Sales Hotline : 09448001653       Download App



**တက္ကသိုလ်ဝင်ခွင့် လက်ခံရေးအတွက် စတင်ဆွေးနွေး**

**တက္ကသိုလ်ဝင်ခွင့် လက်ခံရေးအတွက် စတင်ဆွေးနွေး**

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့် ကျောင်းသား/သူ များအတွက်ထိခိုက်မှုအနည်းဆုံးနှင့် အလွယ်ကူဆုံးဖြစ်မည့် တက္ကသိုလ်ဝင်ခွင့် လက်ခံမှု စနစ်ဖြစ်ရေး နှစ်ရက်ကြာ ဆွေးနွေးလျက်ရှိကြောင်း အဆင့်မြင့် ပညာဦးစီးဌာနနှင့် ပါမောက္ခချုပ်များ ကော်မတီထံမှ သိရှိရပါသည်။

 

ဇွန်လ () ရက်မှ () ရက်အထိ ရန်ကုန်မြို့ သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာနခွဲ (ရန်ကုန်)တွင် ဆွေးနွေး နေခြင်းဖြစ်ပြီး ယင်းဆွေးနွေးမှုတွင် အဆင့်မြင့်ပညာဦးစီးဌာန၊ ပါမောက္ခချုပ်များကော်မတီ၊ ဆရာများသမဂ္ဂ၊ ပါမောက္ခချုပ်များ၊ လွှတ်တော် တာဝန်ရှိသူများပါဝင်ပါသည်။

 

ဆွေးနွေးမှုတွင် ပါဝင်သည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာန၊ ကထိကဦးလှိုင်တင့် ဝင်ခွင့်ခေါ်ယူရာတွင် ပိုမိုကောင်းမွန်သည့် နည်းလမ်းဖြင့် ကျောင်းသားများလျှောက်ထားနိုင်ရေး၊ လျှောက်ထားမှုမလွဲချော်ရေး၊ ပညာပေးအစီအစဉ်လုပ်ဆောင်ရန် အစီအစဉ်များကို ဆွေးနွေးခြင်းဖြစ်ကြောင်း ပြောကြားပါသည်။

 

စာတိုက်ကနေ လျှောက်ပြီဆိုရင်လည်းပဲ ကြုံတွေ့လာနိုင်တဲ့ အခက်အခဲတွေကို အများကြီးစဉ်းစားတယ်။ ကျောင်းသားဘက်က ဖြစ်လာနိုင်တဲ့ လွဲချော်မှုတွေပေါ့။ အဲဒီအတွက် (ကျောင်းသားတွေနဲ့ မိဘတွေကို) ပညာပေးဘယ်လိုလုပ်ကြမလဲဆိုတာလည်း ပါပါတယ် " ဟုဦးလှိုင်တင့်ကပြောကြားပါသည်။

 

မနှစ်က ပညာပေးအစီအစဉ်နည်းသွားလို့၊ မသိဘဲ လျှောက်တဲ့အခါ လျှောက်လွှာပုံစံတွေမှားတယ်၊ မှားတဲ့အခါကလေးတွေက တစ်နေရာတည်းပြုံပြီးကျောင်းသား (၂၀၀) ကျော်လောက်ကဘယ်မှ တက်မရဘဲ ဖြစ်သွားတာပေါ့။ ဒီနှစ်မှာတော့ ဒါကိုအတတ်နိုင်ဆုံး ရှောင်လွှဲနိုင်အောင် ပြင်ဆင်နေတာတော့ တွေ့တယ်။ ဒါတော့ ကောင်းတဲ့အလားအလာပါပဲ " ၄င်းကထပ်မံ ပြောကြားပါသည်။

 

Read More: **ပညာရေးဝန်ကြီးဌာန၏ စနစ်သစ်ပညာရေးအစီအစဉ်**

 

ဆွေးနွေးမှုများနှင့် ပတ်သက်၍ မူအားလုံးကို ညှိနှိုင်းမဆုံးဖြတ်ရသေးဘဲ တက္ကသိုလ်ဝင်ခွင့်မခေါ်မီ ဆက်တိုက်ဆွေးနွေးမည်ဖြစ်ကြောင်း၊ ကျောင်းသားများအတွက် အဆင်ပြေဆုံးဖြစ်မည့် နည်းလမ်းရရှိပါက သဘောတူဆုံးဖြတ်ပြီး အသိပညာပေး အစီအစဉ်များလုပ်ဆောင်မည်ဖြစ်ကြောင်း ပါဝင်ဆွေးနွေးကြသူများထံမှ သိရှိရပါသည်။

 

ယခုနှစ် မတ်လက စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ (ဆယ်တန်း) အောင်စာရင်းထွက်မည့်ရက်ကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက တရားဝင်ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။

ဆယ်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ကျောင်းသားရှစ်သိန်းခွဲကျော် ဖြေဆိုခဲ့ကြောင်း စာစစ်ဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

 

Source: The Voice

 

 

News Read 1261 times