Sales Hotline : 09448001653       Download App



ကမ္ဘာ့ထိပ်သီးတက္ကသိုလ် ကျောင်းပေါင်း ၂၀ နဲ့ ပူးပေါင်းပြုလုပ်မယ့် ပညာရေး ပြပွဲကြီး

ကမ္ဘာ့ထိပ်သီးတက္ကသိုလ် ကျောင်းပေါင်း ၂၀ နဲ့ ပူးပေါင်းပြုလုပ်မယ့် ပညာရေး ပြပွဲကြီး

MSI နိုင်ငံခြားပညာရေး ဝန်ဆောင်မှုမှ မြန်မာနိုင်ငံ ကျောင်းသားလူငယ်တွေကို မိမိပညာရေးနဲ့ ဘဝရည်မှန်းချက် အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ရန် နိုင်ငံပေါင်း ခုနစ်နိုင်ငံမှ ကမ္ဘာ့ထိပ်သီးတက္ကသိုလ် ကျောင်းပေါင်း၂၀ နဲ့ ပူးပေါင်း ချိတ်ဆက်ပြီး ရန်ကုန်တွင် ပညာရေးပြပွဲကြီး ပြုလုပ်ပါမည်။

 

အဆိုပါပွဲကို ရန်ကုန်မြို့တွင် ဇွန်လ (၁၄) ရက်နေ့ မနက် (၁ဝ) နာရီမှ နေ့လယ် () နာရီအထိ Sule Shangri-La Hotel (ပဲခူး ခန်းမ) မှာ ပြုလုပ်သွားမှာဖြစ်ပါသည်။ မြန်မာနိုင်ငံက ကိုးတန်း၊ ဆယ်တန်း တက်ရောက်နေသူများနှင့် အောင်မြင်ထားသူများ၊ အစိုးရတက္ကသိုလ်မှ ကျောင်းသူ/ ကျောင်းသားတွေ၊ ပုဂ္ဂလိက HND (UK)LCCI (UK)IGCSEGCE ‘O’ Level၊ ‘A’ LevelABE (UK) စသည့် သင်တန်းကျောင်းအသီးသီးမှ ကျောင်းသူ/ ကျောင်းသားများ၊ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသည့် International School မှ ကျောင်းသူ/ ကျောင်းသားများနှင့် နိုင်ငံခြားပညာရေးကို စိတ်ဝင်စားသူ မည်သူမဆို လာရောက် လေ့လာနိုင်ပါသည်။

 

Pre-University, Medicine, Engineering, IT & Computing Technology, Interior Design, Architecture, Education, Fashion & Product Design, Business (Finance, Accounting, Marketing), Ho-spitality & Tourism Mana-gement, Airline Business Management, Law, Mass Communication (Media), Public Relations, Human Re-sources, Psychology, Biome-dical Sciences, Pharmacy, Nursing, Environmental Science, Music, Logistics and Supply Chain Management, Arts and Sciences, Marine Biotechnology, Legal Studies, Anthropology & Sociology, Philosophy, Sports, Secon-dary Education, Electronic & Photographic Media, Dance, Environmental Management နှင့်Film & Director စသည့် ဘာသာရပ်များပြင် ဘာသာရပ် မြောက်မြားစွာကို မိမိဘဝ အသက် မွေးဝမ်းကျောင်းအတွက် လွတ်လပ်စွာ လာရောက် မေးမြန်းနိုင်မည် ဖြစ်ပါသည်။

 

MSI ပညာရေးပြပွဲကြီးသို့ ပညာရေးအောင်လက်မှတ်၊ အမှတ်စာရင်းတို့နဲ့တကွ အခြားသော ပညာရေးလက်မှတ်တွေ ယူဆောင်လာပြီး MSI မှတစ်ဆင့် ချိတ်ဆက်ထားတဲ့ တက္ကသိုလ်တွေကို တက်ရောက်ဖို့ လျှောက်ထားသူတွေအတွက် ကျောင်းဝင်ကြေး ကင်းလွတ်ခွင့်တွေ၊ လေယာဉ်လက်မှတ်နဲ့ ကျန်းမာရေး ဆေးစစ်ခွင့်တို့ကို MSI မှ တာဝန်ယူ လုပ်ဆောင်ပေးသွားမည် ဖြစ်ပါသည်။

 

Read More: မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားသမဂ္ဂ တံဆိပ်ပြောင်းလဲပြင်ဆင်မည်

 

ထို့အပြင် အမေရိကန်၊ အင်္ဂလန်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ စင်ကာပူ၊ မလေးရှား နဲ့ ထိုင်း အစရှိတဲ့ နိုင်ငံကြီးတွေမှ တက္ကသိုလ်တွေ ပူးပေါင်းပါဝင်မှာဖြစ်ပြီး ၄င်းတက္ကသိုလ်တွေမှာ ပညာသင်ဆု (၁ဝ) ရာခိုင်နှုန်းမှ စ၍ (၁ဝဝ) ရာခိုင်နှုန်းအထိ လျှောက်ထားရယူနိုင်မည်ဖြစ်ပါသည်။

 

ပညာရေးပြပွဲ တက်ရောက်ရန် စာရင်းပေးသွင်းလိုပါကရန်ကုန်ရုံးချုပ်၊ ဖုန်း-ဝ၉-၅၁၀၃၉၁၅ ၊ ဝ၉-၄၂ဝဝ၃၇၆၁၆ ၊ ဝ၁-၃၈၁၄၀၈ တို့ကို ဆက်သွယ်နိုင်ပါသည်။

 

Source : Kumudra

 

 

News Read 933 times