Sales Hotline : 09448001653       Download App



အခြေခံပညာကျောင်းများ၊ ရုံးများတွင် လုံခြုံရေးကိစ္စအထူးကြပ်မတ်ဆောင်ရွက်ရန် ညွှန်ကြားထား

အခြေခံပညာကျောင်းများ၊ ရုံးများတွင် လုံခြုံရေးကိစ္စအထူးကြပ်မတ်ဆောင်ရွက်ရန် ညွှန်ကြားထား

နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနလက်အောက်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း (လွိုင်ကော်) ရှိ ET Workshop ဖောက်ထွင်းခံရမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကာလတန်ဖိုး ကျပ်ရှစ်သိန်းကိုးသောင်းခန့် တန်းဖိုးရှိ ပစ္စည်းများ ခိုးယူခံခဲ့ရသည်။

ယင်းကိစ္စကို အခြေခံပညာဦးစီးဌာနသို့လည်းကောင်း အကြောင်းကြားလာသည့်အတွက် အခြေခံပညာဦးစီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းများ၊ ရုံးများတွင် ယင်းကဲ့သို့မဖြစ်ပေါ်စေရန်အတွက် လုံခြုံရေးကိစ္စကို အထူးကြပ်မတ်ဆောင်ရွက်ရန် ညွှန်ကြားထားသည်။

အခြေခံပညာကျောင်းများ၊ ရုံးများအနေဖြင့် စာမေးပွဲကာလတွင် မေးခွန်းလွှာများ သိမ်းဆည်းသည့်အချိန်၊ မေးခွန်းလွှာများပို့ဆောင်ပြီး ကျောင်းများတွင် ထားရှိသည့်အချိန်များနှင့် ကျောင်းပိတ်ရက်များတွင် လုံခြုံရေးကိစ္စများကို အထူးစီမံထားရှိရန် လိုအပ်သည်။

တိုင်းဒေသကြီးပညာရေးမှူးရုံးများ၊ ကျောင်းများကို အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 1820 times