Sales Hotline : 09448001653       Download App



“ဂျပန်နိုင်ငံရှိ သတင်းစာတိုက်ကြီးမှ ပညာတော်သင်ကျောင်းသား/ကျောင်းသူများခေါ်ယူခြင်း”

“ဂျပန်နိုင်ငံရှိ သတင်းစာတိုက်ကြီးမှ ပညာတော်သင်ကျောင်းသား/ကျောင်းသူများခေါ်ယူခြင်း”

ဂျပန်နိုင်ငံရှိ သတင်းစာတိုက်ကြီးမှ ပညာသင်စရိတ်ထောက်ပံ့မည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၁ ခုနှစ်၊ မတ်လပညာသင်နှစ်အတွက်

ပညာတော်သင် ကျောင်းသား/ကျောင်းသူများ ခေါ်ယူခြင်းဖြစ်ပါသည်။

 

**ခေါ်ယူမည့်ကျောင်းသား**

၁။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၁ ခုနှစ်၊ မတ်လ အထိ ၁နှစ်ခွဲကြာ ဂျပန်စာသင်ကျောင်းတွင် ပညာသင်ယူနိုင်မည့်သူ(ကျန်းမာရေးကောင်းသူ)

၂။ တက္ကသိုလ်ဘွဲ့ရရှိပြီး ကျား/မ အသက်(၃၀) နှစ်အောက်ဖြစ်ရပါမည်။

၃။ ဆိုင်ကယ်လိုင်စင်ရှိသူ (သို့) ကားလိုင်စင်ရှိသူ (သို့) ၂၀၁၉ ခုနှစ် (၅) လပိုင်းအတွင်း လိုင်စင်ရှိရမည့်သူ။

၎။ ဂျပန်နိုင်ငံ အသိအမှတ်ပြု N5 အောင်လက်မှတ်ရရှိပြီးသူဖြစ်ရပါမည်။ဂျပန်စာသင်ယူရန် စိတ်ဝင်စားသူ။

၅။ ဂျပန်နိုင်ငံ၏ စည်းကမ်း၊ ကျောင်းစည်းကမ်းတို့ကို လိုက်နာမည့်သူ။

၆။ ဂျပန်တွင်အောင်မြင်အောင်ကြိုးစားမည်ဟု ဆုံးဖြတ်ထားသူ။

၇။ နောင်တစ်ချိန်တွင် မိမိနိုင်ငံအတွက် အကျိုးပြုသူတစ်ယောက်ဖြစ်ရမည်ဟု ယုံကြည်ထားသူ။

 

**ခေါ်ယူမည့်ပုံစံ**

၁။ ကျား/မ မရွေး ကိုယ်ရေးရာဇဝင် (အင်္ဂလိပ်စာ) ကိုအီးမေးလ်ဖြင့် ပို့ပေးရန်။

၂။ ဖောင်ပိတ်ရက်သည် ၂၀၁၉ ခုနှစ်၊ မေလ (၁၀) ရက်နေ့အထိဖြစ်ပါသည်။

၃။ မေလ (၁၀) ရက်နှင့် (၁၁) ရက်နေ့တွင် ဆွေးနွေးပွဲကို Akamonkai Japanese Language School Yangon တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။

၎။ အသေးစိတ်သိရှိလိုပါက… Facebook တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

**ပေးပို့ရန် E-mail…[email protected]**

ဆက်သွယ်ရန် - Akamonkai Japanese Language School

ဖုန်းနံပါတ်       - ၀၉-၄၅၄၀၁၁၈၁၉

Facebook      - AKAMONKAI JAPANESE LANGRAGE SCHOOL YANGON

News Read 3558 times