News

“ပညာရေးနှင့် အလုပ်အကိုင် ဒွန်တွဲလုပ်ကိုင်နိုင်လျှင် ကျောင်းသားလူငယ်များ ပိုမိုတိုးတက်နိုင်”

“ပညာရေးနှင့် အလုပ်အကိုင် ဒွန်တွဲလုပ်ကိုင်နိုင်လျှင် ကျောင်းသားလူငယ်များ ပိုမိုတိုးတက်နိုင်” google

ဝင်ငွေလုံလောက်စွာရှိနိုင်မှု၊ မိမိတို့၏ မိသားစုများကို ပြန်လည်ထောက်ပံပေးနိုင်မှု စသဖြင့်လိုအပ်ချက်အများအပြားရှိနိုင်ပါသည်။

ယခုအခါ လူငယ်တွေမှာ အဖြစ်အများနေတဲ့ အကြောင်းအရာတစ်ခုကို ဦးစွာနှိုင်းယှဉ်၍ သုံးသပ်ပြောပြလိုပါသည်။ တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး ကျောင်းသား/ကျောင်းသူ အများစုမှာ ကြုံတွေ့ရတတ်တဲ့ အခက်အခဲ တစ်ခုပါ၊ ကျောင်းသား/ကျောင်းသူတွေ ကျောင်းနားရက်တွေမှာ ဘာတွေလုပ်ကိုင်နေကြသလဲ။ ကိုယ်တိုင်စဉ်းစားသင့်တဲ့အကြောင်းရာတစ်ခုပါ။ မိမိတို့အကျိုးအတွက် ဘာလုပ်သင့်သလဲဆိုတာကို ဦးစွာတွေးကြည့်ပါ။

လူငယ်တွေဘွဲ့ရ ပညာတတ်တွေဖြစ်နေပေမဲ့ အလုပ်လက်မဲ့များပါသည်။ လူငယ်တစ်ယောက်ရဲ့ဘဝ ဟာအလုပ်အကိုင်ပေါ်လည်း မူတည်ပါသည်။ လုပ်ငန်းခွင်တစ်ခုမှာ အဆင်ပြေစွာလုပ်ကိုင်နိုင်ဖို့သည် ပြည့်ဝမှုရှိသော ပညာအရည်အချင်း၊ ကြိုးစားမှုစွမ်းရည်၊ လေ့လာနိုင်မှု အင်အား အစရှိတာတွေလိုအပ်ပါတယ်။

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအစပိုင်းမှာ ကတည်းက မိမိလုပ်ငန်းခွင်လျှောက်လှမ်းရန် ဘယ်လိုသင်တန်းမျိုးတွေ တက်သင့်သလဲ၊ ဘယ်လိုပညာတွေကို လေ့လာရမလဲ၊ ဘယ်လိုလုပ်ငန်းခွင်မျိုးဆို မိမိတတ်မြောက်ထားတဲ့ ပညာတွေနဲ့ သင့်တော်မလဲ ကြိုတင်စဉ်းစားသင့်ပါသည်။

ကျောင်းသားလူငယ်တွေ အနေဖြင့် လုပ်ငန်းခွင်ဝင်ရင်း ပညာရှာနိုင်တဲ့နည်းလမ်းတွေရှိပါသည်။ မိမိကြိုးစားအားထုတ်မှုသာ လိုအပ်တာပါ။ ထိုကဲ့သို့ ပညာရေးနှင့် အလုပ်အကိုင်တွဲ၍ လုပ်ကိုင်နိုင်ပြီဆိုရင် တိုးတက်မှု အခွင့်အလမ်းတွေ အများကြီးရှိလာနိုင်သလို မိမိကြိုက်ရာလုပ်ငန်းခွင်၊ ပညာရေး၊ သင်တန်းကျောင်း အစရှိတာတွေကို ကိုယ်ပိုင်ရွေးချယ်လာနိုင်ပါလိမ့်မယ်။ အသက်ရွယ်ငယ်ပြီး အောင်မြင်မှုရှိနေတဲ့ ပညာတတ်လူငယ် တစ်ယောက်ဖြစ်လာနိုင်ဖို့မိမိကြိုးစားမှုပေါ်သာလျှင် မှုတည်ပါတယ်။

တချို့သော ကျောင်းသားလူငယ်တွေမှာ မိမိတတ်ထားတဲ့ပညာနှင့် အဆင်ပြေမှာမဟုတ်ပါဘူး ဆိုတဲ့အတွေးမျိုးမရှိစေချင်ဘူး။ အခုလက်ရှိကိုယ် သင်ယူထားတဲ့ပညာက တစ်ချိန်ချိန်လုပ်ငန်းခွင်မှာ အသုံးချနိုင်သည်။ အဓိကမှာ လူငယ်တစ်ယောက်က ပညာရေးနှင့် အလုပ်အကိုင် ယှဉ်တွဲလုပ်ကိုင်နိုင်ပြီဆိုလျှင် အများနှင့်ယှဉ်ရင် မိမိလျှောက်လှမ်းနေတဲ့ အနေအထားက ပိုမိုအဆင်ပြေစေမှာဖြစ်ပါတသည်။

 

Author : Phyoe Hthazin Shwe (မိမိအတွေးအမြင်နှင့်ပူးပေါင်းရေးသားခြင်း)

 

Read times
Rate this item
(1 Vote)