Sales Hotline : 09448001653       Download App



အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့က ရွေးချယ်မည့် တက္ကသိုလ်များ

အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့က ရွေးချယ်မည့် တက္ကသိုလ်များ

ထိုတက္ကသိုလ်များ၏ ဝင်ခွင့်ကို အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က ရွေးချယ်မည်ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့် သင်တန်း ရွေးချယ်မှုကတ်ပြားပါသည့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ အိတ်ကို ဇွန်လ ၂၆ ရက်မှ ဇူလိုင် ၂၀ ရက်အထိ (စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များအပါအဝင်) တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သတ်မှတ်ထားသည့် နီးစပ်ရာ တက္ကသိုလ်များတွင် တင်သွင်းရ မည်ဖြစ်သည်။

‘‘တိုက်ရိုက်ခေါ်တဲ့ တက္က သိုလ်တွေလည်း လျှောက်ပေါ့။ ဝင်ခွင့်လမ်းညွှန်မှာလည်း ထပ် လျှောက်ဖို့လိုတယ်။ အကယ်၍ ကိုယ်က ဟိုဘက်တွေမှာ မရခဲ့ဘူး ဆိုတာမျိုး ဖြစ်လာရင် ဒီဘက်က လျှောက်တဲ့ တက္ကသိုလ်က ဝင်ခွင့် ရထားရင် အဆင်သင့်တာပေါ့’’ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန် ကြားရေးမှူးတစ်ဦးက အကြံပြု သည်။

ထိုတက္ကသိုလ်ဝင်ခွင့်သင်တန်း ရွေးချယ်မှုကတ်ပြားကို မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ ဟားခါး၊ မုံရွာ၊ စစ်ကိုင်း၊ ထား ဝယ်၊ တောင်ငူ၊ ပြည်၊ ပဲခူး၊ မကွေး၊ ပခုက္ကူ၊ မန္တလေးအဝေးသင်တက္ကသိုလ်၊ မိတ္ထီလာ၊ မော် လမြိုင်၊ စစ်တွေ၊ တောင်ကုတ် ဒီဂရီကောလိပ်၊ ရန်ကုန်အဝေး သင်တက္ကသိုလ်၊ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ ပုသိမ်နှင့် ဟင်္သာတတက္ကသိုလ်တို့တွင် တင် သွင်းရမည်ဖြစ်သည်။

သတ်မှတ်ရက်ကျော်လွန်၍ လျှောက်ထားသူများသည် အဆင့် မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့လျှောက်ထား ရမည်ဟု ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။

တက္ကသိုလ်မှ လက်ခံနိုင်သည့် အရေအတွက်အတိုင်း တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်များ အပေါ် အဓိက အခြေခံသည့် ယှဉ်ပြိုင်စနစ်ဖြင့် ဦးရေစိစစ်၍ ဝင်ခွင့် လက်ခံမည်ဟု တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က ကြေ ညာထားသည်။

‘‘တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေး ချယ်ရေးအဖွဲ့သည် လျှောက်ထား သူများ၏ သင်တန်းရွေးချယ်မှု ကတ်ပြားများကို အမှတ်အနည်း၊ အများအလိုက် စဉ်ထားသည်။ အမှတ်အများဆုံး ရရှိသည့် လျှောက်ထားသူ၏ ကတ်ပြားကစ ၍ အမှတ်အနည်း၊ အများ အလိုက် ကတ်ပြားတစ်ခုချင်းကို စိစစ်သည်။ ဦးစားပေး အစီအစဉ်အတိုင်း စိစစ်သည်။

လျှောက်ထားသူ၏ သင် တန်း ရွေးချယ်မှုကတ်ပြားတွင် ဖြည့်သွင်းထားသည့် ဦးစားပေး-၁ ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အထူးပြုဘာသာရပ် တွင် သတ်မှတ်ထားသည့် ဦးရေ အတွင်းဖြစ်ပါက လက်ခံမည်ဖြစ် ပြီး သတ်မှတ်ဦးရေ ကျော်လွန်နေပါက ဦးစားပေး-၂ကို ဆက်လက် စဉ်းစားကာ အဆင့်ဆင့် ဝင်ခွင့် လက်ခံခြင်းဖြစ်သည်။

ဦးစားပေးအဆင့်သုံးခုသာ ဖြည့်သွင်းထားပါက လျှောက်ထားသည့် တက္ကသိုလ်တို့တွင် လက် မခံနိုင်သည့်အခါ လျှောက်လွှာကို ပယ်ချမည်ဖြစ်သည်။

ယင်းသို့ ပယ်ချခံရသော လျှောက်လွှာများကို ဝင်ခွင့်ချပေးမည်မဟုတ်ဘဲ အသနားခံစာတင်မှသာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် များတွင် နေရာရှိပါက လက်ခံရန် စဉ်းစားပေးသည်။

ထို့အပြင် တက္ကသိုလ်ဝင်ခွင့် အမှတ်များကို ပညာရေးဝန်ကြီး ဌာနက ကြိုတင်သတ်မှတ်ထား ခြင်းမဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ဝင်စားမှု အပေါ် မူတည်ကာ တက္ကသိုလ်၏ ဝင်ခွင့်ရမှတ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

သို့သော် ခြွင်းချက်အနေဖြင့် အချို့တက္ကသိုလ်များတွင် လိုအပ်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာရပ်အလိုက် ရမှတ် (သို့ မဟုတ်) စုစုပေါင်းရမှတ် မည်မျှ ရသူများသာ လျှောက်ထားနိုင်သည်ဟု သတ်မှတ်ခြင်းမျိုးရှိသည်။

‘‘တက္ကသိုလ်တွေရဲ့ ဝင်ခွင့် အနိမ့်ဆုံးအမှတ်တွေက ကြိုသတ် မှတ်ထားတာမဟုတ်ဘူး။ အမှတ် များတဲ့သူတွေ အလျှောက်များတဲ့ တက္ကသိုလ်၊ အထူးပြုဘာသာရပ် တွေက အမှတ်မြင့်သွားတာပဲ။ လျှောက်တဲ့သူ အပေါ်မှာမူတည် တယ်’’ဟု အဆင့်မြင့်ပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ဆိုသည်။

ယခုနှစ်တွင် တိုက်ရိုက်ခေါ်သည့် တက္ကသိုလ်များက ဝင်ခွင့်ရ စာရင်းကို သြဂုတ် ၁၅ ရက်တွင် ကြေညာမည်ဖြစ်ပြီး အဆင့်မြင့် ပညာဦးစီးဌာန တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က ဝင်ခွင့် ရွေးချယ်မည့် တက္ကသိုလ်များ၏ ဝင်ခွင့်ရ စာရင်းများကို ဒီဇင်ဘာမတိုင်မီ ကြေညာပေးမည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day daily

News Read 6699 times