိုင်ငံများမှာဆိုရင် Amoxicillin ကဲ့သို့ Antibiotics ကို ဆရာဝန်ရဲ့ခွင့်ပြုချက်မပါဘဲ ဝယ်လို့မရတဲ့အတွက် မြန်မာကျောင်းသားအများစုဟာ ပြည်တွင်းမှ ဆေးများဝယ်သွားပြီး အတတ်နိုင်ဆုံး ကျန်းမာအောင်နေကြရပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: Canadian International College  + Edge

Tips Read 4498 times