Sales Hotline : 09448001653       Download App



Dulwich College Yangon မှမြန်မာ့ပထမဆုံး နိုင်ငံတကာအဆင့်မီ Boarding House ဖွင့်လှစ်

Dulwich College Yangon မှမြန်မာ့ပထမဆုံး နိုင်ငံတကာအဆင့်မီ Boarding House ဖွင့်လှစ်

**Unicode**

 

ဗြိတိသျှနိုင်ငံအခြေစိုက်ဖြစ်သော နိုင်ငံတကာအဆင့်မီ ကျောင်းတစ်ခုဖြစ်သည့် Dulwich College Yangon (DCY) သည် ၎င်း၏ ဝန်ဆောင်မှုအသစ်ဖြစ်သော ကျောင်းအိပ် ကျောင်းစားဘော်ဒါဆောင် (International Boarding School) ကို ၂၀၁၉ ခုနှစ် သြဂုတ်လမှစ၍ ဖွင့်လှစ်ခဲ့ပြီး ဘော်ဒါဆောင်ကျောင်းသား/သူများအား နိုင်ငံတကာအဆင့်မီ ကျောင်းဆောင်ကြီးမှ ကြိုဆိုလက်ခံခဲ့ပါသည်။

Dulwich College Yangon ၏ ကျောင်းအုပ်ဆရာကြီးဖြစ်သူ Mr.Daryl Orchard က “ကျောင်းသူကျောင်းသားတွေကို ဦးစားပေးစဉ်းစားပေးခြင်းက Dulwich College Yangon ရဲ့ ဦးစားပေးကိစ္စနဲ့ အလေ့အကျင့်ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်သမျှကိစ္စတိုင်းကို ကျောင်းသူကျောင်းသားတွေအတွက် အဓိကဦးစားပေးလုပ်ဆောင်ပါတယ်။ ဒီစကားနဲ့ အညီ Dulwich ရဲ့ အဆင့်မြင့်ပညာရေးကို သင်ယူနိုင်ရန် ရန်ကုန်မှာရှိတဲ့ ကျောင်းသားကျောင်းသူများ၏ မိဘအုပ်ထိန်းသူများတင်မကဘဲ မြန်မာတစ်နိုင်ငံလုံး နဲ့ တခြားဒေသတွေမှာရှိတဲ့ ကျောင်းသားကျောင်းသူတွေပါ ရရှိနိုင်စေဖို့ ပထမဆုံးသော နိုင်ငံတကာ အဆင့်မီ ကျောင်းအိပ်ကျောင်းစားဘော်ဒါဆောင်ကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်" ဟုပြောသည်။

“အိမ်ကဲ့သို့ နွေးထွေးစောင့်ရှောက်မှုတွေပေးမယ့် အိမ်ကလေး" ဟူသောပြောကြားချက်နှင့်အညီ DCY ၏ ဘော်ဒါကျောင်းသားကျောင်းသူများသည် သက်တောင့်သက်သာရှိသော အိပ်ခန်းဆောင်၊ နားနေနိုင်သည့် စုပေါင်းခန်း၊ မီးဖိုခန်းနှင့် ထမင်းစားခန်းများပါဝင်သည့် နေအိမ်တစ်ခုကဲ့သို့ အတွေ့အကြုံများကိုပေးမည့် နိုင်ငံတကာအဆင့်မီ အဆောင်များနှင့် နေထိုင်ရမည်ဖြစ်သည်။

Dulwich College Yangon ကြယ်စင်မြို့တော်ကျောင်းဝင်း၏ ဘော်ဒါဆောင်မှူးဖြစ်သူ Mr. Adrian Jordan က “ဘော်ဒါကျောင်းဆောင်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ တခြားမြို့များက ကျောင်းသားကျောင်းသူတွေရော တခြားနိုင်ငံကကျောင်းသားတွေ ပါ လက်ခံနေတဲ့ ယဉ်ကျေးမှုအစုံ ရှိနေတဲ့ကျောင်းဖြစ်ပါတယ်၊ အခု လက်ရှိမှာ ရန်ကုန်ကနေ လာရောက်နေထိုင်တဲ့ ကျောင်းသားကျောင်းသူတွေအပြင်၊ မော်လမြိုင်နဲ့ မွန်ပြည်နယ်က ကျောင်းသားကျောင်းသူတွေပါ လက်ခံရရှိထားပါတယ်” ဟု ပြောသည်။

