Sales Hotline : 09448001653       Download App
(၁၀) တန်းအမှတ်စာရင်း ထုတ်ယူရန်လိုအပ်သည်များ နှင့်လိပ်စာအပြည့်အစုံ
(၁၀) တန်းအမှတ်စာရင်း ထုတ်ယူရန်လိုအပ်သည်များ နှင့်လိပ်စာအပြည့်အစုံ
**Unicode**
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများကို ရုံးအမှတ် (၅၂) နေပြည်တော်နှင့် ရန်ကုန်မြို့ ပါရမီလမ်းပေါ်ရှိ လှိုင်တက္ကသိုလ်နယ်မြေဝင်း ဂိတ် (၁) ဝင်ပေါက်အနီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (အောက်မြန်မာ) ရုံးတို့တွင် ဇွန်လ(၁၀) ရက်နေ့ နံနက်ပိုင်းမှစတင်ကာ နှစ်နေရာခွဲ၍ စတင်ထုတ်ပေးနေပြီဖြစ်ပါတယ်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ကြီးများတွင်လည်း ထပ်မံထုတ်ပေးနိုင်ရေးအတွက် မိုဘိုင်းလ်တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းထုတ်ပေးရေးအဖွဲ့များ စေလွှတ်နိုင်ရေးကို စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော် ထံမှ သိရပါတယ်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်စာရင်း လာရောက်ထုတ်ယူသူများအနေဖြင့် တံဆိပ်ခေါင်းနှင့် လျှောက်လွှာထုတ်ယူပြီး " အမှတ်စာရင်းတောင်းခံသူအမည်၊ စာစစ်ဌာန၊ ခုံအမှတ်၊ အဘအမည်နှင့် ဖြေဆိုသည့်ခုနှစ် " ထည့်သွင်းရေးသားလျှောက်ထားရမည်ဖြစ်သည်။
ကျောင်းသားမိဘ၊ ကျောင်းသားကိုယ်တိုင်၊ ကိုယ်စားလှယ်များအနေဖြင့် လည်းလာရောက်ထုတ်ယူနိုင်ပါတယ်။
အချက်အလက်မှန်ကန်လျှင်ထုတ်ယူနိုင်ကြောင်း၊ စတင်ထုတ်ပေးသည့် ဇွန်လ (၁၀) ရက်နေ့မှ အမှတ်စာရင်းလာရောက်ထုတ်ယူသူ ကုန်သည်အထိ ထုတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံဦးစီးဌာနမှ သိရပါတယ်။
ထပ်မံ၍ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်များကိုလည်း ယခင်နှစ်များအတိုင်း ဆောင်ရွက်နိုင်ရေးကို မိုဘိုင်းလ်တက္ကသိုလ်ဝင်တန်း အမှတ်ပေးစာရင်းထုတ်ပေးရေးအဖွဲ့များလည်း ဖွဲ့စည်းကာ စေလွှတ်ရန် စီစဉ်ဆောင်ရွက်နေကြောင်းသိရပါတယ်။
လိုအပ်ချက်များ ပြည့်စုံမှုမရှိလျှင်ထုတ်ပေးမည်မဟုတ်ပါသောကြောင့် လိုအပ်သည်များကို ဂရုတစိုက်ယူသွားရန် အောက်တွင်ထပ်မံဖော်ပြပေးလိုက်ပါတယ်။
(၁၀) တန်း အမှတ်စာရင်း/အောင်လက်မှတ် ထုတ်ယူရန်
(၁) အမည်
(၂) မှတ်ပုံတင်နံပါတ် (ရှေ့/နောက်)
(၃) Passport လိုင်စင်ပုံ (နောက်ခံ အပြာ)
(၄) ဖခင်အမည်
(၅) ခုံနံပါတ်၊ အောင်မြင်သည့်ခုနှစ်
(၆) စာစစ်ဌာန
(၇) နေရပ်လိပ်စာအပြည့်အစုံ
(၈) ဖုန်းနံပါတ် စသည်များလိုအပ်ပါသည်။
(ကိုယ်စားထုတ်ယူသူများအနေဖြင့်လည်း အထက်ပါလိုအပ်ချက်များ ပါရှိရန်လိုအပ်ပါသည်။)
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနဟာဆိုရင်ဖြင့် တည်နေရာ ပြောင်းရွေ့သွားပါပြီ အရင်တုန်းက RC2 ဝင်းထဲရှိ ဇွဲကပင်ဆောင်မှာဖြစ်ပါတယ်။
အခုတော့ ပါရမီလမ်းဖက်ကို ရောက်သွားပါပြီ ပြည်လမ်းဖက်ကနေ YBS နဲ့လာရင်အေဒီ မီးပွိုင့် မှတ်တိုင်ကနေဆင်းပါ ပြီးရင် ပါရမီလမ်းအတိုင်း လမ်းလျှောက်ဝင်ပါ။
"ရွှေမောက်" ဆိုင်နဲ့ မျက်စောင်းထိုးလေးမှာပါ။မင်းလမ်းမုန့်တီဆိုင်နှင့်လဲ နီးပါတယ်။
ရန်ကုန်အင်းစိန်လမ်းမှပေါ်မှ (YBS) နှင့်လာလျှင် ဘုရားလမ်းမှတ်တိုင်ဆင်းပါ။ပြီးမှ ပါရမီလမ်းကျယ်အတိုင်းလျှောက်ပါ။ ပါရမီလမ်း(စိန်ဂေဟာ)ဘက်မဟုတ်ဘဲ ပြည်လမ်းဘက်ကိုတည့်တည့်သာလျှောက်ပါ။
အမှတ် (၁၂) ရပ်ကွက် ၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
လိုအပ်သည့်အချက်အလက်များကို ကြိုတင်၍ မိတ္တူများကူးလာလျှင်ပိုမိုအဆင်ပြေနိင်ပါတယ်။
အမှတ်ထုတ်ယူသည့်အဆောက်အအုံနားတွင်လည်း မိတ္တူကူးဆိုင်များရှိပါတယ်။
အပြင်ဈေးအနည်းငယ်ပိုနေနိုင်ပါတယ်။အကြွေဆောင်သွားလျှင် အဆင်ပြေနိုင်ပါတယ်။
**Zawgyi**
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများကို ရုံးအမှတ် (၅၂) နေပြည်တော်နှင့် ရန်ကုန်မြို့ ပါရမီလမ်းပေါ်ရှိ လှိုင်တက္ကသိုလ်နယ်မြေဝင်း ဂိတ် () ဝင်ပေါက်အနီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (အောက်မြန်မာ) ရုံးတို့တွင် ဇွန်လ(၁၀) ရက်နေ့ နံနက်ပိုင်းမှစတင်ကာ နှစ်နေရာခွဲ၍ စတင်ထုတ်ပေးနေပြီဖြစ်ပါတယ်။
() အမည်
() ဖခင်အမည်
() စာစစ်ဌာန
AAA
Tips Read 11709 times