Sales Hotline : 09448001653       Download App



Yangon American International School ကို ကျောင်းသားမိဘများ လာရောက်လေ့လာနိုင်ရန် စတင်ဖွင့်လှစ်

Yangon American International School ကို ကျောင်းသားမိဘများ လာရောက်လေ့လာနိုင်ရန် စတင်ဖွင့်လှစ်

**မူလတန်းမှ အထက်တန်းအထိသင်ကြားပို့ချသွားမည့်အဆင့်မြင့်အင်တာနေရှင်နယ်ကျောင်းတစ်ကျောင်း**

 

ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ရန်ကုန်မြို့မှာ နောက်ထပ် “အင်တာနေရှင်နယ်ကျောင်း တစ်ကျောင်း” ဖွင့်လှစ်ရုံတင် မဟုတ်ပါဘူး။ ကျောင်းသားတွေကို တက္ကသိုလ်ပညာရေးအတွက် သာမက ကမ္ဘာ့စီးပွားရေး အသိုက်အဝန်းမှာပါ အောင်မြင်မှုတွေရရှိနိုင်စေမယ့် ပညာရေးစံချိန်စံညွှန်းတွေနဲ့

အခြေပြုပြီး ချမှတ်ရေးဆွဲ ထားတဲ့ သင်ရိုးညွှန်းတမ်းတွေကို အလေးထား သင်ကြားပေးမယ့် စာသင်ကျောင်းတစ်ခု ဖြစ်ဖို့ ရည်ရွယ်ထားပါတယ်။” ဟု Yangon American ၏ ကျောင်းအုပ်ကြီး Robert Crutchfield က ပြောသည်။ “အလုပ်အကိုင် အခွင့်အလမ်းတွေက ပြောင်းလဲမှု မြန်ဆန်လှတဲ့အတွက်

ကျွန်တော်တို့ ကျောင်းသားတွေ တက္ကသိုလ်ကနေ ဘွဲ့ရတဲ့ အချိန်မှာဆိုရင် အခု မရှိသေးတဲ့ အလုပ်တွေအတွက် ပြိုင်ဆိုင်ကောင်းပြိုင်ဆိုင် နေရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့တွေအတွက် ဝေဖန်ဆန်းစစ်နိုင်စွမ်းနဲ့ စူးစမ်းမေးမြန်းလိုစိတ် ရှိလာအောင် သင်ကြားနိုင်တဲ့စွမ်းရည်တွေ ရှိဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

 

Yangon American ကျောင်းတွင် အမေရိကန်နိုင်ငံရှိ ပညာရေး စံချိန်စံနှုန်းများကို အခြေခံ၍ ပေါင်းစပ်ရေး ဆွဲထားသော Common Core သင်ကြားမှုပုံစံနှင့် စံနှုန်းများကို အသုံးပြု သင်ကြားပေးမည် ဖြစ်ပါသည်။ အဆိုပါ Common Core သင်ရိုးညွှန်းတမ်းသည် အမေရိကန်နိုင်ငံတစ်ဝန်းရှိ

ကျောင်းများ အပါအဝင် ကမ္ဘာ တစ်ဝန်းရှိ အင်တာနေရှင်နယ်ကျောင်းများတွင် အသုံးပြုလျက်ရှိပါသည်။

 

အဆိုပါ စံနှုန်းများကို အခြေခံပြီး  ကျောင်းသားများ၏ သင်ကြားရေးတိုးတက်မှုနှုန်းကို တစ်နှစ်လျင်နှစ်ကြိမ် ကွန်ပျုတာအသုံးချ စစ်ဆေး သည့်နည်းလမ်း (MAP) ပုံစံဖြင့် လေ့လာစစ်ဆေးသွားမည် ဖြစ်ပါသည်။

 

အဆိုပါ ရလဒ်များအပြင်  ကျောင်းသား တစ်ဦးချင်း၏ လေ့လာသင်ယူနိုင်ခဲ့သည့် အရာများ၊ ထပ်မံ ကူညီပံ့ပိုးပေးရန် လိုအပ်နေသည့် နေရာများကို တိကျသော စံနှုန်းအပေါ်အခြေခံ၍ ဆရာ၊ ဆရာမများမှ အကဲဖြတ်လေ့လာထားသည့် ရလဒ်များဖြင့် ပေါင်း၍ တစ်ဦးချင်းစီအတွက် သီးသန့်

သင်ကြားရေး အစီအစဉ်တစ်ခုစီ ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။

 

**အဆင့်မြင့် ပညာရေး၊ သင့်တင့်မျှတသည့် ဈေးနှုန်း**


Yangon American ကျောင်းသည် မြန်မာနိုင်ငံသားနှင့် နိုင်ငံအရပ်ရပ်မှ ပြောင်းရွေ့နေထိုင်လျက်ရှိသော နိုင်ငံခြားသား ကျောင်းသားမိဘများအတွက် အဆင့်မြင့်ပညာရေးကို သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် သင်ကြားပေးနိုင်သည့် အင်တာနေရှင်နယ်ကျောင်းများ လိုအပ်နေမှုကို ဖြည့်ဆည်းပေးနိုင်ရန် ဖွင့်လှစ် လိုက်ခြင်းဖြစ်ပါသည်။ 