“ကျောင်းသားကျောင်းသူတွေအားလုံးဟာ တစ်နေ့မှာ နိုင်ငံရပ်ခြားမှာ ပညာဆက်လက်သင်ယူဖို့ ရည်မှန်းလုပ်ဆောင်နေကြသူတွေဖြစ်တဲ့အတွက် ကျွန်တော်တို့က သူတို့တွေကို အချင်းချင်းရင်းနှီးခင်မင်မှုတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးမှုနဲ့ အမှီအခိုကင်းမှုတွေ၊ မှန်ကန်တဲ့ရွေးချယ်မှုတွေပြုလုပ်တတ်ပြီး အရေးကြီးတဲ့ လူမှုရေးကိစ္စရပ်တွေကို လေ့လာနိုင်ဖို့ အပြည့်အဝ ထောက်ကူပျိုးထောင်ပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားတွေကို ကမ္ဘာ့ဘယ်နေမှာမဆို ဝင်ဆံ့နိုင်မယ့် ကျွမ်းကျင်မှုနဲ့ ပညာတွေကို ရရှိစေချင်ပါတယ် " ဟုဆက်လက်ပြောကြားသည်။

Boarding School အနေနှင့် အချိန်ပြည့်၊ အပတ်စဉ်နှင့် အခြားဟူ၍ အမျိုးအစား ၃ မျိုးရှိပြီး၊ အချိန်ပြည့် ဘော်ဒါကျောင်းသည် ရည်ရှည်ကျောင်းပိတ်ရက်နှင့် တရားဝင် ပိတ်ရက်များမှာသာ အိမ်ပြန်သော ကျောင်းသားကျောင်းသူများ အတွက် ဖြစ်သည်။ အပတ်စဉ်ဘော်ဒါကျောင်းသည် တနင်္လာမှ သောကြာအထိသာ အဆောင်မှာနေပြီး စနေ၊ တနင်္ဂနွေ အိမ်ပြန်သော စာသင်သားများအတွက်ဖြစ်ပြီး အခြားအမျိုးအစားမှာမူ အခြေအနေပေါ်တွင် မူတည်ပြီး တစ်ပတ်တွင် တစ်ည သို့ နှစ်ညသာ လာရောက်နေနိုင်သည့် အဆောင်များဖြစ်သည်။

ပညာရေးခရီးတွင် ဘော်ဒါဆောင်အတွေ့အကြုံကို စမ်းသပ်ကြည့်ချင်သူ ကျောင်းသားကျောင်းသူများအတွက် ကြိုတင် အကြောင်းကြားပါက တစ်ညတာ ကျောင်းအိပ်ကျောင်းစား အတွေ့အကြုံကို ရယူနိုင်မည့် Boarding Taster Session ကိုလည်းစီစဉ်ထားသည်။

Dulwich College Yangon ဘော်ဒါ၏ အကြမ်းဖျင်း အချိန်စာရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

“Dulwich College Yangon ရဲ့ ပထမဆုံး ဘော်ဒါကျောင်းသားကျောင်းသူများဟာ ဒီနေ့ခေတ်ရဲ့ ရှေ့ဆောင်များဖြစ်ကြပါတယ်။ ကျောင်းသား/သူ တွေဟာ လွတ်လပ်အမီခိုကင်းပြီး မိသားစုသဖွယ်ဖြစ်နေတဲ့ ကျောင်းဆောင်များမှာ နေထိုင်ပြီး တစ်နေ့မှာ လူမှုအဖွဲ့အစည်းရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တွေဖြစ်လာဖို့နဲ့ ကမ္ဘာအတွက် အပြောင်းအလဲတွေ ပြုလုပ်ဖို့ စိတ်ဓာတ်အင်အားတွေနဲ့ ကျွမ်းကျင်မှုအရည်အသွေးတွေကို တည်ဆောက်ဖို့ အခွင့်အရေးတွေကို တွေ့ကြုံရမှာပါ " ဟု Mr.Daryl Orchard ကပြောသည်။

