Sales Hotline : 09448001653       Download App



IELTS စာမေးပွဲ အကြောင်း အခမဲ့ဟောပြောဆွေးနွေးပွဲ

IELTS စာမေးပွဲ အကြောင်း အခမဲ့ဟောပြောဆွေးနွေးပွဲ

IELTS ဖြေဆိုရန် ပြင်ဆင်လေ့လာနေသူများအတွက် IELTS စာမေးပွဲတွင် overall band score 8 ရရှိထားသော မသိမ့်ရွှေစင်အောင် မှ စာမေးပွဲအတွက် ပြင်ဆင်လေ့လာပုံများနှင့် စာမေးပွဲနှင့်ပတ်သက်သည့် သိရှိနားလည်ထားသင့်သောအကြောင်းအရာများကို ရှင်းလင်းပြောကြားမည်ဖြစ်ပါသည်။

ဟောပြောပွဲအပြီးတွင် သိလိုသည်များကို ဆွေးနွေးနိုင်မည်ဖြစ်ပါသည်။ ဟောပြောပွဲနှင့် ပြန်လည်ဆွေးနွေးခြင်း ကဏ္ဍ နှစ်ခုလုံးအား မြန်မာဘာသာဖြင့် ပြုလုပ်ပါမည်။

 

နေ့ရက် - ၃ဝရက်၊ မေလ၊ ၂ဝ၁၉ခုနစ် (ကြာသပတေးနေ့)


အချိန် - ညနေ ၅ နာရီ မှ ၆ နာရီ


နေရာ - ဗြိတိသျှကောင်စီစာကြည့်တိုက်၊ ၇၈ ကမ်းနားလမ်း၊ ရန်ကုန်။

 

Read More: Luchi Full Scholarship(Japan Scholarship) အတွက်ဖောင်ထုတ်ယူနိုင်ပါပြီ

 

ထိုင်ခုံနေရာကန့်သတ်ထားပါသဖြင့် ယခုပင် အွန်လိုင်းမှ https://bit.ly/2wh4Srd တွင်စာရင်းသွင်းနိုင်ပါသည်။

 

IELTS ဖြေဆိုရန်ရည်ရွယ်ထားသူများအနေဖြင့် ထိုနေ့ တွင် IELTS ဖြေဆိုရန် အွန်လိုင်းမှ registration ပြုလုပ်ပြီး စာမေးပွဲကြေး အားတပါတည်းပေးသွင်းပါက စာမေးပွဲအတွက် လေ့ကျင့်ပြင်ဆင်ပေးသော မေးခွန်းပုံစံများနှင့် အခြားလေ့လာစရာအကြောင်းအရာများပါဝင်သည့် USB နှင့် Notebook လက်ဆောင်ကိုရရှိမည်ဖြစ်ပါသည်။

 

စာကြည့်တိုက်သို့ လာရောက်သောအခါ မှတ်ပုံတင် (သို့) ကျောင်းသားကဒ် တစ်ခုယူဆောင်လာရန်လိုအပ်ပါသည်။

 

(British Council Myanmar)

 

 

News Read 1091 times