Sales Hotline : 09448001653       Download App



ဆရာ၊ ဆရာမများ ပိုင်ဆိုင်ထားသင့်သော အရည်အချင်းများ

ဆရာ၊ ဆရာမများ ပိုင်ဆိုင်ထားသင့်သော အရည်အချင်းများ

**Unicode**

၁. အစဉ်အမြဲ တိုးတက်နေရန်လိုအပ်ခြင်း

သိပ္ပံနဲ့နည်းပညာ တိုးတက်နေတဲ့ ခေတ်ကြီးကို အမှီလိုက်နိုင်ဖို့ အတွက် ဆရာဆရာမများဟာ အစဉ်အမြဲ တိုးတက်နေဖို့ လိုပါတယ်။ ဗဟုသုတ အတွက်ရော စဉ်းစားဉာဏ်အတွက်ပါ အမြဲ တိုးတက်နေဖို့ လိုအပ် ပါလိမ့်မယ်။ စာကောင်းပေကောင်း များများ ဖတ်ရှုခြင်း၊ စာဖတ်မှတ်စုများ ပြုစုခြင်း၊ အင်တာနက်၊ စာကြည့်တိုက် နဲ့ ကွန်ပြူတာ များကို အသုံးပြုပြီး စူးစမ်းလေ့လာခြင်း စသည်တို့ကို ကြိုးစားနေဖို့ လိုပါတယ်။

၂. ဝန်ဆောင်မှု စိတ်ထားမွေးမြူခြင်း

ခေတ်သစ်ပညာရေးအရ ဆရာဆရာမများရဲ့ တာဝန်ဟာ ကျောင်းသားများကို ပညာသင်ပေးခြင်းသက်သက် မဟုတ်တော့ဘဲ ကျောင်းသားများ ကိုယ်တိုင်လေ့လာတတ်တဲ့ အကျင့် ပြုစုပျိုးထောင် ပေးခြင်း၊ လေ့လာသင်ယူ လိုစိတ် နိူးကြားထကြွစေခြင်း၊ ဖန်တီးမူအမြင် ပျိုးထောင်ပေးခြင်း စသည်တို့ ဖြစ်ပေါ်လာရန်အတွက် ဆရာဆရာများရဲ့ ဝန်ဆောင်မူ စိတ်ထားဟာ အလွန်အရေးကြီးလာပါတယ်။

သင်ကြားမူ ဆိုတာ ကျောင်းသားများနားလည်အောင် အဖန်တလဲလဲ ရှင်းပြသင်ပြပေးခြင်းကိုဆိုလိုပြီး ပညာရေးဝန်ဆောင်မူဆိုတာ ကျောင်းသားများ ရဲ့ ပါရမီလိုအပ်ချက်ကို ဖြည့်တင်းထောက်ပံ ပေးတဲ့ သဘောကို ဆိုလိုပါတယ်။

၃. အသစ်ဖန်တီးတတ်ခြင်း

ဆရာဆရာမများဟာ မိမိသင်သော သင်ခန်းစာများ အပေါ် ဆက်စပ်တွေးခေါ်တတ်ခြင်း၊ တစ်မိုဒ်ပြရင် တစ်တောင်မြင်တတ်ခြင်း၊ ပိုင်းခြားစိတ်ဖြာတတ်ခြင်း၊ ထိုးထွင်းသိမြင်တတ်ခြင်း စသည့် အရည်အချင်းများကို ပိုင်ဆိုင်ကြပါတယ်။ မိမိသင်ကြားမည့် သင်ခန်းစာကို သမားရိုးကျ ပုံစံမျိုး နဲ့ မသင်ပဲ အခန်းထဲက ကျောင်းသားများအတွက် သင့်တော်တဲ့ သင်ကြားမူပုံစံ အသစ်ဖန်တီး တတ်ရပါ့မယ်။

၄. သင်ရိုးညွန်းတန်း အသစ်ကို ရေးဆွဲတတ်ခြင်း

ဆရာဆရာမများဟာ ပုံစံဟောင်းအတိုင်း “၏သည်” မရွေး သင်ပြစရာ မလိုတော့ပါ။ သင်ခန်းစာများကို ခြုံငုံနားလည်ဖို့ လိုတိုးပိုလျှော့နည်းလမ်းဖြင့် သင်ရိုးညွန်းများကို ကျောင်းသားများလိုအပ်ချက်နဲ့ အညီ ပြုပြင် အသုံးပြု ရေးဆွဲပြီး သင်ကြားပေးနိုင်အောင် ရေးဆွဲတတ်ရပါ့မယ်။