Dulwich College Yangon ၏ ဘော်ဒါဆောင်ကို ရန်ကုန်မြို့ ကြယ်စင်အိမ်ယာ (Star City) တွင် ဖွင့်လှစ်ထားသည်။ ကြယ်စင်အိမ်ယာရှိ Dulwich College Yangon တွင် မီတာ ၅၀ အရွယ် အိုလံပစ်အရွယ်အစား ရေကူးကန်၊ လေ့ကျင့်ရေးရေကူးကန်၊ gym အားကစားရုံ၊ မီတာ ၄၀၀ ကျယ်ဝန်းသော ကစားကွင်းနှင့် ဂေါက်ကွင်း အသုံးပြုခွင့်တို့ ပါရှိပြီး ရန်ကုန်မြို့လည်ခေါင်နှင့် မိနစ် ၃၀ ခန့် ခရီးသာ ကွာဝေးသောနေရာတွင် တည်ရှိပါသည်။

Dulwich College Yangon (DCY) အကြောင်း

DCY သည် ပညာရေးသီးသန့် ဗြိတိသျှနိုင်ငံအခြေစိုက် နိုင်ငံတကာ စာသင်ကျောင်းဖြစ်ပြီး ရန်ကုန်မြို့တွင် ကြယ်စင်အိမ်ယာ (Star City) နှင့် ပန်းလှိုင်အိမ်ယာတွင် ကျောင်းခွဲနှစ်ခုထားရှိကာ Dulwich College Yangon ၏ ပန်းလှိုင်ကျောင်းကို ပန်းလှိုင်အိမ်ယာဝန်းအတွင်း ၁၂ ဧက ကျယ်ဝန်းသောကျောင်းဝင်းအတွင်း ၂၀၁၅ ခုနှစ် သြဂုတ်လအတွင်းက ဖွင့်လှစ်ခဲ့ပါသည်။  ကြယ်စင်အိမ်ယာ (Star City) တွင် ၎င်း၏ လူနေအိမ်ယာရှိ ဧက (၂၀) ကျယ်ဝန်းသော ကွင်းပြင်တွင် ၂၀၁၇ ခုနှစ်သြဂုတ်လတွင်စတင်ဖွင့်လှစ်ခဲ့သည်။ ကျောင်းနှစ်ေျကျာင်းစလုံးတွင် တစ်နှစ်ပတ်လုံး ကျောင်းဝင်ခွင့်အပ်နှံနိုင်ပြီး လမ်းလျှောက်တက်ကာစအရွယ်မှ စ၍ Year 10 (အသက် ၂ နှစ်မှ ၁၅ နှစ်)ထိ လက်ခံလျက်ရှိပါသည်။ပညာသင်နှစ်တစ်နှစ်တိုးတိုင်း တစ်တန်းတိုး၍ ဖွင့်လှစ်သွားမည်ဖြစ်ရာ Year 13 (အသက် ၁၈) နှစ်အထိ လက်ခံသင်ကြားသွားမည်ဖြစ်ပါသည်။