 

ကျောင်းတွင် တာဝန်ယူသင်ကြားပေးမည့် ဆရာ၊ ဆရာမများမှာ အမေရိကန်နိုင်ငံမှ အတွေ့အကြုံများစွာရှိပြီး သင်ကြားရေးခွင့်ပြုချက် လက်မှတ်ရရှိထားသော တက္ကသိုလ်ဘွဲ့ရ (သို့မဟုတ်) မဟာဘွဲ့ရ ပညာရှင်များ ဖြစ်ပါသည်။

 

အဆင့်မြင့် အဆောက်အဦး ဖွဲ့စည်းမှုပုံစံတွင် စာသင်ခန်းတိုင်း၌ သင်ကြားရေး အထောက်အကူပြု Smart Board နှင့် Tablet များ အပါအဝင် သက်သောင့်သက်သာ စာသင်ကြားနိုင်မည့် အသုံးအဆောင်ပစ္စည်းများ ထားရှိခြင်း၊ ဘက်စုံသုံး အားကစားခန်းမ၊ အသက်အရွယ် အလိုက် သင့်လျော်မှုရှိသည့် ခေတ်မီ ကစားကွင်းများနှင့် Novotel Yangon Max မှ မှာယူထားသည့် အရည်အသွေးမြင့် စားသောက်ဖွယ်ရာများပါဝင်မည် ဖြစ်ပါသည်။

 

“ဒီလို ဝန်ဆောင်မှုတွေ အားလုံးအတွက်  ပေးသွင်းရမယ့်  ကျောင်းလခဟာ ရန်ကုန်မြို့မှာရှိတဲ့ အခြား အဆင့်မြင့် အင်တာနေရှင်နယ်ကျောင်း () ကျောင်းရဲ့ ဈေးနှုန်းထက် (၃၅) ရာခိုင်နှုန်းအထိ လျော့နည်းပါတယ်” ဟု Mr. Crutchfield က ပြောသည်။

 

၂၀၁၉ ခုနှစ်၊ သြဂုတ်လတွင် စတင်ဖွင့်လှစ်မည့် ပညာသင်နှစ်တွင် မြန်မာနှင့် နိုင်ငံအရပ်ရပ်မှ အသက် () နှစ်မှ () နှစ်ရွယ် ကျောင်းသား၊ ကျောင်းသူများအတွက် မူလတန်းကြို အတန်း မှစပြီး အသက် () နှစ်မှ () နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအတွက် Grade 3 အထိ စတင် စာရင်းသွင်း ကျောင်းအပ်နှံ နိုင်ပြီ ဖြစ်သည်။

 

Yangon Americanကျောင်းအနေဖြင့် နှစ်စဉ် အတန်းပညာသင်နှစ် တစ်နှစ်စီ တိုးချဲ့ သင်ကြားပေးမည်ဖြစ်ပြီး မကြာမီအချိန်အတွင်း Grade 12 [အသက် (၁၇) နှစ်မှ (၁၈) နှစ်] အထိ  ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ပါသည်။

 

ရှေ့ဆက်ပြီးတော့ အမေရိကန် သင်ရိုးညွှန်းတမ်းတွေထဲမှာ အကောင်းတစ်ကာ့ အကောင်းဆုံးဖြစ်လာဖို့ နိုင်ငံတကာ ဒီဂရီကောလိပ်ဘွဲ့ (IB) အထိ တက်ရောက်နိုင်အောင် တိုးချဲ့ပေးသွားဖို့ ရှိပါတယ်” ဟု Mr. Crutchfield က ပြောသည်။

 

“ဒါ့အပြင် ကျွန်တော်တို့ ကျောင်းရဲ့သင်ကြားမှု အဆင့်အတန်းနဲ့ သင်ရိုးတွေကို ပိုကောင်းအောင် ဖြည့်စွက်မွမ်းမံနိုင်ဖို့ ကမ္ဘာ့အနောက်ပိုင်းဒေသကျောင်းများနဲ့ ကောလိပ်များအသင်း (WASC) ဆီကနေ အသိအမှတ်ပြုစစ်ဆေးခံဖို့ စတင်ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။


**အချက်အချာနေရာတွင် တည်ရှိသော ခေတ်မီ ကျောင်းဆောင်ကြီး**


Yangon American သည် လူနေစည်ကားသော မြို့နယ်အများစုနှင့် မဝေးသော သွားလာရလွယ်ကူပြီး အချက်အချာကျသည့် လှိုင်မြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်းမပေါ်တွင် တည်ရှိပါသည်။

 

