Sales Hotline : 09448001653       Download App
ငယ်ရွယ်တဲ့အချိန်မှာ ပညာကိုဘာကြောင့် အမှန်တကယ်သင်ယူသင့်သလဲ
ငယ်ရွယ်တဲ့အချိန်မှာ ပညာကိုဘာကြောင့် အမှန်တကယ်သင်ယူသင့်သလဲ
နားလည်သွားမှာပါ။
**Unicode**
ငယ်စဉ်အခါ ပညာရှာဆိုတဲ့အတိုင်း ကျွန်တော်တို့ကိုမိဘမားက ပညာသင်ကြားရန် စတင်ကျောင်းအပ်နှံကြသည်။”ကျောင်း” ဆိုတာက ကျွန်တော်တို့ရဲ့ဘဝမှာအရေးပါတဲအစိတ်အပိုင်းတစ်ခုအဖြစ် ဖြစ်တည်ခဲ့တယ်။
မူလတန်းမှ စပြီးတက္ကသိုလ် တန်းအောင်မြင်သည့်အထိ ကျွန်တော်တို့ အချိန်ပေါင်းများစွာ အချိန်ပေးပြီး ပညာကိုသင်ယူခဲ့ကြရတယ်။
အဲ့ဒီလိုအချိန်တွေအများကြီးပေးဆပ်ပြီး သင်ကြားခဲ့ရတဲ့ ပညာရပ်များမှာ ကျွန်တော်တို့အတွက် အကျိုးရှိတာတွေ အများအပြားရှိခဲ့တယ်။
Computer Applications (480) Computer Applications နှင့်ပတ်သက်ပြီး သင်တန်း (480) ခုရှာရန်နှိပ်ပါ။
ကျွန်တော်တို့သာ အသုံးချတတ်လျှင် ဘယ်လိုပညာမျိုးမဆို အကျိုးရှိသွားပေလိမ့်မယ်။ အသုံးမချတတ်ဘူးဆိုရင်ဘယ်လောက်ပဲ ဘွဲ့တွေ ဒီဂရီတွေ ယူထားပါစေ အကျိုးရှိလာမှာမဟုတ်ပါဘူး။
ထိုကဲ့သို့အကျိုးရှိစွာ အသုံးချနိုင်ဖို့အတွက် ငယ်စဉ်ကပင်ပညာကို သေချာစွာ သင်ယူခဲ့သင့်ပေတယ်။ ကျွန်တော်တို့သိထားတဲ့ကျောင်းဆိုတာ အတတ်ပညာတစ်ခုထဲ သင်ကြားပေးနေတဲ့ နေရာမဟုတ်ပါဘူး။ အတတ်နိုင်ဆုံးဘက်စုံဖြစ်အောက် ကြိုးစားသင်ပေးနေတဲ့
နေရာတစ်ခုဆိုမမှားနိုင်ပါဘူး။
ကလေးသူငယ်တွေ လူရည်မွန်ဖြစ်လာအောင်၊ အသိပညာတိုးတက်လာအောင်၊ပြင်ပဗဟုသုတပြည်စုံလာအောင်၊ လူမူဆက်ဆံရေး ယဉ်ကျေးကောင်းမွန်လာအောင် အစရှိတာတွေကို အဖက်ဖက်က တွန်းတင်ပေးနေတဲ့နေရာတစ်ခုပါ။
Computer Training (232) Computer Training နှင့်ပတ်သက်ပြီး သင်တန်း (232) ခုရှာရန်နှိပ်ပါ။
အသေးစိတ်သင်ကြားပေးသမျှကို ကျွန်တော်တို့ အမှန်တကယ်သာ လုပ်ဆောင်နိုင်ဖို့ခိုအပ်တာပါ။အများကြီးတွေးနေစရာမလိုပါဘူး။ ယှဉ်ကြည့်လိုက်ပါ အမှန်တကယ်ပညာကိုသင်ယူခဲ့တယ်ဆိုရင် ကျွန်တော်တို့ လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါမှာ အချိန်ခနလေးနဲ့ လုပ်ငန်းရဲ့သဘောတရားကို
နားလည်သွားမှာပါ။
မိဘများသွားရောက်အပ်နှံပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ ငယ်စဉ်ကကျောင်းသားဘဝ ကိုအမှန်တကယ် သေချာစွာသင်ယူမယ်ဆိုရင်“ ကြိုးစားနေတဲ့ မင်းဘဝ၊ ရုန်းကန်နေရတဲ့ မင်းမိဘ၊ စောင့်ကြည့်နေကြတဲ့ မင်းအသိုင်းအဝိုင်းကြားမှာ ခေါင်းမော့နိုငအောင် မင်းကိုယ်တိုင်ကြိုးစားလိုက်ပါ”
လို့တိုက်တွန်းချင်ပါတယ်။
မိဘများအနေဖြင့်လည်း မိမိတို့၏သားသမီးလေးများကို ငယ်ရွယ်ချိန်မှစပြီး ပညာကိုသေချာစွာ သင်ယူရန် တိုက်တွန်းလိုပါတယ်။
(မိမိ၏ဘဝအတွေးအမြင်ပေါင်းစု၍ ရေးသားခြင်းဖြစ်ပါသည်။)
Author: Phyoe Hthazin Shwe
Tips Read 3015 times