Dulwich College Yangon သည် သင်ရိုးနှင့် ထုံးတမ်းဓလေ့များကိုပါ ဗြိတိသျှသင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပြီး ယင်ကြောင့်ပင် International General Certificates of Secondary education (IGCSEs) ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ကျောင်း၏ အဓိကဘာသာစကားမှာ အင်္ဂလိပ်ဖြစ်ပြီး သင်ရိုး၏ အဓိကကျသော အပိုင်းကဏ္ဍများတွင် မြန်မာနှင့် မန်ဒရင်း (တရုတ်) ဘာသာစကားကိုပါ ထည့်သွင်းထားပါသည်။ Dulwich College Yangon သည်လန်ဒန်မြို့ရှိ Dulwich College ၏ ကြီးကြပ်မှုအောက်တွင်ရှိပြီး Dulwich College အပြည်ပြည်ဆိုင်ရာ မိသားစုကျောင်းများအဖွဲ့၏ အဖွဲ့ဝင်ကျောင်းတစ်ကျောင်းလည်းဖြစ်ပါသည်။

အခြားသိရှိလိုသည်များရှိပါကhttp://yangon.dulwich.org တွင် ကြည့်ရှုနိုင်ပါသည်။

Dulwich College International (DCI) အကြောင်း

DCI သည် အသက် ၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသားကျောင်းသူများအတွက် သင်ကြားပေးသောပညာရေးသီးသန့် အပြည်ပြည်ဆိုင်ရာ ကျောင်းအစုအဖွဲ့တစ်ခုဖြစ်သည်။ ၂၀၀၃ ခုနှစ်မှစ၍ Shanghai, Beijing, Suzhou, Seoul, Singapore နှင့် Yangon တို့တွင် အပြည်ပြည်ဆိုင်ရာ ကျောင်းသားကျောင်းသူများအတွက် ကျောင်းခွဲများကို ဖွင့်လှစ်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် Zhuhai နှင့် Suzhou တို့တွင် အပြည်ပြည်ဆိုင်ရာ အထက်တန်းကျောင်းများ ဖွင့်လှစ်ခဲ့သည်။ DCI အဖွဲ့ဝင် ကျောင်းများသည် နိုင်ငံတကာပညာရေးကျောင်းများ အကြားတွင် အစဉ်အလာရှိ နာမည် ကြီးသော ကျောင်းများဖြစ်သည်။ ၂၀၁၉ ခုနှစ် တွင် IB average 36.4 ရရှိခဲ့သည်။ နှစ်စဉ်နှစ်တိုင်း DCI ကျောင်းများမှ အောင်မြင်သူများ

အခြားသိရှိလိုသည်များရှိပါကhttp://dulwich.org တွင်ကြည့်ရှုနိုင်ပါသည်။

မီဒီယာ စုံစမ်းမေးမြန်းလိုမှုများအတွက် ဆက်သွယ်ရန်

Dulwich College Yangon

Adrian Jordan

+959 446427671

adrian.jordan@dulwich-yangon.

May The Oo

[email protected].

+959 264 457 547

Black Knight Media

Chit Hnin Aye

chithninaye@

+959 979 531 948

Seint San Aye

seint@blackknightmediagroup.

+959 799 893 685

Source: Dulwich College
 

 

**Zawgyi**

ၿဗိတိသွ်ႏိုင္ငံအေျခစိုက္ျဖစ္ေသာ ႏိုင္ငံတကာအဆင့္မီ ေက်ာင္းတစ္ခုျဖစ္သည့္ Dulwich College Yangon (DCY) သည္ ၄င္း၏ ဝန္ေဆာင္မႈအသစ္ျဖစ္ေသာ ေက်ာင္းအိပ္ ေက်ာင္းစားေဘာ္ဒါေဆာင္ (International Boarding School) ကို ၂၀၁၉ ခုႏွစ္ ၾသဂုတ္လမွစ၍ ဖြင့္လွစ္ခဲ့ၿပီး ေဘာ္ဒါေဆာင္ေက်ာင္းသား/သူမ်ားအား ႏိုင္ငံတကာအဆင့္မီ ေက်ာင္းေဆာင္ႀကီးမွ ႀကိဳဆိုလက္ခံခဲ့ပါသည္။

 

