Sales Hotline : 09448001653       Download App



အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်လိုသော လူငယ်များအတွက်အခမဲ့သင်တန်း

အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်လိုသော လူငယ်များအတွက်အခမဲ့သင်တန်း

အမေရိကန် တက္ကသိုလ်ရန်ကုန်၏ Public Speaking Club ပြန်လည်စတင်ပါပြီ။ American University of Yangon Public Club သည် ကျောင်းသား/သူများ၏ အင်္ဂလိပ်စကားပြောစွမ်းရည်၊ ပေါင်းသင်းဆက်ဆံမှု စွမ်းရည်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်များ တိုးတက်စေရန် လေ့ကျင့်သင်ကြားပေးသော Club တစ်ခုဖြစ်ပါတယ်။

ယခုသင်တန်းကို အပတ်စဉ် သောကြာနေ့ (၃ နာရီ) တိုင်းမှာ American University of Yangon တွင် Public Speaking Club နှင့် Public Event Series ကို တစ်ပတ်ခြားစီ ပြုလုပ်သွားမည်ဖြစ်ပြီး အခမဲ့တက်ရောက်နိုင်ပါတယ်။

 

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး ကျောင်းသား/သူများနှင့် လူငယ်များအားလုံး လာရောက်နိုင်သည့် အခမဲ့ Public Speaking Club တစ်ခုဖြစ်ပြီး အင်္ဂလိပ်စား အရည်အသွေးများကို လေ့ကျင့်နိုင်အောင် ဖွင့်လှစ်ပေးထားခြင်းဖြစ်ပါတယ်။

 

အပတ်စဉ် မည်သည့် Topic များကို ဆွေးနွေးသွားမည်ဆိုတာကို American University of Yangon Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ပါတယ်။

 

Read More: ဟိုတယ်ဝန်ဆောင်မှုနှင့် အချက်အပြုတ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းသားခေါ်ယူ

 

AUY’s Public Speaking Club ကို လာရောက်လိုသူများအတွက် ၀၉၇၇၉၀၀၀၉၀၀ ကိုဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်မှာဖြစ်ပါတယ်။

 

Online မှ စာရင်းပေးသွင်းလိုသူများအတွက် http://bit.ly/pscpes19 မှာ စာရင်းပေးသွင်းနိုင်ပါတယ်။

 

Source: Connect University

 

 

News Read 1429 times