Sales Hotline : 09448001653       Download App



မယ်ခွေ၏ "လက်ဆောင်" ကဗျာကို ဒသမတန်းသင်ရိုးညွှန်းတမ်းတွင် ပြန်လည်ထည့်သွင်းပြဋ္ဌာန်းမည်

မယ်ခွေ၏ "လက်ဆောင်" ကဗျာကို ဒသမတန်းသင်ရိုးညွှန်းတမ်းတွင် ပြန်လည်ထည့်သွင်းပြဋ္ဌာန်းမည်

အဌမတန်းမြန်မာစာတွင် ပယ်ဖျက်ခဲ့သည့် စာဆိုမယ်ခွေ၏ "လက်ဆောင်" ကဗျာကို ဒသမတန်းသင်ရိုးညွှန်းတမ်းတွင် ပြန်လည်ထည့်သွင်းပြဌာန်းမည်ဖြစ်ကြောင်း ဇွန် (၁၂) ရက်တွင် ပညာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါသည်။

 

လက်ရှိအဌမတန်း မြန်မာဖတ်စာတွင် ယခင်ပြဌာန်းခဲ့သော စာဆိုမယ်ခွေ၏ "လက်ဆောင်" ကဗျာကို ကျောင်းသား/သူ များ၏ အသက်အရွယ်၊ အတန်းအဆင့်နှင့် ပိုမိုသင့်လျော်မည့် စနစ်သစ်အခြေခံပညာအထက်တန်း ဒသမတန်း (Grade 10) မြန်မာဖတ်စာတွင် အခြေခံပညာမြန်မာစာ ဘာသာရပ်၊ သင်ရိုးညွှန်းတမ်း ကော်မတီဝင်များ၏ သဘောတူညီမှုဖြင့် ထည့်သွင်းပြဌာန်းမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

 

အဆိုပါ "လက်ဆောင်" ကဗျာကို စာဆိုမယ်ခွေက ရေးဖွဲ့ထားပြီး ထိုကဗျာသည် ခေတ်စနစ်နှင့် မညီသောကြောင့်လည်းကောင်း၊ ကဗျာထဲတွင် ပါဝင်သောဆေးလိပ်သောက်သည့် အကြောင်းအား လူငယ်များအတုယူ အမှားမဖြစ်စေရန် ယခုနှစ်ပညာရေးဝန်ကြီးဌာနက သင်ရိုးညွှန်းတမ်းမှ ဖြုတ်ပစ်ခဲ့ပြီးနောက် လူမှုကွန်ရက်စာမျက်မှာများပေါ်တွင် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။

 

ထိုကဗျာတွင် ပါဝင်သော ဆေးလိပ်သောက်ခြင်း အကြောင်းအား လူငယ်များအတုယူမမှားစေ၇န်အတွက် အဖွဲ့အစည်းအချို့က သင်ရိုးမှ ဖြုတ်ပစ်ရန် တောင်းဆိုခဲ့ကြကြောင်း အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

 

စာဆိုမယ်ခွေ၏ "လက်ဆောင်" ကဗျာသည် မေတ္တာဖွဲ့ လေးချိုး ကဗျာတစ်ပုဒ်ဖြစ်ပြီး ယခုနှစ် အဌမတန်းမြန်မာဖတ်စာတွင် "လက်ဆောင်"ကဗျာအစား စာဆိုဦးကြော့သမိး မအိ၏ "အေးခွင့်မဖန်" ကဗျာဖြင့် အစားထိုးခဲ့ပါသည်။

 

ထိုသို့ လက်ဆောင်ကဗျာကို အဌမတန်းမြန်မာစာသင်ရိုးညွှန်းတမ်းမှ ပယ်ဖျက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ကဗျာဆရာ သစ္စာနီက ၄င်း၏ လူမှုကွန်ရက်စာမျက်နှာ (Face-Book) တွင် "ဒီကဗျာလေးကို (၁) အချစ်ရှုထောင့် ၊ (၂) ဘဝရှုထောင့် ရှုထောင့်နှစ်မျိုးဖြင့် ဖွင့်ဆိုပြတာပါ၊ ကဗျာဆိုတာ ကျယ်ဝန်းတော့ တခြားရှုထောင့်တွေကလည်း ဖွင့်ဆိုပြနိုင်ပါသေးတယ်။ ဆေးလိပ်သောက်ဖို့ တိုက်တွန်းလှုံ့ဆော်တာတော့ ရှာမတွေ့သေးပါခင်ဗျား" ဟုရေးသားဖော်ပြခဲ့ပါသည်။

 

Read More: တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အကြောင်းအမျိုးမျိုးကြောင့် လွှဲချော်ခဲ့ရသောသူများအတွက် ပညာရေးဆွေးနွေးပွဲကြီး

 

“လက်ဆောင်" ကဗျာကို အဌမတန်းသင်ရိုးမှ ပယ်ဖျက်စေသူ၊ ပယ်ဖျကရန် တိုက်တွန်းသူတို့အား ပြင်းထန်စွာ ရှုတ်ရှကြောင်း၊ ယင်းကိစ္စအတွက် တာဝန်ရှိသူများကိုလည်း သင့်လျော်သလို အရေးယူပေးစေလိုကြောင်းနှင့် ယင်းကဗျာကို အဌမတန်းသင်ရိုးသစ်တွင် ခြွင်းချက်မရှိ ပြန်လည်ထည့်သွင်းပေးရန် တောင်ဆိုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမ များအဖွဲ့ချုပ်က ဇွန် (၉) ရက်တွင် သဘောထားတစ်ရပ်ထုတ်ပြန်ကြေညာခဲ့ပါသည်။

 

Source: Daily Eleven

 

News Read 1872 times