Sales Hotline : 09448001653       Download App



အပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကြီး ရန်ကုန်နှင့် မန္တလေးတွင်ပြုလုပ်မည်

အပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကြီး ရန်ကုန်နှင့် မန္တလေးတွင်ပြုလုပ်မည်

မြန်မာကျောင်းသားများအနေဖြင့် အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ၊ ပညာရေးဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများနှင့် သင်တန်းများကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန Trade Training Institute နှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂတို့၏ ပံ့ပိုးကူညီမှုဖြင့် ပြည်တွင်း၊ ပြည်ပ ပညာရေးလုပ်ငန်းများ တစုတဝေးတည်း ခင်းကျင်းပြသမည်ဖြစ်သည့် တတိယအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲ ၂၀၁၉ The 3rd International Education Fair Myanmar 2019 ကို ရန်ကုန်မြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။

 

အဆိုပါ ပြပွဲတွင် သက်ဆိုင်ရာ ပညာရေးကျောင်းများမှ ပညာရှင်များကလည်း ပညာရေးလမ်းကြောင်း ရွေးချယ်ခြင်းအကြောင်းအရာများနှင့် နေ့စဉ်ပညာရပ်အလိုက် ဆွေးနွေးဟောပြောသွားမည်ဖြစ်သည့် အပြင်နေ့စဉ်မိုဘိုင်းဖုန်းများကို ကံစမ်းပေးသွားမည်ဖြစ်ရာ ပြပွဲကို ဇွန် ၂၈ ရက်မှ ၃၀ ရက်အထိ နေ့စဉ် နံနက် ()နာရီမှ ညနေ () နာရီအထိ အခမဲ့လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရပါသည်။

 

Read More: ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ) ဝင်ခွင့်နှင့် ပေးအပ်မည့်ဘွဲ့များ

 

**ရန်ကုန်** (တပ်မတော်ခန်းမ) ဇွန်လ (၂၈ ရက်မှ ၃၀ ရက်) အထိ နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ

**မန္တလေး** (Hotel Mandalay) ဇူလှိုင် (၂ ရက်နေ့နှင့် ၃ ရက်နေ့) နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ

 

Source: ကြေးမုံ

News Read 1186 times