Sales Hotline : 09448001653       Download App



အခြေခံပညာကျောင်း ၁၆၅၀ တွင် ကျောင်းအရည်အသွေးအာမခံမှု စံသတ်မှတ်ချက် စတင်ဖော်ဆောင်မည်

အခြေခံပညာကျောင်း ၁၆၅၀ တွင် ကျောင်းအရည်အသွေးအာမခံမှု စံသတ်မှတ်ချက် စတင်ဖော်ဆောင်မည်

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မြို့နယ် ၁၁၀ ရှိ အခြေခံ ပညာကျောင်း ၁၆၅၀ တွင် ကျောင်းအရည်အသွေးအာမခံမှု စံသတ်မှတ်ချက် အညွှန်းဘောင်များကို စတင်ဖော်ဆောင်မည်ဖြစ်ကြောင်းကိုသိရပါသည်။

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံ ပညာကျောင်းများ၏ အရည်အသွေးအာမခံမှုများနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး ပြည်နယ် (၁၅) ခုရှိ မြို့နယ် (၅၇) မြို့နယ်တို့မှ ကျောင်း (၁၁၄) ကျောင်းတို့တွင် ကျောင်းအရည်အသွေး အာမခံမှုစံသတ်မှတ်ချက် အညွှန်းဘောင်မူကြမ်း ရှေ့ပြေးစမ်းသပ်မှု အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြောင်း၊ လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မြို့နယ် (၁၁၀) ရှိ အခြေခံကျောင်း ၁၆၅၀ တွင် စတင်အကေင်အထည်ဖော်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရပါသည်။

 

မြန်မာ့ပညာရေး အရည်အသွေးမြင့်မားရေး လုပ်ငန်းအစီအစဉ်တွေက တစ်ခုပါ။ အရည်အသွေး စံသတ်မှတ်ချက်တွေက အများကြီးပေါ့။ ကျေင်းတစ်ကျောင်းမှာ အဆောက်အအုံ၊ ဆရာ၊ ကျောင်းသား/သူ တွေရဲ့ တတ်မြောက်မှုတွေ၊ သင်ထောက်ကူတွေနဲ့ သင်ကြားမှုတွေ၊ မိဘတွေရဲ့ ပါဝင်မှုတွေကို စံတွေသတ်မှတ်ထားတာပေါ့။ စံသတ်မှတ်ချက်တွေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ကျောင်းကတော့ အရည်အသွေး အာမခံနိုင်မယ့်ကျောင်းအဖြစ် သတ်မှတ်လို့ရတာပေါ့။ တို့နိုင်ငံမှာကျတော့ ကျောင်းအားလုံးက အကုန်ပြည့်စုံနေတာ မဟုတ်တော့ နှစ်အလိုက်လုပ်မှရမယ်လေ" ဟု အခြေခံပညာဦးစီးဌာနမှ အရာရှိတစ်ဦးက ဒီမိုကရေစီတူဒေးသတင်းစာသို့ မတ် (၂၇) ရက်ကပြောပါသည်။

 

Read More: "ဂျာမနီအစိုရပေးသည့် Full Scholarship ပညာတော်သင်ဆု

 

ကျောင်းအရည်အသွေး အာမခံမှု စံသတ်မှတ်ချက် အညွှန်းဘောင်များကို သတ်မှတ်ပြီးပါက လက်ရှိကျောင်းကို စစ်ဆေးနေသော ကျောင်းစစ်ဆေးရေးအဖွဲ့များသည် ကျောင်းအရည်အသွေးကြီးကြပ်မှု အဖွဲ့များအဖြစ် ပြောင်းလဲဖွဲ့စည်းမည် ဖြစ်ကြောင်း သိရပါသည်။

 

 

Source: Democracy today

 

 

News Read 1335 times