Dulwich College Yangon ၏ ေက်ာင္းအုပ္ဆရာႀကီးျဖစ္သူ Mr.Daryl Orchard က “ေက်ာင္းသူေက်ာင္းသားေတြကိုု ဦးစားေပးစဥ္းစားေပးျခင္းက Dulwich College Yangon ရဲ႕ ဦးစားေပးကိစၥနဲ႔ အေလ့အက်င့္ျဖစ္ပါတယ္။ ကၽြန္ေတာ္တိုု႔ လုုပ္ေဆာင္သမွ်ကိစၥတိုုင္းကို ေက်ာင္းသူေက်ာင္းသားေတြအတြက္ အဓိကဦးစားေပးလုုပ္ေဆာင္ပါတယ္။ ဒီစကားနဲ႔ အညီ Dulwich ရဲ႕ အဆင့္ျမင့္ပညာေရးကိုု သင္ယူႏုိင္ရန္ ရန္ကုုန္မွာရွိတဲ့ ေက်ာင္းသားေက်ာင္းသူမ်ား၏ မိဘအုပ္ထိန္းသူမ်ားတင္မကဘဲ ျမန္မာတစ္ႏိုုင္ငံလံုုး နဲ႔ တျခားေဒသေတြမွာရွိတဲ့ ေက်ာင္းသားေက်ာင္းသူေတြပါ ရရွိႏိုုင္ေစဖိုု႔ ပထမဆံုးေသာ ႏိုုင္ငံတကာ အဆင့္မီ ေက်ာင္းအိပ္ေက်ာင္းစားေဘာ္ဒါေဆာင္ကို ဖြင့္လွစ္ရျခင္းျဖစ္ပါတယ္" ဟုေျပာသည္။

 

အိမ္ကဲ့သုုိ႔ ေႏြးေထြးေစာင့္ေရွာက္မႈေတြေပးမယ့္ အိမ္ကေလး" ဟူေသာေျပာၾကားခ်က္ႏွင့္အညီ DCY ၏ ေဘာ္ဒါေက်ာင္းသားေက်ာင္းသူမ်ားသည္ သက္ေတာင့္သက္သာရွိေသာ အိပ္ခန္းေဆာင္၊ နားေနႏိုင္သည့္ စုေပါင္းခန္း၊ မီးဖိုခန္းႏွင့္ ထမင္းစားခန္းမ်ားပါဝင္သည့္ ေနအိမ္တစ္ခုကဲ့သို႔ အေတြ႕အႀကံဳမ်ားကိုေပးမည့္ ႏိုင္ငံတကာအဆင့္မီ အေဆာင္မ်ားႏွင့္ ေနထိုင္ရမည္ျဖစ္သည္။

 

Dulwich College Yangon ၾကယ္စင္ၿမိဳ႕ေတာ္ေက်ာင္းဝင္း၏ ေဘာ္ဒါေဆာင္မွဴးျဖစ္သူ Mr. Adrian Jordan က “ေဘာ္ဒါေက်ာင္းေဆာင္ဟာ ျမန္မာႏိုုင္ငံမွာရွိတဲ့ တျခားၿမိဳ႕မ်ားက ေက်ာင္းသားေက်ာင္းသူေတြေရာ တျခားႏိုုင္ငံကေက်ာင္းသားေတြ ပါ လက္ခံေနတဲ့ ယဥ္ေက်းမႈအစံု ရွိေနတဲ့ေက်ာင္းျဖစ္ပါတယ္၊ အခု လက္ရွိမွာ ရန္ကုုန္ကေန လာေရာက္ေနထိုုင္တဲ့ ေက်ာင္းသားေက်ာင္းသူေတြအျပင္၊ ေမာ္လၿမိဳင္နဲ႔ မြန္ျပည္နယ္က ေက်ာင္းသားေက်ာင္းသူေတြပါ လက္ခံရရွိထားပါတယ္” ဟုု ေျပာသည္။

 