၅. မှန်ကန်စွာ အကဲဖြတ်တတ်ခြင်း

ကျောင်းသူကျောင်းသားများကို လေးစားပါမှ မှန်မှန်ကန်ကန် အကဲဖြတ်တတ်မှာဖြစ်ပြီး ကျောင်းသားများရဲ့ အားသာချက် အားနည်းချက် ကိုသိရှိပြီး ဘယ်လိုအားပေးကူညီရင်ဖြင့် ပိုမိုကြိုးစားလာအောင် တွန်းအားပေးလို့ရတယ်ဆိုတာ ပြုလုပ်ပေးသင့်ပါတယ်။

၆. လေးစားတတ်ခြင်း

ကျောင်းသူကျောင်းသားများကို လေးစားတတ်ရန်လိုအပ်ပါတယ်။ ကျောင်းသား/သူများကို တန်းတူညီတူ သဘောထားဆက်ဆံရမှာ ဖြစ်ပါတယ်။ ဘယ်ကျောင်းသားကိုမှ မမုန်းဘူး၊ စိတ်မခုဘူး၊ ဘယ်လိုအခြေအနေမျိုးမှာမှ ဘယ်လို ကျောင်းသားမျိုးကိုမှ လက်မလွတ်တတ်တဲ့ ဆရာဆရာမများ ဖြစ်အောင် ကြိုးစားကြရမှာဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

 

**Zawgyi**

၁. အစဥ္အၿမဲ တိုးတက္ေနရန္လိုအပ္ျခင္း

သိပၸံနဲ႔နည္းပညာ တိုးတက္ေနတဲ့ ေခတ္ႀကီးကို အမွီလိုက္ႏိုင္ဖို႔ အတြက္ ဆရာဆရာမမ်ားဟာ အစဥ္အၿမဲ တိုးတက္ေနဖို႔ လိုပါတယ္။ ဗဟုသုတ အတြက္ေရာ စဥ္းစားဥာဏ္အတြက္ပါ အၿမဲ တိုးတက္ေနဖို႔ လိုအပ္ ပါလိမ့္မယ္။ စာေကာင္းေပေကာင္း မ်ားမ်ား ဖတ္ရႈျခင္း၊ စာဖတ္မွတ္စုမ်ား ျပဳစုျခင္း၊ အင္တာနက္၊ စာၾကည့္တိုက္ နဲ႔ ကြန္ျပဴတာ မ်ားကို အသံုးျပဳၿပီး စူးစမ္းေလ့လာျခင္း စသည္တို႔ကို ႀကိဳးစားေနဖို႔ လိုပါတယ္။

၂. ၀န္ေဆာင္မႈ စိတ္ထားေမြးျမဴျခင္း

ေခတ္သစ္ပညာေရးအရ ဆရာဆရာမမ်ားရဲ႕ တာ၀န္ဟာ ေက်ာင္းသားမ်ားကို ပညာသင္ေပးျခင္းသက္သက္ မဟုတ္ေတာ့ဘဲ ေက်ာင္းသားမ်ား ကိုယ္တိုင္ေလ့လာတတ္တဲ့ အက်င့္ ျပဳစုပ်ဳိးေထာင္ ေပးျခင္း၊ ေလ့လာသင္ယူ လိုစိတ္ ႏိူးၾကားထၾကြေစျခင္း၊ ဖန္တီးမူအျမင္ ပ်ဳိးေထာင္ေပးျခင္း စသည္တို႔ ျဖစ္ေပၚလာရန္အတြက္ ဆရာဆရာမ်ားရဲ႕ ၀န္ေဆာင္မူ စိတ္ထားဟာ အလြန္အေရးႀကီးလာပါတယ္။

သင္ၾကားမူ ဆိုတာ ေက်ာင္းသားမ်ားနားလည္ေအာင္ အဖန္တလဲလဲ ရွင္းျပသင္ျပေပးျခင္းကိုဆိုလိုၿပီး ပညာေရး၀န္ေဆာင္မူဆိုတာ ေက်ာင္းသားမ်ား ရဲ႕ ပါရမီလိုအပ္ခ်က္ကို ျဖည့္တင္းေထာက္ပံ ေပးတဲ့ သေဘာကို ဆိုလိုပါတယ္။

