Sales Hotline : 09448001653       Download App



“ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းများတွင် နယ်မြေကျော်ကျောင်းအပ် လက်မခံရန်ညွှန်ကြားထား”

“ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းများတွင် နယ်မြေကျော်ကျောင်းအပ် လက်မခံရန်ညွှန်ကြားထား”

ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာကျောင်းများတွင် နယ်မြေကျော် ကျောင်းအပ်မှု လက်မခံရန် ညွှန်ကြားထားကြောင်း အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားပါသည်။

 

ကျောင်းနယ်မြေ (School Catchment Area) အား ကျောင်းအလိုက် သတ်မှတ်ထားပြီး သတ်မှတ်ထားသော School Catchment Area ဧရိယာအတွင်း နေထိုင်သော

ကျောင်းသူ/ ကျောင်းသားများသာ ကျောင်းအပ် လက်ခံရမည်ဖြစ်ပြီး နယ်မြေကျော်၍ လာရောက်အပ်နှံသော ကျောင်းသူ /ကျောင်းသားများအား လက်ခံမည် မဟုတ်ကြောင်း သိရပါသည်။

 

“ရန်ကုန်တိုင်းဆိုလည်း နယ်ကျော်ကျောင်းအပ်ခွင့် လုံးဝခွင့်မပြုဘူး။ ဘယ်လို အဆက်အသွယ် ရှိတဲ့သူပဲဖြစ်ဖြစ် ဘယ်လောက် ပါဝါအာဏာ ရှိတဲ့သူပဲဖြစ်ဖြစ်

လုပ်မပေးနဲ့လို့ ပြောထားပြီးသား” ဟု အခြေခံပညာဦးစီးဌာနမ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားပါသည်။

 

ထိုသို့ School Catchment Area များ သတ်မှတ်၍နယ်မြေကျော် ကျောင်းအပ်လက်ခံခြင်း မပြုလုပ်ရန် ညွှန်ကြားထားခြင်းသည် ကျောင်းသားများနှင့်

ဆရာအချိုး မညီမျှမှုများ ရှိနေခြင်း၊ ကျောင်းသားနှင့် စာသင်ခန်း အချိုးမျှတမှု ရှိစေရန်နှင့် လာဘ်စားမှုများ မဖြစ်ပေါ်စေရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရပါသည်။

 

“နယ်မြေကျော် ကျောင်းအပ်လက်မခံနဲ့လို့ ပြောထားပြီးသား။ နယ်မြေကျော်တွေကို လက်ခံတယ်ဆိုရင် အဲဒါ အဂတိပဲလေ” ဟု

အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ပြောကြားပါသည်။

 

နယ်မြေကျော် ကျောင်းအပ်လက်မခံစေရန် ညွှန်ကြားထားခြင်းသည် ယမန်နှစ် ၂၀၁၈ ခုနှစ်တွင် စတင် ညွှန်ကြားထဲခြင်းဖြစ်ပြီး

ယခုနှစ်တွင် ပိုမိုတင်းကြပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။

 

“ပိုပြီးတော့ တင်းတင်းကျပ်ကျပ် လုပ်တာ ဒီနှစ်မှစတာ။ ပြီးခဲ့တဲ့နှစ်ကလည်း တချို့ကျောင်းဧရိယာတွေမှာ လုပ်သေးတယ်။ ဒါပေမဲ့ ဒီနှစ်ကတော့

ရန်ကုန်တိုင်းအပြင် တစ်တိုင်းလုံးထဲက School Catchment Area သတ်မှတ်ထားတဲ့အတိုင်း နယ်ကျော် ကျောင်းအပ်ခွင့်မပေးတော့ဘူး။ အပ်ထားတဲ့

သူတွေကတော့ ဆက်နေပေါ့” ဟု ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားပါသည်။

 

ကျောင်းသူ /ကျောင်းသားများအား ၎င်းတို့နေထိုင်သော ရပ်ကွက်သန်းခေါင်းစာရင်းဖြင့် တိုက်၍ကျောင်းအပ် လက်ခံသွားမည် ဖြစ်ပါသည်။

 

ရန်ကုန်တိုင်းတွင် အခြေခံပညာကျောင်း များစွာရှိသော်လည်း ကျောင်းသားမိဘများသည် ၎င်းတို့ သားသမီးများအား အောင်ချက်ရာခိုင်နှုန်း မြင့်မားသော

အခြေခံပညာကျောင်းများနှင့် လေ့ကျင့်ရေး ကျောင်းများတွင် ငွေကုန်ကြေးကျခံ၍ ဝင်ခွင့်ရရှိရန် ပြုလုပ်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။

 

အခြေခံပညာကျောင်းများ၏ ကျောင်းအပ်လက်ခံခြင်း အစီအစဉ်အား မေလ နောက်ဆုံးအပတ်တွင် ဆောင်ရွက်လျက်ရှိပြီး ဇွန်လတွင်

စာသင်ကျောင်းများ စတင်ဖွင့်လှစ် သွားမည်ဖြစ်သည်။       

               

Source: Eleven Media Group

News Read 2834 times