ေက်ာင္းသားေက်ာင္းသူေတြအားလံုးဟာ တစ္ေန႔မွာ ႏိုင္ငံရပ္ျခားမွာ ပညာဆက္လက္သင္ယူဖို႔ ရည္မွန္းလုပ္ေဆာင္ေနၾကသူေတြျဖစ္တဲ့အတြက္ က်ြန္ေတာ္တို႔က သူတို႔ေတြကို အခ်င္းခ်င္းရင္းႏွီးခင္မင္မႈေတြ၊ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္အားကိုးမႈနဲ႔ အမွီအခိုကင္းမႈေတြ၊ မွန္ကန္တဲ့ေရြးခ်ယ္မႈေတြျပဳလုပ္တတ္ၿပီး အေရးႀကီးတဲ့ လူမႈေရးကိစၥရပ္ေတြကို ေလ့လာႏိုင္ဖို႔ အျပည့္အဝ ေထာက္ကူပ်ိဳးေထာင္ေပးမွာျဖစ္ပါတယ္။ က်ြန္ေတာ္တို႔ ေက်ာင္းသားေတြကို ကမ႓ာ႕ဘယ္ေနမွာမဆို ဝင္ဆံ့ႏိုင္မယ့္ က်ြမ္းက်င္မႈနဲ႔ ပညာေတြကို ရရွိေစခ်င္ပါတယ္ " ဟုဆက္လက္ေျပာၾကားသည္။

Boarding School အေနႏွင္႔ အခ်ိန္ျပည့္၊ အပတ္စဥ္ႏွင့္ အျခားဟူ၍ အမိ်ဳးအစား ၃ မ်ိဳးရွိၿပီး၊ အခ်ိန္ျပည့္ ေဘာ္ဒါေက်ာင္းသည္ ရည္ရွည္ေက်ာင္းပိတ္ရက္ႏွင့္ တရား၀င္ ပိတ္ရက္မ်ားမွာသာ အိမ္ျပန္ေသာ ေက်ာင္းသားေက်ာင္းသူမ်ား အတြက္ ျဖစ္သည္။ အပတ္စဥ္ေဘာ္ဒါေက်ာင္းသည္ တနလၤာမွ ေသာၾကာအထိသာ အေဆာင္မွာေနၿပီး စေန၊ တနဂၤေႏြ အိမ္ျပန္ေသာ စာသင္သားမ်ားအတြက္ျဖစ္ၿပီး အျခားအမ်ိဳးအစားမွာမူ အေျခအေနေပၚတြင္ မူတည္ၿပီး တစ္ပတ္တြင္ တစ္ည သို႔ ႏွစ္ညသာ လာေရာက္ေနႏိုင္သည္႔ အေဆာင္မ်ားျဖစ္သည္။

 

ပညာေရးခရီးတြင္ ေဘာ္ဒါေဆာင္အေတြ႔အၾကံဳကိုု စမ္းသပ္ၾကည့္ခ်င္သူ ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ ႀကိဳတင္ အေၾကာင္းၾကားပါက တစ္ညတာ ေက်ာင္းအိပ္ေက်ာင္းစား အေတြ႕အႀကံဳကို ရယူႏိုင္မည့္ Boarding Taster Session ကိုလည္းစီစဥ္ထားသည္။

 

Dulwich College Yangon ေဘာ္ဒါ၏ အၾကမ္းဖ်င္း အခ်ိန္စာရင္းမ်ားမွာ ေအာက္ပါအတိုုင္းျဖစ္သည္။

A 3

 

Dulwich College Yangon ရဲ႕ ပထမဆံုုး ေဘာ္ဒါေက်ာင္းသားေက်ာင္းသူမ်ားဟာ ဒီေန႔ေခတ္ရဲ႕ ေရွ႕ေဆာင္မ်ားျဖစ္ၾကပါတယ္။ ေက်ာင္းသား/သူ ေတြဟာ လြတ္လပ္အမီခိုကင္းၿပီး မိသားစုသဖြယ္ျဖစ္ေနတဲ့ ေက်ာင္းေဆာင္မ်ားမွာ ေနထိုင္ၿပီး တစ္ေန႔မွာ လူမႈအဖြဲ႔အစည္းရဲ႕ အေရးပါတဲ့ အဖြဲ႔ဝင္ေတြျဖစ္လာဖို႔နဲ႕ ကမ႓ာအတြက္ အေျပာင္းအလဲေတြ ျပဳလုပ္ဖို႕ စိတ္ဓာတ္အင္အားေတြနဲ႕ က်ြမ္းက်င္မႈအရည္အေသြးေတြကို တည္ေဆာက္ဖို႔ အခြင့္အေရးေတြကို ေတြ႕ႀကံဳရမွာပါ " ဟု Mr.Daryl Orchard ကေျပာသည္။

