Sales Hotline : 09448001653       Download App



" SIM Global Educational ၏ Study Tour အစီအစဉ်သို့လျှောက်ထားနိုင် "

" SIM Global Educational ၏ Study Tour အစီအစဉ်သို့လျှောက်ထားနိုင် "

စင်ကာပူနိုင်ငံရဲ့ စာသင်ကြားမှုပုံစံနှင့် ယဉ်ကျေးမှုတွေကို လေ့လာလိုသူတွေအနေဖြင့် SIM Global Education (SIMGE ) ရဲ့ Study Tour အစီအစဉ်သို့ လျှောက်ထားနိုင်မည်ဟုသိရပါသည်။

 

Study Tour ကာလမှာဇူလိုင် ၇ ရက်မှ ၁၄ ရက်အထိဖြစ်ပြီး ကုန်ကျစရိတ်အနေနဲ့ စင်ကာပူဒေါ်လာ ၁,၁၅၀ ကျသင့်မှာဖြစ်ပါသည်။

 

Study Tour အစီအစဉ်မှာကျောင်းသား/သူ များအတွက် နေရာစီစဉ်ပေးခြင်း၊ Workshop & Activities များပြုလုပ်ခြင်း၊ သတ်မှတ်ထားတဲ့နေ့များမှာ စားသောက်ဖွယ်ရာများ ကျွေးမွေးခြင်း၊ Airport Transfer များကိုအခမဲ့စီစဉ်ပေးခြင်း အစရှိတာတွေ ပါဝင်သည်ဟု သိရှိရပါသည်။

 

ထို့အပြင် စင်ကာပူနိုင်ငံ၏ ယဉ်ကျေးမှုတွေ၊ စင်ကာပူမှာရှိတဲ့ အထင်ကရနေရာတွေဖြစ်သည့် Merlion, S.E.A Aquarium, Universal Studios Singapore, gardens by the bay အစရှိသည်များကို သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပါသည်ဟု သိရှရပါသည်။

 

Read More: " ရန်ကုန်ကွန်ပျူတာတက္ကသိုလ် တက်ရောက်မည့်ကျောင်းသား/သူများ သိရှိစေရန် "

 

စိတ်ဝင်စားသူတွေ အနေဖြင့် STUDY ABROAD Information Center (ရန်ကုန်ရုံး) ဖုန်း ၀၉-၅၁၅၁၀၀၈၊ ၀၉-၇၃၂၄၂၄၀၄ နှင့် (မန္တလေးရုံး) ဖုန်း ၀၉-၄၂၀၀၉၉၉၉၇ ကိုဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

 

Source: Internet Journal

 

 

News Read 1297 times