Tips

" ပညာနှင့် ခေါင်းဆောင် "

" ပညာနှင့် ခေါင်းဆောင် " google

ပညာဟူသည် ကျွန်ုပ်တို့ ငယ်စဉ်အခါကပင် မိဘများက လက်ဆွဲကာကျောင်းသို့ သွားရောက်ကာအပ်နှံခဲ့သည်။

 

ထိုအချိန်မှစတင်ကာ ပညာဟူသောအရာနှင့် ထိတွေ့ခဲ့ရပေသည်။

 

ပညာဆိုသည်မှာ မိမိသင်ယူမိသော အသိပညာ၊ အတတ်ပညာ၊ တီထွင်ကြံဆမှု၊ လုပ်နိုင်စွမ်းအား အစရှိသည်များကို ဆိုလို၍ ရပေသည်။

 

ပညာများသင်ယူတတ်မြောက်၍ ပြီးဆုံးသောအခါတွင် လုပ်ငန်းခွင်ဝင်ရောက်သေသူများရှိသလို၊ ပညာမပြီးဆုံးသေးပဲ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်ရသူများလည်းရှိပေသည်။

 

ထိုသို့လုပ်ငန်းခွင် အမျိုးမျိုးဝင်ရောက်လုပ်ကိုင်ရာတွင် နယ်ပယ်မျိုးစုံရှိနေသေးသည်။လူတိုင်းသည် ဘယ်နေရာရောက်ရောက်၊ ဘယ်လုပ်ငန်းခွင်ဝင်ဝင် အတွေ့အကြုံမရှိလျှင် အောက်ခြေဝန်ထမ်းမှသာစတင်၍ လုပ်ဆောင်ရသည်မှာ သဘာဝဖြစ်နေပေသည်။

 

အတွေ့အကြုံရှိနေသော်လည်း လုပ်ငန်းခွင်အပြောင်းအလဲ ဖြစ်ခဲ့လျှင် ပြန်လည်သင်ယူရသည်မှာလည်း ထုံးစံတစ်ခုလိုဖြစ်နေပေသည်။

 

ထိုသို့လုပ်ငန်းခွင်ဝင်ရောက်ခြင်း အတူတူတွင် ပညာသင်ယူပြီးမြောက်ထားသောသူနှင့် ပညာသင်ယူမှုမပြီးမြောက်သေးသောသူ ၄င်းတို့နှစ်ဦးသည် ကွာခြားချက်ရှိနိုင်ပေသည်။

 

ပညာသင်ယူပြီးမြောက်ထားသူအဖို့ သင်သမျှ လွယ်ကူနေသော်လဲ မပြီးမြောက်ထားသူအဖို့ အနည်းငယ်ခက်ခဲနေနိုင်ပေသည်။

 

ထိုအချိန်အခါမျိုးတွင် ကြိုးစားမှုမှာ အနည်းငယ်ပို၍ ရှိရမည်ဖြစ်ပေသည်။ ထိုသို့မကြိုးစားလျှင် အချိန်တန်လို့ လုပ်ငန်းခွင်တွင် ရည်ရှည်လုပ်ကိုင်လျှင် သိသာ၍လာပါသည်။

 

ပညာပြီးဆုံးအောင်သင်ယူထားသူနှင့် သင်ယူမှုမပြီးဆုံးသေးသောသူဟူ၍မဟုတ်ပဲ တချို့သောလုပ်ငန်းခွင်များတွင် ကြိုးစားမှုနှင့်ကွဲပြားသွားသည်များလဲ ရှိသည်။

 

မိမိလုပ်ကိုင်ရာ လုပ်ငန်းကို စိတ်ပါဝင်စား၍ ကြိုးစားမှု ရှိသူသည် အချိန်တန်လျှင် ခေါင်းဆောင်နေရာသို့ ရောက်ရှိမည်သာဖြစ်သည်။ ဘယ်အရာမဆို၊ မည်သည့်လုပ်ငန်းတွင်မဆို ကြိုးစားမှုသည် အလွန်ပင်အရေးပါလှပေသည်။

 

"ခေါင်းဆောင်"တစ်ယောက်ဖြစ်ရန် အလွန်အရေးကြီးသောအချက်မှာ "နောက်လိုက်"ကောင်းဖြစ်အောင် အရင်ကြိုးစားရပေမည်။

 

တချို့သော လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နေကြသူများသည် မိမိတို့နားလည်ရာ၊ ကျွမ်းကျင်ရာ၊ တတ်မြောက်ရာကိုသာ လုပ်ကိုင်ချင်ကြသည်။

 

အထက်ကခေါင်းဆောင်များ တစ်ခုခုခိုင်းလိုက်လျှင် ခေါင်းရှုပ်၍ မလုပ်ချင်ကြပေ။

 

၎င်းကဲ့သို့သောသူများသည် ရရှိသောပညာရပ်ကို မယူတတ်သောကြောင့် လူညံစာရင်းဝင်သွားနိုင်သည်။

 

တချို့သောသူများမှာ မိမိတို့မတတ်ကျွမ်းသော်လည်း ရှေ့မှပြောပြနေသည်ကို နားထောင်၍ လိုက်လုပ်သောအခါ အမှားပါသွားသော်လည်း ပညာရပ်တစ်ခုကို ရရှိလိုက်ပေသည်။

 

လက်အောက်ငယ်သားဆိုသူများမှာ ခေါင်းဆောင်၏ အခိုင်းခံမှုများလာလျှင်တိုးတက်လာနိုင်သည်။

 

Read More : UK မှပေးအပ်သည့် ဒီပလိုမာဘွဲ့ကို မြန်မာနိုင်ငံတွင် သင်ယူနိုင်မည့်အခွင့်အရေး

 

တချိန်တွင် ၄င်းသည်လည်း ခေါင်းဆောင်နေရာ ရောက်လာနိုင်ပေသည်။

 

ပညာတတ်ခြင်း၊ ပညာမရှိခြင်းနှင့် တချို့သောအရာများသည် လုံးဝမသက်ပေ။ အတတ်ပညာတစ်ခုကို သင်နားလည်ပိုင်နိုင်မှု၊ သင်ယူလိုစိတ်ရှိမှု၊ သည်းခံနိုင်စွမ်း၊ လိုက်လုပ်နိုင်စွမ်း၊ စွမ်းဆောင်ရည်ကိုပြသနိုင်ခြင်း အစရှိသကဲ့သို့ နောက်လိုက်တစ်ယောက်၏ အရည်အချင်းပြည့်မှီနေပါက ပညာဆိုသော စကားနှင့် ကိုက်ညီသော ခေါင်းဆောင် ကောင်းတစ်ယောက်နေရာသို့ သင်အမှန်တကယ်ရောက်ရှိလာနိုင်ပေသည်။

 

(မိမိ၏ဘဝအတွေ့အကြုံနှင့် အတွေးအခေါ်ပေါင်းစပ်ရေးသားခြင်းဖြစ်ပါသည်။)

Authoress : Phyoe Hthazin Shwe)

 

 

Read times
Rate this item
(1 Vote)