Sales Hotline : 09448001653       Download App



“တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းနှင့် အောင်လက်မှတ်ထုတ်သည့်ရုံးနေရာကို ပါရမီလမ်းပေါ်ရှိ ရုံးသစ်သို့ပြောင်းရွှေ့”

“တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းနှင့် အောင်လက်မှတ်ထုတ်သည့်ရုံးနေရာကို ပါရမီလမ်းပေါ်ရှိ ရုံးသစ်သို့ပြောင်းရွှေ့”

က္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းနှင့် အောင်လက်မှတ်ထုတ်သည်ု့နေရာကို ရန်ကုန်မြို့ ပါရမီလမ်းပေါ်ရှိ ရုံးသစ်သို့ ပြောင်းရွေ့မည်ဖြစ်ကြောင်း

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်၏ ပြောဆိုချက်အရ သိရပါသည်။

 

အဆိုပါရုံးသစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းနှင့် အောင်လက်မှတ်ထုတ်ပေးခြင်းများ လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီး

လာမည့်ကျောင်းဖွင့်ချိန်အမီ ပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရပါသည်။

 

ယခင်ထုတ်ပေးခဲ့သည့် ဇွဲကပင်ဆောင်သည် ရန်ကုန်စီးပွားရေးတက္ကသိုလ် အမျိုးသားဆောင်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေပိတ်ပြီးနောက်ပိုင်း

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရုံး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို နှစ်စဉ် အောင်စာရင်းထွက်ပြီး တစ်ပတ်အကြာတွင် နေပြည်တော်ရှိ ရုံးအမှတ်(၅၂)

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင်လည်းကောင်း၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန လှိုင်တက္ကသိုလ်နယ်မြေ

ရန်ကုန်ရုံးခွဲတွင်လည်းကောင်း ထုတ်ပေးလျက်ရှိကြောင်း သိရပါသည်။

 

“ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းနဲ့ အောင်လက်မှတ်ထုတ်တဲ့နေရာကို ပြောင်းရွေ့ဖို့ လုပ်နေပါပြီ။ ရုံးသစ်တည်ဆောက်မှုပိုင်းကလည်း အားလုံးပြီးလို့ အဆင်သင့်ဖြစ်နေပါပြီ။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူတွေက ရုံးသစ်မှာပြောင်းရွှေ့ထုတ်ယူရမှာဖြစ်ပါတယ်”

“ဇွဲကပင်ဆောင်ကို အဆင့်မြင့်ပညာဦးစီးဌာနကို ပြန်အပ်ထားပါတယ်။

 

အခုပြောင်းရွှေ့ဖွင့်လှစ်မှာက လှိုင်တက္ကသိုလ်နယ်မြေဂိတ်(၁) နဲ့ မျက်နှာချင်းဆိုင်နေရာမှာပါ။ ပြောင်းရွှေ့ဖွင့်လှစ်တာနဲ့

အများပြည်သူသိရှိနိုင်အောင် အသိပေးကြေညာမှာဖြစ်ပါတယ်” ဟု ဦးမိုးမြင့်ကျော်ကပြောပါသည်။

 

Source: မြဝတီ

News Read 7930 times