Sales Hotline : 09448001653       Download App



“ကိုယ်ပိုင်ကျောင်းသစ်ဖွင့်ခွင့်ရသူများကို မေလတွင် ကြေညာမည်”

“ကိုယ်ပိုင်ကျောင်းသစ်ဖွင့်ခွင့်ရသူများကို မေလတွင် ကြေညာမည်”

လာမည့် ပညာသင်နှစ်(၂၀၁၉-၂၀) တွင်ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းသစ် ဖွင့်ခွင်လျှောက်ထားမှုများအနက် ဖွင့်လှစ်ခွင့်ရသူများစာရင်းကို မေလအတွင်ကြေညာပေးရန် လျာထားသည်ဟု

ရန်ကုန်တိုင်ဒေသကြီးပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါသည်

 

ကိုယ်ပိုင်​​ကျောင်းသစ် ဖွင့်လှစ်ခွင့်အပြင် သက်တမ်းတိုး လျှောက်ထားခြင်းများ၊ အတန်းအဆင့် တိုးလျှောက်ထားခြင်းများကိုလည်မေလအတွင်ကြေညာပေးနိုင်ရန် ဆောင်ရွက်​​နေသည်ဟု ၎င်းကဆိုပါသည်

‘‘ကျောင်တွေကို လိုက်စစ်တာတွေပြီးပြီ။ ဒီဘက်က စစ်ထားတာတွေကို အခြေခံပညာဦး စီးဌာနဘက်ကို တင်ပြထားတယ်။ ဦးစီးကစိစစ်ပြီး ခွင့်ပြုချက်ရရင်

ကြေညာပေးမှာ’’ဟု ရန်ကုန်တိုင်ဒေသကြီး ပညာရေးမှူး ရုံးတာဝန်ရှိသူတစ်ဦးက ပြောပါသည်

 

၂၀၁၉ –၂၀ ပညာသင်နှစ်   ဇွန်လကျောင်းဖွင့်ချိန်တွင် ကိုယ်ပိုင်ကျောင်းအသစ် စတင်ဖွင့်လှစ် လိုသူများ၊ ယခင်နှစ်များက ဖွင့်လှစ်ခွင့်ရထားပြီး

သက်တမ်းတိုး၊ အတန်းတိုး၊ ကျောင်းအဆင့်တိုး လျှောက်ထားလိုသူများ ခွင့်ပြုချက်လျှောက်ထားရန်

ပညာရေးဝန်ကြီးဌာနက ၂၀၁၈ နိုဝင်ဘာ၌ လျှောက်လွှာခေါ်ယူခဲ့ပါသည်။

 

ကိုယ်ပိုင်ကျောင်းသစ် လျှောက်ထားသည့်ကျောင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံး စစ်ဆေးရေးအဖွဲ့က လိုက်လံစစ်ဆေးပြီးထောက်

ခံကြောင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်အခြေခံပညာဦးစီးဌာနထံတင်ပြကာ အခြေခံပညာဦးစီးဌာနက ဖွင့်လှစ်ခွင့် ချထားမည် ဖြစပ်ပါသည်။

 

ခွင့်ပြုချက်မကျသေးမီ ကျောင်းသားလက်ခံသင်ကြားနေသည့် ကျောင်းများကို စိစစ်ကြပ်မတ်ရန်လည်း အခြေခံပညာဦးစီးဌာနက

တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများသို့ မတ်လ တတိယပတ်က ညွှန်ကြားထားပါသည်။

 

ပုဂ္ဂလိကကိုယ်ပိုင် ကျောင်းဖွင့်လှစ်ရန် ၂၀၁၁ တွင် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေကို ပြဋ္ဌာန်းပြီး  ၂၀၁၂ ဧပြီအတွင်းကိုယ်ပိုင် ကျောင်းမှတ်ပုံတင်နည်း

ဥပဒေကို ထပ်မံပြဋ္ဌာန်းကာ ယင်းနည်း ဥပဒေအရ စမ်းသပ်တစ်နှစ်၊ ယာယီ ၂ နှစ်လိုင်စင်များ ချထားပေးနေပါသည်။

 

ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် လက်မှတ်မရှိဘဲ တည်ထောင်ဖွင့်လှစ်ပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ကျခံစေရမည့်အပြင်

ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်ဟု ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေ၌ ဖော်ပြထားပါသည်။

 

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများကို ၂၀၁၂-၁၃ ပညာသင်နှစ်က စတင်ဖွင့်လှစ်ခွင့်ပြုပြီး ၂၀၁၈- ၁၉ ပညာသင်နှစ်တွင်

တစ်နိုင်ငံလုံး၌ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ၈၉၆ ကျောင်း ရှိနေပါသည်။

 

Ref: 7Day Daily

News Read 2389 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176