Sales Hotline : 09448001653       Download App



ဓမ္မစကူးလ်ဆရာဖြစ်သင်တန်း တက်ရောက်ကြမည့် သင်တန်းသားများအတွက် သတ်မှတ်ချက်များ

ဓမ္မစကူးလ်ဆရာဖြစ်သင်တန်း တက်ရောက်ကြမည့် သင်တန်းသားများအတွက် သတ်မှတ်ချက်များ

ဓမ္မစကူးလ်ဖောင်ဒေးရှင်း သူငယ်တန်း(KG)/မူလတန်း/အလယ်တန်းအဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်း တက်ရောက်ကြမည့် သင်တန်းသူ/သင်တန်းသားများအတွက် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

သူငယ်တန်း (KG) ဓမ္မစကူးလ်ဆရာဖြစ်သင်တန်း တက်ရောက်မည့် သင်တန်းသူများအတွက် သတ်မှတ်ချက်များ

၁။ ဆရာဖြစ်သင်တန်း တက်ရောက်ပြီးလျှင် တစ်လအတွင်း ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း၊ ဓမ္မာရုံတစ်ခုခုတွင် ဓမ္မစကူးလ်ဆရာမအဖြစ် သင်ကြားပေးနိုင်ရမည်။ (အထက်ပါနေရာများတွင် သင်ကြားရန် အခက်အခဲ ရှိပါက အခြားသင့်လျော်သော နေရာများ၌ သင်ကြားနိုင်ပါသည်။)

၂။ သင်တန်းတက်ရောက်မည့်သူသည် မူ/လယ် အဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းများကို မတက်ရောက်ဖူးသူ ဖြစ်ရမည်။

၃။ သင်တန်းတက်ရောက်မည့်သူသည် အသက်(၁၈) မှ (၄၅)နှစ် အတွင်းရှိသူ၊ ကျန်းမာရေးကောင်းသူ၊ ဘာသာရေးကို စိတ်ဝင်စားသူ၊ ကလေးချစ်တတ်သူ၊ ကလေးများ၏ ဝေယျာဝစ္စများကို စိတ်ရှည်သည်းခံ၍ လုပ်ဆောင်နိုင်သူ ဖြစ်ရမည်။

၎။ အနည်းဆုံး အဋ္ဌမတန်း (၈)တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။ (အောင်မြင်ကြောင်း ပညာရေးထောက်ခံစာ တင်ပြနိုင်ရမည်။)

၅။ ကျောင်းသား (၁၅) ဦးကို ဆရာမတစ်ဦးနှုန်းဖြင့် သင်တန်းတက်ရောက်နိုင်သည်။

၆။ တစ်ပတ်လျှင် တစ်ရက်၊ တစ်ရက်လျှင်သင်ခန်းစာတစ်ခုနှုန်းဖြင့် သင်ခန်းစာ (၄၀) ပြီးဆုံးသည်အထိ သင်ကြားပေးနိုင်သူ ဖြစ်ရမည်။

၇။ သင်တန်းတက်မည့်သူသည် ဓမ္မစကူးလ်ဆရာမအဖြစ် ပြန်လည်သင်ကြားမည်မှာ မှန်ကန်ကြောင်းကို ကျောင်းထိုင်ဆရာတော် (သို့မဟုတ်) ဓမ္မစကူးလ်ဖွင့်လှစ်ရာ ဦးဆောင်ပုဂ္ဂိုလ်တစ်ဦးဦး၏ ထောက်ခံစာ ပါရမည်။

၈။ လိုင်စင်ဓာတ်ပုံ (၃) ပုံနှင့် မှတ်ပုံတင်မိတ္တူ ယူဆောင်လာရမည်။

၉။ သင်တန်းချိန်အတွင်း ယောဂီဝတ်စုံ (သို့မဟုတ်) ဓမ္မစကူးလ်ဝတ်စုံ ဝတ်ဆင်ရမည်။

မူလတန်းဆရာဖြစ်သင်တန်းတက်ရောက်မည့် သင်တန်းသား/သူများ အတွက် သတ်မှတ်ချက်များ

၁။ ဆရာဖြစ်သင်တန်းတက်ရောက်ပြီးလျှင် တစ်လအတွင်း ဘုန်းတော်ကြီးကျောင်း၊ သီလရှင် ကျောင်း၊ ဓမ္မာရုံ တစ်ခုခုတွင် ဓမ္မစကူးလ်ဆရာအဖြစ် သင်ကြားပေးနိုင်ရမည်။ (အထက်ပါ နေရာများတွင် သင်ကြားရန် အခက်အခဲရှိပါက အခြားသင့်လျော်သောနေရာများ၌ သင်ကြားနိုင်ပါသည်။)

၂။ သင်တန်းတက်မည့်သူသည် ဓမ္မစကူးလ်ဆရာအဖြစ် ပြန်လည်သင်ကြားမည်မှာ မှန်ကန် ကြောင်းကို ကျောင်းထိုင်ဆရာတော် (သို့မဟုတ်) ဓမ္မစကူးလ်ဖွင့်လှစ်ရာ ဦးဆောင်ပုဂ္ဂိုလ် တစ်ဦးဦး၏ ထောက်ခံစာ ပါရမည်။