၃. အသစ္ဖန္တီးတတ္ျခင္း

ဆရာဆရာမမ်ားဟာ မိမိသင္ေသာ သင္ခန္းစာမ်ား အေပၚ ဆက္စပ္ေတြးေခၚတတ္ျခင္း၊ တစ္မိုဒ္ျပရင္ တစ္ေတာင္ျမင္တတ္ျခင္း၊ ပိုင္းျခားစိတ္ျဖာတတ္ျခင္း၊ ထိုးထြင္းသိျမင္တတ္ျခင္း စသည့္ အရည္အခ်င္းမ်ားကို ပိုင္ဆိုင္ၾကပါတယ္။ မိမိသင္ၾကားမည့္ သင္ခန္းစာကို သမားရိုးက် ပံုစံမ်ဳိး နဲ႔ မသင္ပဲ အခန္းထဲက ေက်ာင္းသားမ်ားအတြက္ သင့္ေတာ္တဲ့ သင္ၾကားမူပံုစံ အသစ္ဖန္တီး တတ္ရပါ့မယ္။

၄. သင္ရိုးညြန္းတန္း အသစ္ကို ေရးဆြဲတတ္ျခင္း

ဆရာဆရာမမ်ားဟာ ပံုစံေဟာင္းအတိုင္း “၏သည္” မေရြး သင္ျပစရာ မလိုေတာ့ပါ။ သင္ခန္းစာမ်ားကို ၿခံဳငံုနားလည္ဖို႔ လိုတိုးပိုေလ်ွာ့နည္းလမ္းျဖင့္ သင္ရိုးညြန္းမ်ားကို ေက်ာင္းသားမ်ားလိုအပ္ခ်က္နဲ႔ အညီ ျပဳျပင္ အသံုးျပဳ ေရးဆြဲၿပီး သင္ၾကားေပးႏိုင္ေအာင္ ေရးဆြဲတတ္ရပါ့မယ္။

၅. မွန္ကန္စြာ အကဲျဖတ္တတ္ျခင္း

ေက်ာင္းသူေက်ာင္းသားမ်ားကို ေလးစားပါမွ မွန္မွန္ကန္ကန္ အကဲျဖတ္တတ္မွာျဖစ္ၿပီး ေက်ာင္းသားမ်ားရဲ႕ အားသာခ်က္ အားနည္းခ်က္ ကိုသိရိွၿပီး ဘယ္လိုအားေပးကူညီရင္ျဖင့္ ပိုမိုႀကိဳးစားလာေအာင္ တြန္းအားေပးလို႔ရတယ္ဆိုတာ ျပဳလုပ္ေပးသင့္ပါတယ္။

၆. ေလးစားတတ္ျခင္း

ေက်ာင္းသူေက်ာင္းသားမ်ားကို ေလးစားတတ္ရန္လိုအပ္ပါတယ္။ ေက်ာင္းသား/သူမ်ားကို တန္းတူညီတူ သေဘာထားဆက္ဆံရမွာ ျဖစ္ပါတယ္။ ဘယ္ေက်ာင္းသားကိုမွ မမုန္းဘူး၊ စိတ္မခုဘူး၊ ဘယ္လိုအေျခအေနမ်ဳိးမွာမွ ဘယ္လို ေက်ာင္းသားမ်ဳိးကိုမွ လက္မလြတ္တတ္တဲ့ ဆရာဆရာမမ်ား ျဖစ္ေအာင္ ႀကိဳးစားၾကရမွာျဖစ္ပါတယ္။

မိမိတို႔ တက္ေရာက္လုိသည့္ သင္တန္းေက်ာင္းမ်ားႏွင့္ ပုဂၢလိက တကၠသိုလ္မ်ားကို ရွာေဖြလိုပါက ဒီ Link မွာရွာေဖြႏိုင္ပါသည္။

ပညာေရးလမ္းညႊန္ website တြင္ ပါ၀င္ေသာ သင္တန္းမ်ား၊ ေက်ာင္းမ်ား၊ Scholarship၊ Knowledge မ်ားႏွင့္ ပတ္သက္ေသာ အခ်က္အလက္မ်ားကို ၀င္ေရာက္ရွာေဖြ ဖတ္ရႈႏိုင္ပါတယ္။

Tips Read 2600 times