Sales Hotline : 09448001653       Download App



UITသို့ တိုက်ရိုက်လျှောက်ထားသူများမှ အမှတ်အများဆုံးရရှိသူ (၂၀၀)ဦးခန့်ကို ထုတ်ပြန်ကြေငြာမည်

UITသို့ တိုက်ရိုက်လျှောက်ထားသူများမှ အမှတ်အများဆုံးရရှိသူ (၂၀၀)ဦးခန့်ကို ထုတ်ပြန်ကြေငြာမည်


သတင်းစာများတွင်လည်းကောင်း၊ Website တွင်လည်းကောင်း၊ ကြိုတင်ကြေငြာထားသည့်အတိုင်း (၁၅--၂၀၁၈) ရက်နေ့တွင် လျှောက်ထားသူများထဲမှ အမှတ်အများဆုံးရရှိသူ (၂၀၀)ဦးခန့်ကို ထုတ်ပြန်ကြေငြာမည် ဖြစ်သည်။

အရန် ရွေးချယ်ထားသူ စာရင်းများကိုလည်း တပါတည်း ကျောင်း၏ကြော်ညာသင်ပုန်းတွင်လည်းကောင်း၊ ကျောင်း၏ Website တွင်လည်းကောင်း၊ FB page တွင်လည်းကောင်း၊ ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

ပထမအကြိမ် ၀င်ခွင့်ကြေငြာပြီးသည့်အခါတွင် တပတ်အတွင်း ကျောင်းအပ်နှံရေးအတွက် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် ဆက်သွယ် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ကျောင်းဝင်ခွင့် ရရှိသော်လည်း ကျောင်းအပ်နှံခြင်း မရှိသော ကျောင်းသား ကျောင်းသူများ၏ လစ်လပ်သွားသော နေရာတွင် အရန် ရွေးချယ်ထားသော စာရင်းမှ အစဉ်အတိုင်း ကျောင်းအပ်နှံခွင့် ထပ်မံ ကြေငြာသွားမည် ဖြစ်ပါသည်။

တိုက်ရိုက်လျှောက်ထားရသော တက္ကသိုလ်များ အားလုံး၏ ၀င်ခွင့်ကို (၁၅--၂၀၁၈) ရက်နေ့တွင် ကြေငြာမည် ဖြစ်ပါသည်။

ထို့ကြောင့် သက်ဆိုင်ရာ ကျောင်းများမှ ၀င်ခွင့် ကြေငြာမည့် အချိန်တွင် တစ်ကျောင်းထက်ပိုပြီး ၀င်ခွင့် ရရှိပါက အပ်နှံမည့်ကျောင်းကို တစ်ခါတည်း ရွေးချယ်ဆုံးဖြတ်ရမည် ဖြစ်ပါသည်။

တိုက်ရိုက်လျှောက်ထားရသော တက္ကသိုလ်များတွင် ရွေးချယ်ခံရပြီးပါက ကျောင်းအပ်နှံထားရမည် ဖြစ်ပြီး၊ အဆိုပါ ကျောင်းသားကျောင်းသူများကို တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးအဖွဲ့မှ ရွေးချယ်သည့် အခါတွင် ထည့်သွင်း ရွေးချယ်တော့မည် မဟုတ်ပါကြောင်း သိစေအပ်ပါသည်။

သို့ဖြစ်ပါသောကြောင့် တိုက်ရိုက်လျှောက်ထားရသော တက္ကသိုလ်များသို့ မဟုတ်ဘဲ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးအဖွဲ့သို့ လျှောက်ထားရသော တက္ကသိုလ်များသို့ တက်ရောက်လိုပါက ကျောင်းအပ်နှံခြင်း မပြုရန် ဖြစ်ပါသည်။

(ကျောင်းအပ်နှံခြင်း မပြုပါက ရွေးချယ်ခံရသော ကျောင်းသို့ တက်ရောက်ခွင့် မရှိတော့ပါကြောင်း ရှင်းလင်းစွာ သိစေအပ်ပါသည်။)

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: UIT

News Read 2836 times