၃။ ပထမတန်းမှ ပဉ္စမတန်းအထိ စာသင်ခန်းတစ်ခန်းစီတွင် အနည်းဆုံးကျောင်းသား (၁၅)ဦးမှ အများဆုံး (၄၀)ဦးကို ဆရာတစ်ဦးနှုန်းဖြင့် သင်ကြားရမည်ဖြစ်၍ ဓမ္မစကူးလ်တစ်ကျောင်းလျှင် အနည်းဆုံးဆရာ (၃)ဦး နှုန်းဖြင့်သင်တန်း တက်ရောက်နိုင်သည်။

၎။ တစ်ပတ်လျှင် တစ်ရက်၊ တစ်ရက်လျှင် သင်ခန်းစာတစ်ခုနှုန်းဖြင့် သင်ခန်းစာ(၄ဝ) ပြီးဆုံးသည် အထိသင်ကြားပေးနိုင်သူဖြစ်ရမည်။

၅။ သင်တန်းတက်ရောက်မည့်သူသည် အသက် (၂၀) မှ (၆၅) အတွင်း သင်ကြားရေးနှင့် ဘာသာရေးကို စိတ်ဝင်စားသူ၊ ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။ (၁၀-တန်းအောင်ပြီး အသက် (၁၈)နှစ်ပြည့်ပြီးဖြစ်ပါက အသက် (၂၀) မပြည့်မီကလည်း တက်ရောက်နိုင်သည်။)

၆။ လူပုဂ္ဂိုလ်များအနည်းဆုံး (၉)တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။ သံဃာတော်နှင့် သီလရှင်များ အနည်းဆုံး ပထမလတ်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။ (အောင်မြင်ကြောင်း ပညာရေး ထောက်ခံစာ တင်ပြနိုင်ရမည်။)

၇။ လိုင်စင်ဓာတ်ပုံ (၃)ပုံနှင့် မှတ်ပုံတင်မိတ္တူ ယူဆောင်လာရမည်။

၈။ သင်တန်းချိန်အတွင်းလူပုဂ္ဂိုလ်များ ယောဂီဝတ်စုံ (သို့မဟုတ်) ဓမ္မစကူးလ်ဝတ်စုံ ဝတ်ဆင်ရမည်။

အလယ်တန်းဆရာဖြစ်သင်တန်း တက်ရောက်မည့် သင်တန်းသား/သူများအတွက် သတ်မှတ်ချက်များ

၁။ ဆရာဖြစ်သင်တန်း တက်ရောက်ပြီးလျှင် တစ်လအတွင်း ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း၊ ဓမ္မာရုံတစ်ခုခုတွင် ဓမ္မစကူးလ်ဆရာအဖြစ် သင်ကြားပေးနိုင်ရမည်။ (အထက်ပါ နေရာများတွင် သင်ကြားရန် အခက်အခဲရှိပါက အခြားသင့်လျော်သော နေရာများ၌ သင်ကြားနိုင်သည်။)

၂။ သင်တန်းတက်မည့်သူသည် ဓမ္မစကူးလ်ဆရာအဖြစ် ပြန်လည်သင်ကြားမည်မှာ မှန်ကန်ကြောင်း ကျောင်းထိုင်ဆရာတော် (သို့မဟုတ်) ဓမ္မစကူးလ်ဖွင့်လှစ်ရာ ဦးဆောင်ပုဂ္ဂိုလ် တစ်ဦးဦး၏ ထောက်ခံစာ ပါရမည်။

၃။ တစ်ပတ်လျှင်တစ်ရက် တစ်ရက်လျှင် သင်ခန်းစာတစ်ခုနှုန်းဖြင့် သင်ခန်းစာ (၄ဝ) ပြီးဆုံးသည်အထိ သင်ကြားနိုင်သူ ဖြစ်ရမည်။

၎။ သင်တန်းတက်မည့်သူသည် အသက် (၂၅) မှ (၆၅) အတွင်း သင်ကြားရေးနှင့် ဘာသာရေး ကို စိတ်ဝင်စားသည့် စာရိတ္တနှင့် ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။ (ဘွဲ့ရပြီးဖြစ်လျှင် အသက် (၂၅) နှစ် မပြည့်မီကလည်း တက်ရောက်နိုင်သည်။)

၅။ လူပုဂ္ဂိုလ်များ အနည်းဆုံး (၁၀) တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။ သံဃာတော်နှင့် သီလရှင်များ အနည်းဆုံး ပထမလတ်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။ (အောင်မြင်ကြောင်း ပညာရေးထောက်ခံစာ တင်ပြရမည်။)

၆။ မူလတန်းဆရာဖြစ်သင်တန်း မတက်ရောက်ရသေးသူများကို ဦးစားပေးရွေးချယ်မည်။ (ဆရာလိုအပ်ချက် ရှိလျှင် မူလတန်းဆရာဖြစ်သင်တန်း တက်ရောက်ပြီးသူများ ဓမ္မစကူးလ်ဆရာအဖြစ် သင်ကြားရေး အတွေ့အကြုံ (၂) နှစ်ရှိသူ ဖြစ်ရမည်။)

၇။ ဘာသာရေးအခြေခံ ဗဟုသုတရှိပြီး သင်ကြားရေး အတွေ့အကြုံရှိသူ ဖြစ်ရမည်။

၈။ လိုင်စင်ဓါတ်ပုံ (၃)ပုံနှင့် မှတ်ပုံတင်မိတ္တူ ယူဆောင်လာရမည်။

၉။ သင်တန်းချိန်အတွင်း လူပုဂ္ဂိုလ်များ ယောဂီဝတ်စုံ ဝတ်ဆင်ရမည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: ဓမ္မစကူးလ်ဖောင်ဒေးရှင်း

News Read 2037 times