Sales Hotline : 09448001653       Download App



စာသင်ကျောင်းများရှေ့တွင် မျဉ်းဝါကြားများ ပြုလုပ်ပေးမည်

စာသင်ကျောင်းများရှေ့တွင် မျဉ်းဝါကြားများ ပြုလုပ်ပေးမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်းများအရှေ့မှာ မျဉ်းဝါကြားတွေကို အခုနှစ်အတွင်း စတင်ပြုလုပ်ပေးမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားခဲ့ပါတယ်။

” ရန်ကုန်တိုင်းအတွင်း စာသင်ကျောင်းရှေ့တွေမှာ မျဉ်းဝါကြားများ လိုအပ်လျက်ရှိနေတဲ့အတွက် ယခုနှစ်အတွင်း စက်ကရိယာများ အသုံးပြုကာ စတင်ပြုလုပ်ပေးသွားမှာပါ၊ ကျောင်းရှေ့က မြေပြင်ဆိုရင်တော့ မျဉ်းဝါကြားရေးဆွဲလို့ ရမှာမဟုတ်ပါဘူး၊ ကတ္တရာလမ်း၊ ကားလမ်းဆိုရင်တော့ မျဉ်းဝါကြားရေးဆွဲပေးမှာပါ ” လို့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

လူနေမှုအဆင့်အတန်းကို မြို့ပြအဆင့်နဲ့ တိုင်းတာပါက ကွာဟချက်က ကြီးမားတဲ့ အတွက်ကြောင့် ကွာဟချက်နည်းနိုင်သမျှနည်းရန် လုပ်ဆောင်ရာမှာ ကျောင်းရှေ့တွေမှာ မျဉ်းဝါကြား (Yellow Box) တွေ လိုအပ်ကြောင်း၊ မျဉ်းဝါကြားတွေ ဆောင်ရွက်ဖို့အတွက် ယခုနှစ်ဘတ်ဂျက်တွင် ထည့်သွင်းရေးဆွဲထားကြောင်း သိရပါတယ်။

” မျဉ်းဝါကြားဆွဲတဲ့အခါမှာ စက်လိုပါတယ်၊ စက်က ကျွန်တော်တို့ တိုင်းစည်ပင်မှာမရှိတဲ့ အတွက်ကြောင့်မို့လို့ စည်ပင်သာယာရေး ဝန်ကြီးအနေနဲ့ YCDC က စက်ကိုယူပြီးတော့ တိုင်းစည်ပင်မှာ ဒီနှစ်ထဲမှာ သုံးပေးပါ့မယ်၊ ဒီနှစ်ထဲမှာစပြီး လုပ်ပေးပါ့မယ်” လို့ ၎င်းက ဆက်လက် ပြောကြားပါတယ်။

ခရမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှတိုးရဲ့မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: internet

News Read 1440 times