သွားလာရ အဆင်ပြေခြင်းကြောင့် ကျောင်းသို့လာရောက်ရသည့် အချိန်ကိုလျော့ချပေးနိုင်ပြီး ကလေးငယ်များအနေဖြင့် ၎င်းတို့၏ စာသင်ကြားချိန်ကို အာရုံစူးစိုက်နိုင်ရန် မြှင့်တင်လုပ်ဆောင်ပေးနိုင်ပါသည်။ ကျောင်းဆောင်သစ် သည် ကလေးငယ်များအတွက်အားကစားနှင့် အနုပညာဖန်တီးမှုအထိ ဘက်စုံထူးချွန်သူများအဖြစ်ပြုစု ပျိုးထောင်ပေးနိုင်ရန် ဖန်တီး တည်ဆောက်ထားပါသည်။ အဆိုပါ ကျောင်းဆောင်သစ်ကြီးတွင် ထည့်သွင်း ပြင်ဆင်မွမ်းမံထားသော ဝန်ဆောင်မှုအချို့မှာ  အောက်ပါအတိုင်း ဖြစ်ပါသည်။

 

-The ‘Early Learning Village’ - လုံခြုံစွာ ကာရံထားသည့် ပြင်ပစာသင်ခန်း နေရာများကို အလွယ်တကူ သွားလာနိုင်ရန် တိုက်ရိုက်ချိတ်ဆက်ထားသည့် မူလတန်းကြို ကျောင်းသားများအတွက် အထူး သင်ကြားရေးနေရာများ-နည်းပညာ အထောက်အကူများ အသုံးပြုထားခြင်း - စာသင်ခန်းတိုင်းတွင်သင်ကြားရေး အထောက်အကူပြု smart board များ တပ်ဆင်ထားပြီး Kindergarten 2 မှ စတင်ပြီး tablet များ အသုံးပြုနိုင်မည် ဖြစ်ပါသည်။

 

-အဆင့်မီ ကစားကွင်းနှင့် ဘက်စုံသုံး အားကစားခန်းမ - ဒိန်းမတ်နိုင်ငံမှ ထုတ်လုပ်ထားသည့် LARS LAJ™ ကစားကွင်း အသုံးအဆောင်များဖြင့် ပြင်ဆင်ထားသည့် ကျောင်းဆောင်အပြင်ဘက်ရှိ အမိုးအကာ ပါရှိသော ခေတ်မီကစားကွင်းနှင့် ဘောလုံး၊ ဘက်စကတ်ဘော၊ ကြက်တောင်နှင့် အားကစား လှုပ်ရှားမှုမျိုးစုံ ပြုလုပ်နိုင်မည့် ဘက်စုံသုံး အားကစားခန်းမတို့ ပါရှိပါသည်။


-ကြယ်ငါးပွင့် အဆင့်ရှိ ကျောင်းတွင်းစားသောက်ခန်းမ - Novotel Yangon Max ရှိ စားဖိုဆောင်မှ စီမံခန့်ခွဲသည့် ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ဖွယ်ရာများကို နေ့စဉ် အမျိုးအစား စုံလင်စွာဖြင့် ကျောင်းဆောင်ပြင်ပရှိ စားသောက်ခန်းတွင်တည်ခင်းသွားမည် ဖြစ်ပါသည်။


-Parent Café and ‘Parent Help Desk’ - အထူးပြင်ဆင် မွမ်းမံထားပြီး ကော်ဖီ ပူပူနွေးနွေးနှင့် အရသာရှိသော စားသောက်ဖွယ်ရာများရရှိနိုင်သည့်ကျောင်းသားမိဘများ နားခိုရာ စားသောက် ဆိုင်နှင့် နေ့စဉ် မေးမြန်းစုံစမ်းလိုသည့် အချက်များကို ကူညီဖြေရှင်းပေးမည့်  ကျောင်းသားမိဘများ အတွက် သတင်းအချက်အလက် ဌာနတို့ ထားရှိပါသည်။

 

**ဝင်ခွင့်လျှောက်လွာများ စတင်လက်ခံခြင်း**

ကျောင်းစာသင်နှစ်ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး မြန်မာနှင့် နိုင်ငံအရပ်ရပ်မှ အသက် () နှစ်မှ () နှစ်အရွယ်  ကျောင်းသားများအတွက် စတင် ကျောင်းအပ်လက်ခံနေပြီဖြစ်ကာ  ကျောင်းသားဦးရေ အကန့်အသတ် ရှိပါသည်။

 

ကျောင်းဆောင်သစ်အတွင်း လေ့လာကြည့်ရှုလိုသော မိသားစုများအနေဖြင့် ဖုန်းနံပါတ် +၉၅ () ၉၉၇ ၇၀၁ ၂၁၀၀ (သို့မဟုတ်) https://yais.edu.mm တွင် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

 

၂၀၁၉ ခုနှစ်၊ မေလ ၃၁ ရက်နေ့ မတိုင်မီ ကြိုတင်ကျောင်းအပ်နှံ ထားသော မိသားစုများအား“Foundation Families” အဖြစ် သတ်မှတ်၍ ကျောင်းဝင်ကြေး အမေရိကန်ဒေါ်လာ (၅,၀၀၀) နှင့် လျှောက်လွှာကြေး အမေရိကန်ဒေါ်လာ (၂၅၀) တို့အား အသီးသီး သက်ညှာခွင့်ပေး သွားမည် ဖြစ်ပါသည်။

 

 

 

 

News Read 2657 times