Dulwich College Yangon ၏ ေဘာ္ဒါေဆာင္ကို ရန္ကုုန္ၿမိဳ႕ ၾကယ္စင္အိမ္ယာ (Star City) တြင္ ဖြင့္လွစ္ထားသည္။ ၾကယ္စင္အိမ္ယာရွိ Dulwich College Yangon တြင္ မီတာ ၅၀ အရြယ္ အိုလံပစ္အရြယ္အစား ေရကူးကန္၊ ေလ့က်င့္ေရးေရကူးကန္၊ gym အားကစား႐ံု၊ မီတာ ၄၀၀ က်ယ္ဝန္းေသာ ကစားကြင္းႏွင့္ ေဂါက္ကြင္း အသံုးျပဳခြင့္တို႔ ပါရွိၿပီး ရန္ကုန္ၿမိဳ႕လည္ေခါင္ႏွင့္ မိနစ္ ၃၀ ခန္႔ ခရီးသာ ကြာေဝးေသာေနရာတြင္ တည္ရွိပါသည္။

 

Dulwich College Yangon (DCY) အေၾကာင္း

 

DCY သည္ ပညာေရးသီးသန္႔ ၿဗိတိသွ်ႏိိုင္ငံအေျခစုိက္ ႏုိင္ငံတကာ စာသင္ေက်ာင္းျဖစ္ၿပီး ရန္ကုန္ၿမိဳ႕တြင္ ၾကယ္စင္အိမ္ယာ (Star City) ႏွင့္ ပန္းလိႈင္အိမ္ယာတြင္ ေက်ာင္းခြဲႏွစ္ခုထားရွိကာ Dulwich College Yangon ၏ ပန္းလိႈင္ေက်ာင္းကို ပန္းလႈိင္အိမ္ယာဝန္းအတြင္း ၁၂ ဧက က်ယ္၀န္းေသာေက်ာင္းဝင္းအတြင္း ၂၀၁၅ ခုႏွစ္ ၾသဂုတ္လအတြင္းက ဖြင့္လွစ္ခဲ့ပါသည္။  ၾကယ္စင္အိမ္ယာ (Star City) တြင္ ၄င္း၏ လူေနအိမ္ယာရွိ ဧက (၂၀) က်ယ္ဝန္းေသာ ကြင္းျပင္တြင္ ၂၀၁၇ ခုႏွစ္ၾသဂုတ္လတြင္စတင္ဖြင့္လွစ္ခဲ့သည္။ ေက်ာင္းႏွစ္ေ်က်ာင္းစလံုးတြင္ တစ္ႏွစ္ပတ္လံုး ေက်ာင္းဝင္ခြင့္အပ္ႏွံႏိုင္ၿပီး လမ္းေလ်ွာက္တက္ကာစအရြယ္မွ စ၍ Year 10 (အသက္ ၂ ႏွစ္မွ ၁၅ ႏွစ္)ထိ လက္ခံလ်က္ရွိပါသည္။ပညာသင္ႏွစ္တစ္ႏွစ္တိုးတိုင္း တစ္တန္းတိုး၍ ဖြင့္လွစ္သြားမည္ျဖစ္ရာ Year 13 (အသက္ ၁၈) ႏွစ္အထိ လက္ခံသင္ၾကားသြားမည္ျဖစ္ပါသည္။

