Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်ခွင့်ရထားသည့်ကျောင်းများမှ ကျောင်းပြောင်းလျှောက်ထားလိုသူများ

တက္ကသိုလ်ဝင်ခွင့်ရထားသည့်ကျောင်းများမှ ကျောင်းပြောင်းလျှောက်ထားလိုသူများ

ယခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနေကြသည့် ကျောင်းသား/သူများအနေဖြင့် ၀ိဇ္ဇာသိပ္ပံဘာသာရပ်များ ပို့ချသည့် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်အချင်းချင်း ကျောင်းပြောင်းလျှောက်ထားခြင်းများနှင့်

 

အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များသို့ ၀င်ခွင့်ရရှိပြီးမှ ၀ိဇ္ဇာ၊ သိပ္ပံဘာသာရပ်များပို့ချသည့် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များနှင့် အဝေးသင်တက္ကသိုလ်များသို့ ပြောင်းရွှေ့လိုခြင်းများကို မိမိတို့ဝင်ခွင့်ရရှိထားသော ကျောင်းများမှ တစ်ဆင့် ဒီဇင်ဘာ ၂၁ရက် နောက်ဆုံးထားပြီး လျှောက်ထားရမည်ဖြစ်သည်။

 

ယခုနှစ်တွင် ထုတ်ဝေထားသော တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ဖော်ပြထားကြောင်း သိရသည်။

 

ကျောင်းပြောင်းကြတာတော့ ၀န်ထမ်းသားသမီးများနဲ့ အလုပ်လုပ်ရင်း ကျောင်းတက်မယ့် သူတွေများတယ်။ အခုကတော့ ၀င်ခွင့်တွေတင်နေတုန်းပဲပေါ့၊ ၀င်ခွင့်ကျတဲ့အခါမှ ပြောင်းရမယ့်အခြေအနေဖြစ်ရင်တော့ သတ်မှတ်ရက်မတိုင်မီ အပြောင်းအရွှေ့တင်ရမှာ” ဟု ပြောသည်။

 

ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များပို့ချသော တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များမှ အဝေးသင်တက္ကသိုလ်များသို့လည်းကောင်း၊ အဝေးသင်တက္ကသိုလ်မှ ၀ိဇ္ဇာ၊ သိပ္ပံဘာသာရပ်များပို့ချသော တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များသို့ လည်းကောင်း ပြောင်းရွှေ့လိုပါက ဒီဇင်ဘာလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး မိမိတို့ ၀င်ခွင့်ရရှိထားသော ကျောင်းများမှတစ်ဆင့် မိမိတို့ပြောင်းရွှေ့လိုသော ကျောင်းများသို့ လျှောက်ထားရမည် ဖြစ်သည်။

 

ကျောင်းပြောင်းလျှောက်ထားခြင်းများကို သတ်မှတ်ရက်များမတိုင်မီ အချိန်မီလျှောက်ထားရမည်ဖြစ်သည်။

 

သတ်မှတ်ရက်ကျော်လွန်ပြီး လျှောက်ထားလာခြင်းများကို လက်ခံစဉ်းစားမည် မဟုတ်ပါ။

 

ပြောင်းရွှေ့သင်ကြားခွင့်မပြုမီ မိမိတို့သဘောဆန္ဒအလျောက် ပြောင်းရွှေ့တက်ရောက်ခြင်းကို ခွင့်မပြုကြောင်းသိရသည်။

 

ယခုနှစ်တွင် တက္ကသိုဝင်ခွင့်လျှောက်ထားခြင်းမပြုလုပ်သောသူများအနေဖြင့် လာမည့်ပညာသင်နှစ်တွင် အဝေးသင်တက္ကသိုလ်ကိုသာ လျှောက်ထားခွင့်ရှိမည်ဟုလည်း သတ်မှတ်ထားသည်။

 

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 3769 times