Sales Hotline : 09448001653       Download App



အဝေးသင်စာမေးပွဲ တက္ကသိုလ်အလိုက် မေးခွန်းထုတ်မည်

အဝေးသင်စာမေးပွဲ တက္ကသိုလ်အလိုက် မေးခွန်းထုတ်မည်

 

အဝေးသင်တက္ကသိုလ်ဌာနခွဲများက စာမေးပွဲမေးခွန်းထုတ်ခြင်းကို ၂၀၁၉ ပညာသင်နှစ်တွင် စတင်မည်ဖြစ်သော်လည်း ပထမနှစ် အဝေးသင် ကျောင်းသားများအတွက်သာ အကျုံးဝင်မည်ဖြစ်ကာ နောက်ပညာသင်နှစ်များတွင် တစ်နှစ်ချင်း ပြောင်းလဲမည်ဖြစ်သည်၊

 

မေးခွန်းပုံစံပြောင်းမှာ မဟုတ်ဘူး။ မေးခွန်းထုတ်တဲ့သူ ပြောင်းသွားမှာပါ။

 

ယခင်က အောက်မြန်မာပြည်ရှိ ဒဂုံ၊ ရန်ကုန်အရှေ့ပိုင်း၊ ပြည်၊ တောင်ငူ၊ ပဲထူး၊ ပုသိမ်၊ မအူပင်၊ ဘားအံ၊ မြိတ်၊ ထားဝယ်၊ စစ်တွေ၊ တောင်ကုတ်စသည့် တက္ကသိုလ်များသည် ရန်ကုန်အဝေးသင်အောင်တွင် ဌာနခွဲအဖြစ် ဖွင့်လှစ်ပြီး

ရန်ကုန်ဝေးသင်တက္ကသိုလ်မေးခွန်းဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

 

အထက်မြန်မာပြည်ရှိ တောင်ကြီး၊ မကွေး၊ မုံရွာ၊ ပခုက္ကူ၊ မြစ်ကြီးနား၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ရတနာပုံ၊ ပင်လောင်း၊ ကလေး၊ လွိုင်ကော်၊ လားရှိုး၊ ကင်းတောင်၊ ရွှေဘို၊ မြင်းခြံ၊ ရေနံချောင်း၊ စစ်ကိုင်းနှင့် မိုးညှင်းစသည့် တက္ကသိုလ်များက

မန္တလေးအဝေးသင် တက္ကသိုလ်ဌာနခွဲအဖြစ် ဖွင့်လှစ်ပြီး ယင်းတက္ကသိုလ်က ထုတ်ပေးသည့်မေးခွန်းဖြင့် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

 

ထိုကဲ့သို့ တက္ကသိုလ်အလိုက် မေးခွန်းထုတ်ခွင့်ပြုလိုက်ပါက တက္ကသိုလ်မေးခွန်းရောင်းစားခြင်းများ ရှိလာနိုင်ခြင်း၊ ဆရာ ဘာသာရပ်သင်ဆရာ၊ ဆရာမများက မိမကျူရှင်တက်ရန် ဖိအားပေးခြင်းများ ရှိလာပြီး ကျောင်းသား/သူများအနေဖြင့်လည်း

ကျောင်းစာကို စိတ်ဝင်စားမှု နည်းလာနိုင်ကြောင်း ပြောကြားထားပါသည်။

 

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: thevoice

News Read 3580 times