Dulwich College Yangon သည္ သင္ရိုုးႏွင့္ ထံုုးတမ္းဓေလ့မ်ားကိုုပါ ျဗိတိသွ်သင္႐ိုးညႊန္းတမ္းအတိုင္း သင္ၾကားၿပီး ယင္ေၾကာင့္ပင္ International General Certificates of Secondary education (IGCSEs) ဆုကို ရရွိခဲ့ျခင္းျဖစ္သည္။ ေက်ာင္း၏ အဓိကဘာသာစကားမွာ အဂၤလိပ္ျဖစ္ၿပီး သင္ရိုး၏ အဓိကက်ေသာ အပိုင္းက႑မ်ားတြင္ ျမန္မာႏွင့္ မန္ဒရင္း (တရုတ္) ဘာသာစကားကိုပါ ထည့္သြင္းထားပါသည္။ Dulwich College Yangon သည္လန္ဒန္ၿမိဳ႕ရွိ Dulwich College ၏ ႀကီးၾကပ္မႈေအာက္တြင္ရွိၿပီး Dulwich College အျပည္ျပည္ဆုိင္ရာ မိသားစုေက်ာင္းမ်ားအဖြဲ႔၏ အဖြဲ႔ဝင္ေက်ာင္းတစ္ေက်ာင္းလည္းျဖစ္ပါသည္။

 

အျခားသိရွိလိုုသည္မ်ားရွိပါကhttp://yangon.dulwich.org တြင္ ၾကည့္ရႈႏိုုင္ပါသည္။

 

A 1

 

Dulwich College International (DCI) အေၾကာင္း

 

DCI သည္ အသက္ ၂ ႏွစ္မွ ၁၈ ႏွစ္အထိ ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ သင္ၾကားေပးေသာပညာေရးသီးသန္႔ အျပည္ျပည္ဆုိင္ရာ ေက်ာင္းအစုအဖြဲ႕တစ္ခုျဖစ္သည္။ ၂၀၀၃ ခုႏွစ္မွစ၍ Shanghai, Beijing, Suzhou, Seoul, Singapore ႏွင့္ Yangon တို႔တြင္ အျပည္ျပည္ဆုိင္ရာ ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ ေက်ာင္းခြဲမ်ားကို ဖြင့္လွစ္ခဲ့ပါသည္။ တစ္ခ်ိန္တည္းမွာပင္ Zhuhai ႏွင့္ Suzhou တို႔တြင္ အျပည္ျပည္ဆုိင္ရာ အထက္တန္းေက်ာင္းမ်ား ဖြင့္လွစ္ခဲ့သည္။ DCI အဖြဲ႕ဝင္ ေက်ာင္းမ်ားသည္ နိုင္ငံတကာပညာေရးေက်ာင္းမ်ား အၾကားတြင္ အစဥ္အလာရွိ နာမည္ ႀကီးေသာ ေက်ာင္းမ်ားျဖစ္သည္။ ၂၀၁၉ ခုႏွစ္ တြင္ IB average 36.4 ရရွိခဲ့သည္။ ႏွစ္စဥ္ႏွစ္တုိင္း DCI ေက်ာင္းမ်ားမွ ေအာင္ျမင္သူမ်ား

အျခားသိရွိလိုသည္မ်ားရိွပါကhttp://dulwich.org တြင္ၾကည့္ရႈႏိုုင္ပါသည္။

 

Screenshot from 2019 10 04 09 30 44

 

မီဒီယာ စံုစမ္းေမးျမန္းလုိမႈမ်ားအတြက္ ဆက္သြယ္ရန္

 

Dulwich College Yangon

Adrian Jordan

+959 446427671

adrian.jordan@dulwich-yangon.

May The Oo

[email protected].

+959 264 457 547

Black Knight Media

Chit Hnin Aye

chithninaye@

+959 979 531 948

Seint San Aye

seint@blackknightmediagroup.

+959 799 893 685

 

Source: Dulwich College

 

 

 

International/Private Read 1570 times