Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်ခွင့် ပထမနှစ်သင်တန်းအတွက် အခကြေးငွေများ

တက္ကသိုလ်ဝင်ခွင့် ပထမနှစ်သင်တန်းအတွက် အခကြေးငွေများ

တက္ကသိုလ်ဝင်ခွင့် ပထမနှစ်သင်တန်းအတွက် အခကြေးငွေများကို အောက်ပါအတိုင်းကောက်ခံမည်ဖြစ်ပါသည်။

 

၁။ မှတ်ပုံတင်ကြေး (၁၀၀) ကျပ်
၂။ ကျောင်းဝင်ကြေး (၁၀၀) ကျပ်
၃။ ကျောင်းလခ (တစ်လ ကျပ် ၅၀၀ နှုန်း) နှစ်လအတွက် (၁၀၀၀) ကျပ်
၎။ အားကစားကြေး (၁၀၀) ကျပ်
၅။ ဓာတ်ခွဲခန်းကြေး
(က) လက်တွေ့ရှိသောသိပ္ပံဘာသာရပ်များအတွက် (၆၀၀) ကျပ်
(ခ) လက်တွေ့ရှိသောဝိဇ္ဇာဘာသာရပ်များအတွက် (၃၀၀) ကျပ်
၆။ စာမေးပွဲကြေး (၃၀၀) ကျပ်
၇။ စာကြည့်တိုက်ကြေး (၃၀၀) ကျပ်

 

Read More: ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွာသာကြီးနှင့်လှိုင်နယ်မြေ ဘာသာရပ်လေးခုစီတိုး၍ဖွင့်လှစ်မည်

 

**ပထမအရစ် ပေးသွင်းခြင်း**


အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များနှင့် ဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်များ ပို့ချသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် သင်ကြားခွင့် ရသူများသည် ပထမအရစ်ပေးသွင်းရမည့် အထက်ပါ သတ်မှတ်ကြေးများကို မိမိတို့ သင်ကြားခွင့်ရသည့် တက္ကသိုလ်များတွင် သတ်မှတ်ရက်အတွင်း မပျက်မကွက် ပေးသွင်းကြရပါမည်။

မလွှဲမရှောင်သာသော ကိစ္စကြောင့် သတ်မှတ်ရက်အတွင်း မပေးသွင်းနိုင်ပါက နောက်ထပ် (၁၅) ရက် အတွင်းပေးသွင်းခွင့်ပြုရန် ခိုင်လုံသော အကြောင်းပြချက်ဖြင့် အသနားခံလျှောက်ထားနိုင်ပါသည်။

 

ထိုသို့ လျှောက်ထားလာပါက နောက်ကျကြေးနှင့် ပေးသွင်းခွင့်ပြုသင့်၊ မပြုသင့်ကို သက်ဆိုင်ရာ တက္ကသိုလ်က စဉ်းစားမည်ဖြစ်ပါသည်။

 

(တက္ကသိုလ်လမ်းညွှန်စာအုပ်မှ ကိုးကားတင်ပြခြင်းဖြစ်ပါသည်။)

 

www.edge.com.mm

 

News Read 1898 times