Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်ခွင့်လျှောက်တဲ့အခါ စဉ်းစားဖို့ မေ့လျော့နေတဲ့အချက်တွေ

တက္ကသိုလ်ဝင်ခွင့်လျှောက်တဲ့အခါ စဉ်းစားဖို့ မေ့လျော့နေတဲ့အချက်တွေ

ဒါပေမယ့် အဓိကကျတဲ့ အချက်တွေကို စဉ်းစားဖို့ မေ့လျော့တတ်ကြပါတယ်...အဲဒီအချက်တွေကတော့ ...

() ကိုယ့်သားသမီးရဲ့ ဘဝရည်မှန်းချက် အိမ်မက်ဘာလဲ ...

ဆရာဝန်ဖြစ်ချင်တာလား၊ အင်ဂျင်နီယာဖြစ်ချင်တာလား၊ IT ပညာရှင်ဖြစ်ချင်တာလား၊ စီးပွားရေးပညာရှင် ဖြစ်ချင်တာလား၊ သိပ္ပံပညာရှင်ဖြစ်ချင်တာလား၊ ရှေ့နေဖြစ်ချင်တာလား၊

ဆရာဆရာမဖြစ်ချင်တာလား၊ သံတမန်ဖြစ်ချင်တာလား၊ စာရေးဆရာဖြစ်ချင်တာလား၊ မိုးလေဝသပညာရှင်ဖြစ်ချင်တာလား၊ နိုင်ငံရေးသမားဖြစ်ချင်တာလား၊ စာပေသမားဖြစ်ချင်တာလား၊

သမိုင်းပညာရှင်ဖြစ်ချင်တာလား၊ စစ်ဗိုလ်ကြီးဖြစ်ချင်တာလား၊ စိုက်ပျိုးရေးပညာရှင်ဖြစ်ချင်တာလား ...

စသည်စသည်ဖြင့် မိမိသားသမီး၏ စိတ်ကူးအိပ်မက် ကို မိဘများက သေသေချာချာ သိဖို့လိုပါတယ်။

လူသားကမ္ဘာ အတွက် အခန်းကဏ္ဏတိုင်းမှာ တော်ပြီး စွမ်းဆောင်နိုင်တဲ့ အသိပညာရှင် အတတ်ပညာရှင် အများကြီးလိုနေပါတယ်။

() ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို လမ်းညွန်မှုပေးပါ။

မိမိကလေးတွေရဲ့ အိမ်မက်ကို တကယ်အကောင်အထည်ဖော် ဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းတွေ (possible ways) တွေကိုသာ လမ်းညွန်ပေးပါ။

ပညာသင်ကြားနိုင်တဲ့ နေရာ ဒေသ အခြေအနေ ကိုသာ လမ်းညွန်ပေးပါ။ ကလေးကိုသာ ရွေးချယ် ခိုင်းပါ။ ဥပမာ ကလေး စိတ်ဝင်စားတဲ့ ပညာကို သင်နိုင်တဲ့နေရာတွေကို လမ်းညွန်ပြပါ။

မိဘ ကိုယ်တိုင်က မြို့ထဲမို့ မြို့ပြင်မို့ စိတ်မချဘူး စတဲ့ အချက်တွေ မလွှမ်းမိုးဖို့ လိုပါတယ်။ သူတို့ က မြို့ထဲမြို့ပြင် တက္ကသိုလ်တွေ သွားတက်တယ် ဆိုတဲ့ အဆင့်ထက် ဒီပညာနဲ့ ကမ္ဘာကြီးရဲ့ ဘယ်နေရာအထိ ဖြစ်ဖြစ် သူတို့ ရွက်လွှင့် နိုင်ကြမည့် သူတွေလို့ ယုံကြည်ပြီး သူတို့ရည်မှန်းချက်ခရီး အရောက်သွားဖို့သာ အင်အားပေးစေလိုပါတယ်

() စိတ်ဓာတ်ခိုင်မာဖို့ ရိုးသားဖို့ အကင်းပါးဖို့ သတ္တိရှိဖို့ လေ့ကျင့်ပေးပါ။

တက္ကသိုလ် ကျောင်းသားဖြစ်လာလျှင် မိမိ ကိုယ် မိမိ ထိန်းသိမ်း စောင့်ရှောက်နိုင်ဖို့ ၊ မိမိယုံကြည်ရာ ကို စိတ်ပြတ်သားစွာ လုပ်ဆောင်ဖို့ ၊ ဘယ်အရာကို မဆို စိတ်အားထက်သန်စွာ လုပ်ဆောင်ဖို့ လေ့ကျင့်ပေးပါ။

ဆရာ ဆရာမ အတန်းဖော်သူငယ်ချင်းများနှင့် ရိုးသားစွာ အကင်းပါးစွာ ဆက်ဆံနိုင်ဖို့လေ့ကျင့်ပေးပါ။ ကိုယ့်တွေ့ နိုင်တဲ့ အခက်အခဲတွေကို သတ္တိရှိရှိ ရင်ဆိုင်တတ်ဖို့ လေ့ကျင့်ပေးပါ။

ဒါကြောင့် အောင်မြင်တဲ့ သားသမီးတွေ အမှန်တကယ်ဖြစ်လာစေချင်တယ်ဆိုရင် အကောင်းဆုံးလို့ ထင်သောနေရာထက် အသင့်တော်ဆုံးနေရာ ကိုသာ အကောင်းဆုံးဖြစ်လာအောင်သာ လမ်းပြပေးစေလိုပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: ဆရာမ Dr. Thinn Thu Naing

 

 

Tips Read 4115 times