Sales Hotline : 09448001653       Download App



Professional ဖြစ်ဖို့ သမရိုးကျကျောင်းပဲတက်မလား….အွန်လိုင်းမှာပဲ သင်ယူမလား

Professional ဖြစ်ဖို့ သမရိုးကျကျောင်းပဲတက်မလား….အွန်လိုင်းမှာပဲ သင်ယူမလား


အဲ့လိုဆိုရင်တော့ သင်ဆုံးဖြတ်ချက်မချခင်မှာ အောက်မှာဖော်ပြထားတဲ့ အွန်လိုင်းဝက်ဘ်ဆိုဒ်အခြေပြု (web-based)နှင့် သမာရိုးကျစာသင်ခန်း အတွေ့အကြုံတွေရဲ့ အကျိုးအပြစ်တွေကို အရင်သိစေချင်ပါတယ်နော်….။

သမာရိုးကျပညာရေး

သမာရိုးကျပညာရေးကတော့ သင်ကိုယ်တိုင် တက္ကသိုလ်ပရ၀ုဏ်ထဲမှာ အတန်းသွားတက်ဖို့လိုပါတယ်။

အကယ်၍ သင်ဟာ ကျောင်းသားအဆောင်မှာနေဖို့  ဆုံးဖြတ်ထားတဲ့သူ ဒါမှမဟုတ် တကယ့်ကောလိပ်ကျောင်းသားဘ၀ကို တွေ့ကြုံခံစားချင်တဲ့ ကျောင်းသားသစ်တစ်ယောက်ဆိုရင်တော့ ကိုယ်တိုင်သွားတက်တာက ပိုယုတ္တိရှိတာပေါ့။

တက္ကသိုလ်ထဲမှာကျတော့ ကျောင်းတက်ရင်းအားကစားနဲ့ပတ်သက်ပြီး ကြက်တောင်၊ ရေကူးနှင့် ဘောလုံးစတဲ့ ကလပ်တွေ(clubs)၊ အသင်းအဖွဲ့ (associations)နဲ့ တက္ကသိုလ်လုံးဆိုင်ရာ ကျောင်းသားအဖွဲ့အစည်းတွေ (fraternities/sororities) မှာ ပါဝင်နိုင်တဲ့ အခွင့်အလမ်းတွေ ပိုပြီးရှိပါတယ်။

ပြီးတော့ စာသင်ကြားမှုနဲ့ ပတ်သတ်ပြီးတော့ပဲဖြစ်ဖြစ် ပုံမှန်ထက်ပိုပြီး အကူအညီ လိုအပ်လာတဲ့အခါတွေ ရှိလာခဲ့မယ် ဆိုရင်တော့ ပေါမောက္ခနှင့် ကျွမ်းကျင်သူတွေရဲ့ ဆွေးနွေးလမ်းညွှန်မှုတွေက တက္ကသိုလ်ပရ၀ုဏ်အတွင်း မှာပဲ ရရှိနိုင်ပါတယ်။

နည်းပညာကို သိပ်မကျွမ်းကျင်လှတဲ့ကျောင်းသားတွေ ဒါမှမဟုတ် ဆရာတွေ ပေါမောက္ခတွေနဲ့ မျက်နှာချင်းဆိုင် ပြောဆိုဆက်ဆံရတာကို နှစ်သက်သဘောကျတဲ့ ကျောင်းသားတွေအတွက်ကတော့ သမာရိုးကျကျောင်းတွေက ပိုကောင်းတဲ့ ရွေးချယ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အတန်းချိန်မှာ သာမန်ထက် လက်တွေ့ပါဝင်လေ့ကျင့်မှု ပိုလိုအပ်တဲ့ မေဂျာတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

- မော်တော်ယာဉ် ပြုပြင်မှုအတတ်ပညာ/စက်မှုလက်မှုပညာ

- ကွန်ပျူတာသိပ္ပံပညာ/အင်ဂျင်နီယာပညာ

- အပူပေးစနစ်၊ လေ၀င်လေထွက်စနစ်နှင့် လေအေးပေးစနစ် အတတ်ပညာ

- သူနာပြုအတတ်ပညာ

အွန်လိုင်းပညာရေး

အွန်လိုင်းပညာရေးဟာ အနောက်နိုင်ငံတွေမှာတော့ အဝေးသင်ပညာရေးတစ်ခုဖြစ်ပြီးတော့ အင်တာနက်ကနေပဲ အတန်းတက်ကြတာ ဖြစ်ပါတယ်။

ကျောင်းသားတော်တော်များများ အွန်လိုင်းအတန်းတွေကို တက်လာကြခြင်းဟာ အဲ့ဒီအတန်းတွေကပဲ ရနိုင်တဲ့ ပြင်လွယ်ပြောင်းလွယ်မှု (flexibility) နှင့် အဆင်သင့်ရှိမှု (convenience) တို့ကြောင့်ပဲ ဖြစ်ပါတယ်။ သင့်အတွက် အဆင်ပြေတဲ့ အားလပ်တဲ့အချိန်တိုင်းမှာ အိမ်ကနေပဲ အွန်လိုင်းအတန်းကို သက်တောင့်သက်သာ တက်လို့ရပါတယ်။  

