Sales Hotline : 09448001653       Download App



“ အဝေးသင်အနီးကပ်သင်တန်း နှစ်ကြိမ်ဖွင့်လှစ်မည့် ကိစ္စဆွေးနွေးဆောင်ရွက်မည် "

“ အဝေးသင်အနီးကပ်သင်တန်း နှစ်ကြိမ်ဖွင့်လှစ်မည့် ကိစ္စဆွေးနွေးဆောင်ရွက်မည် "

အဝေးသင် အနီးကပ်သင်တန်း နှစ်ကြိမ်ဖွင့်လှစ်မည့်ကိစ္စအား ၂၀၂၀ ခုနှစ်တွင်ဆွေးနွေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါသည်။

 

အဝေးသင် ပညာရေးစနစ်ဖြစ်သည့် အနီးကပ်သင်တန်းများ ကိုနှစ်ကြိမ်ခွဲ၍ ဖွင့်လှစ်မည့်ကိစ္စကို တစ်နိုင်ငံလုံးရှိ ကျောင်းသားသမဂ္ဂများက

ကန့်ကွက်လျက်ရှိပြီး ယခုလ ၁၅ ရက်တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက

ရတနာပုံတက္ကသိုလ်သို့ ရောက်ရှိစဉ် ကျောင်းသား သမဂ္ဂများ၏ မေးမြန်းမှုအပေါ်တွင် ပညာရေးဝန်ကြီးက ၂၀၂၀ ခုနှစ်မှသာ

ယင်းစနစ်အကို ဆွေးနွေးဆောင်ရွက်မည်ဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့ပါသည်။

 

Read More :" ၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို အောက်ပါနေရာများတွင်ဝင်ရာက်ကြည့်ရှုနိုင်ပါသည် "

 

ဆရာလည်းရှိပါတယ်၊ ကျောင်းသားတွေကမေးတော့ ဝန်ကြီးကတော့ ဒီနှစ်တော့မလုပ်သေးဘူး"

ဟုအဆင့်မြင့်ပညာဦးစီးဌာနမှ အရာရှိတစ်ဦးက ဒီမိုကရေစီတူဒေးသို့ မေ ၁၆ ရက်ကပြောပါသည်။

 

အဆင့်မြင့်ပညာဦးစီးဌာနမှ ယခုလ ၉ ရက် ရက်စွဲဖြင့် အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်း များကိုနှစ်ကြိမ်စီိခွဲ၍ ဖွင့်လှစ်ရန်အတွက်

တက္ကသိုလ်အသီးသီးရှိ ဆရာသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ၏ သဘောထားကိုတောင်းခံ သည့်ကြေညာချက်တစ်ခုကို

ထုတ်ပြန်ခဲ့ရာ ယခုလ ၁၄ ရက် နေ့တွင်အဆိုပါပညာရေးစနစ်သစ် အစီအစဉ်ကို ကန့်ကွက်သည့်အနေဖြင့်

ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ဖဲကြိုးနီ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်းသိရပါသည်။

 

အဝေးသင် အနီးကပါသင်တန်းများကို နှစ်ကြိမ်ခွဲ၍ ဖွင့်လှစ်ရန် အကျုံးဝင်သည့် ဘာသာတွဲများမှာ

သိဇ္ဇာဘာသာတွဲများအတွက်သာဖြစ်ပြီး၊ သိပ္ပံဘာသာတွဲများမှာ စနေ၊ တနင်္ဂနွေရက်များ တွင်သာအနီးကပ်

သင်တန်းများအားပုံမှန် တက်ရောက်ရမည်ဖြစ်ကြောင်း ယခုပညာသင်နှစ်တွင် သင်တန်းများအားလုံးသည် ပုံမှန်အတိုင်း

စနစ်အဟောင်းအတိုင်းသာ တက်ရောက်ရမည်ဖြစ်ပါသည်။

 

တစ်နိုင်ငံလုံးတွင် အဝေးသင်ကျောင်းသား/သူ () သိန်းကျော်တက်ရောက်လျက်ရှိပါသည်။

 

 

Source: Democracy Today

 

 

News Read 1327 times