Sales Hotline : 09448001653       Download App



ကျောင်းသားမိဘတိုင်း သိသားသင့်တဲ့ (၁၂) တန်းပညာရေးစနစ်သစ်အကြောင်း

ကျောင်းသားမိဘတိုင်း သိသားသင့်တဲ့ (၁၂) တန်းပညာရေးစနစ်သစ်အကြောင်း

၁။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် Grade-2 သင်ရိုးပြောင်းမည်။ ထိုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရပါမည်။

 

၂။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် Grade-3 နှင့် Grade-6 သင်ရိုးပြောင်းပါမည်။ ထိုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရပါမည်။

 

၃။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် Grade-(4)(7) နှင့် (10) သင်ရိုးပြောင်းပါမည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲမရှိတော့ပါ။

 

၎။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် Grade-(5) (8) နှင့် (11) သင်ရိုးပြောင်းပါမည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲမရှိတော့ပါ။

 

၅။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade-(6) (9) နှင့် (12) သင်ရိုးပြောင်းပါမည်။ အခြေခံပညာပြီးမြောက်ခြင်း စစ်ဆေးခြင်းပြီးစီးကြောင်း Completion Certificate ချီးမြင့်မည်၊ အဆိုပါလက်မှတ်ရသူတိုင်း သက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများ မိမိနှစ်သက်ရာ ရွေးချယ်တက်ရောက်နိုင်မည် ဖြစ်ပါသည်။

 

Read More: ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးသန့်အကြောင်း တတိယတန်းစနစ်သစ်သင်ရိုးတွင် ပါဝင်မည်

 

၆။အဆိုပါ လက်မှတ်ရသူတိုင်း မိမိဆက်လက်သင်ကြားလိုရာ တက္ကသိုလ်ပညာကို ဝင်ခွင့်ဖြေဆိုပြီး အောင်မြင်ပါက ဆက်လက်သင်ကြားနိုင်ပါသည်။

 

၇။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် () နှစ်တွင် သင်ရိုးဟောင်းကျရှုံးသူများအတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲရှိပါသည်။ အခြေခံပညာရေးပြီးဆုံးသည်အထိ အခမဲ့ပညာရေးစနစ်ဖြစ်ပါသည်။

 

(ပညာရေးဝန်ကြီးဌာန)

 

 

 

News Read 2253 times