News

"၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွက် သိရှိလိုက်နာရမည့်အချက်များ"

"၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွက် သိရှိလိုက်နာရမည့်အချက်များ" google

**မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း၊ လက်ခံခြင်းမပြုရ။


**ငွေကြေး၊ လက်ဆောင်ပစ္စည်းတစ်စုံတစ်ရာ လက်ခံခြင်းမပြုရ။


**ကျောင်းဝတ်စုံအတွက် အတန်းတံဆိပ်နှင့် ကျောင်းတံဆိပ်များ ရောင်းချခြင်းမပြုရ။


**အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရ။

 

Read More: "ပညာသင်စရိတ်အခမဲ့ Mobile School များထပ်မံတိုးမြှင့်ရန်စီစဉ်"


**အသက် (၅) နှစ်ပြည့်သူတိုင်းအား သူငယ်တန်း (KG) တွင်လည်းကောင်း ၊အသက် (၆) နှစ်ပြည့်သူတိုင်းအား ပထမတန်း (Grade1) တွင်လည်းကောင်း၊ ကျောင်းနေအရွယ်အားလုံး ကျောင်းအပ်လက်ခံဆောင်ရွက်ရန်။


**ဇွန်လမှ မတ်လအထိ ကျောင်းတက်မှန်၍ စာသင်ချိန်ဇယားအတိုင်းပုံမှန် အတန်းဝင် သင်ကြားသင်ယူပေးရရန်၊ ရုံးတက်မှန်ရန်။


**ကျောင်းသား/သူ များအားပူးပေါင်းဆောင်ရွက်တတ်၍ တာဝန်ယူတာဝန်ခံ ဆောင်ရွက်တတ်သော တီထွင်ကြံဆနိုင်စွမ်းရှိသည့် လူသားကောင်းများ ဖြစ်လာစေရန်အတွက် ကျောင်းတက်မှန်ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး၊ သင်ယူတတ်မြောက်မှု အရည်အသွေးကောင်းမွန်ရေး မိဘများနှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက်ပါရန်။


**သက်ဆိုင်ရာအတန်းများအလိုက် အခန်းဆုံး စစ်ဆေးခြင်းများကို ၂၀၁၉ ခုနှစ် ဇူလှိုင်လ၊ သြဂုတ်လတွင် တစ်ကြိမ်နှင့် ဒီဇင်ဘာလတွင် တစ်ကြိမ်၊ နှစ်လယ်စစ်ဆေးခြင်းကို အောက်တိုဘာလတွင်တစ်ကြိမ်၊ နှစ်ဆုံးစစ်ဆေးခြင်းကို၂၀၂၀ ခုနှစ်တွင် မတ်လတွင် တစ်ကြိမ် စုစုပေါင်း (၄) ကြိမ်သာ ဆောင်ရွက်ရန်။


**ကျောင်းခေါ်ချိန်မပြည့်သောသူများ၊ သင်ယူတတ်မြောက်မှုအားနည်းသော ကျောင်းသား/ကျောင်းသူများအတွက် ဖြည့်ဆည်းသင်ကြားပေးခြင်း၊ (Remedial Education) ကိုဇူလှိုင်လမှစတင်၍ နှစ်ဆုံးစစ်ဆေးခြင်းမတိုင်မီအထိ စဉ်ဆက်ဆောင်ရွက်ရန်။


**ကျောင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရေးကျောင်းသား/သူများကို တိုက်ရိုက်တွန်းအားပေးပါရန်။


**မူလတန်းအဆင့်တွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းကျောင်းသား/သူ များအားလုံး စာဖတ်ရန်၊ စာရေးတတ်ရန်၊ အခြေခံသင်္ချာတွက်ချက်တတ်ရန် အတွက် အလေးအနက်ထားဆောင်ရွက်ပြီး၊ ကျောင်းထွက်သူ လုံးဝမရှိစေရန်နှင့် အလယ်တန်း၊ အထက်တန်း၊ အဆင့်များသို့ အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် မိဘများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါရန်။


**မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ စီးကရက်၊ ကွမ်းယာ မသုံးစွဲရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။


**ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး၊ မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။


**ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။


**မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးရေးကို မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။


**ကျောင်းသား/သူများ ဂိမ်းစွဲလမ်းမှုပပျောက်စေရေး မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။


**ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ အကြံပြုလို၊ တိုင်ကြားလိုပါက ဒုတိယအမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၁၃၊ နေပြည်တော် (သို့) This email address is being protected from spambots. You need JavaScript enabled to view it. သို့ပေးပို့တိုင်ကြားနိုင်ပါသည်။

 

(ပညာရေးဝန်ကြီးဌာန)

 

 

Read 233 times
Rate this item
(0 votes)