အွန်လိုင်းအတန်းတွေဟာ မိသားစုတာဝန်တွေရှိတဲ့သူ သိပ်ကောင်းပါတယ်။ ပြီးတော့ ငွေကုန်ကြေးကျလည်း သက်သာပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက သွားရေးလာရေးမလိုအပ်တဲ့အတွက် သင့်အနေနဲ့ လောင်စာဆီကို ခြွေတာနိုင်ပြီး ကားအသုံးပြုမှုကြောင့်ဖြစ်ပေါ်လာတဲ့  ယိုယွင်းပျက်စီးမှုတွေကို လျော့နည်းစေနိုင်လို့ပဲ ဖြစ်ပါတယ်။

အွန်လိုင်းဘာသာရပ်တွေဟာ တပ်မတော်သားများနှင့် မကြာခဏ ခရီးထွက်ကြရတဲ့သူတွေအတွက်လည်း သိပ်ကောင်းပါတယ်။

အဝေးသင်ရဲ့ သင်ကြားမှုပုံစံတွေက ကျောင်းသားတွေကို တစ်နေရာထဲမှာပဲ အခြေချစေခြင်းထက် သူတို့ဘယ်နေရာကိုပဲရောက်ရောက် ပညာကို လွယ်လင့်တကူ ရယူနိုင်စေခြင်းပဲ ဖြစ်ပါတယ်။

အွန်လိုင်းပညာရေးရဲ့ မကောင်းတဲ့အချက်တချို့

အဲ့ဒါတွေကတော့ ပေါမောက္ခနှင့် အတန်းဖော်များကို တိုက်ရိုက်ပြောဆိုဆက်ဆံနိုင်ခွင့် နည်းပါးခြင်း၊ တက္ကသိုလ်ပရ၀ုဏ်အတွင်းမှ အသင်းအဖွဲ့များ (clubs) နှင့် သင်ရိုးပြင်ပ လှုပ်ရှားမှု (extracurricular activities) များတွင် ပါဝင်နိုင်မည့် အခွင့်အလမ်းများ နည်းပါးခြင်းတို့ပဲ ဖြစ်ပါတယ်။ သင့်မှာ ယုံကြည်စိတ်ချရတဲ့ ကွန်ပျူတာနှင့် အင်တာနက်ဆယ်သွယ်မှုလည်း ရှိရဦးမှာ ဖြစ်ပါတယ်။

အပြင်မှာလူတွေနဲ့ ကူးလူးဆက်ဆံရတဲ့ စာသင်ခန်းအတွေ့အကြုံကို ရှာဖွေနေတဲ့သူတွေအတွက်ကတော့ သမာရိုးကျပညာရေးက ပိုပြီး သင့်လျော်ပါလိမ့်မယ်။

ဒါပေမယ့် ပိုပြီး ပြင်လွယ်ပြောင်းလွယ်တဲ့ flexible ဖြစ်တဲ့ ရွေးချယ်မှုကို ရှာဖွေနေသူတွေအတွက်ကျတော့ အွန်လိုင်းပညာရေးက တချက်လေ့လာကြည့်သင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။

နောက်ထပ်လုပ်နိုင်တာတစ်ခုကတော့ အွန်လိုင်းပေါ်ကရလာတဲ့ အရင်းအမြစ်တွေ (sources) ကိုသုံးပြီး ကိုယ့်ရဲ့ သမာရိုးကျပညာရေးကို ဖြည့်စွက်မြှင့်တင်ခြင်းပဲ ဖြစ်ပါတယ်။

Study.com ဟာဆိုရင် အွန်လိုင်းပညာရေးဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပြီးတော့ မြောက်မြားလှစွာသော ကောလိပ်ခရက်ဒစ် (college credit) ပေးတဲ့ ဘာသာရပ်တွေ အပါအ၀င် အခြားရွေးချယ်နိုင်စရာ ဘာသာရပ်အမျိုးအစား စုံစုံလင်လင်ရှိပါတယ်။

အဲဒီဘာသာရပ်တွေဟာ သင့်ရဲ့များစွာသော စာမေးပွဲတွေအတွက် ကူညီပြင်ဆင်ပေးနိုင်သလို အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွေ တိုးတက်ဖို့ (professional development skills) လည်း ကူညီပေးနိုင်ပါတယ်။

သမာရိုးကျကျောင်းတွေလို သင်ရိုးပြင်ပ လှုပ်ရှားမှုတွေမှာ လွပ်လွပ်လပ်လပ် ပါဝင်ခွင့် ဒါမှမဟုတ် ပေါမောက္ခ၊ အတန်းဖော်တွေနဲ့ ကိုယ်တိုင်ကိုယ်ကျ စကားပြောနိုင်ခွင့်ရှိနေမှာဖြစ်ပြီး သင့်ရဲ့ ဘွဲ့ဒီဂရီတွေကိုတောင် Study.com ကပေးတဲ့ ကောလိပ်ခရက်ဒစ်တွေနဲ့ မြန်မြန်ပြီးစေနိုင်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: Study.com

Tips Read 1913 times