News

“မိဘတိုင်းသိသင့်သော ၁၂ တန်းပညာရေးစနစ်သစ်အကြောင်း”

“မိဘတိုင်းသိသင့်သော ၁၂ တန်းပညာရေးစနစ်သစ်အကြောင်း” google

၂၀၁၈-၂၀၁၉ ပညာသင်နှစ် (Grade 2) သင်ရိုးပြောင်းပါမည်။ ထိုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရပါမည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် (Grade 3 and 6) သင်ရိုးပြောင်းပါမည်။ ထိုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရပါမည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ် (Grade 4,7 and 10) သင်ရိုးပြောင်းပါမည်။ ထိုနှစ်မှစ၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရှိတော့မည်မဟုတ်ပါ။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် Grade 5, 8 and 11 သင်ရိုးပြောင်းပါမည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရှိတော့မည်မဟုတ်ပါ။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် (Grade 6, 9 and 12) သင်ရိုးပြောင်းပါမည်။ အခြေခံပညာပြိးမြောက်ခြင်းစစ်ဆေးခြင်းပြီးဆုံးကြောင်း Completion Certificate ချီးမြင့်မည်ဖြစ်ပါသည်။ အဆိုပါ လက်မှတ်ရသူတိုင်းသည် သက်မွေးဝမ်းကျောင်း၊ ပညာသင်ကျောင်းများ၊ မိမိနှစ်သက်ရာ ရွေးချယ်တက်ရောက်နိုင်မည် ဖြစ်ပါသည်။

အဆိုပါ လက်မှတ်ရသူတိုင်း မိမိဆက်လက်သင်ကြားလိုသော တက္ကသိုလ်ပညာကို ဝင်ခွင့်ဖြေဆိုပြီး အောင်မြင်ပါက ဆက်လက်သင်ကြားနိုင်ပါသည်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ၂ နှစ်တွင် သင်ရိုးဟောင်း ကျရှုံးသူများအတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲရှိပါသည်။ အခြေခံပညာရေး ပြီးဆုံးသည်အထိအခမဲ့ ပညာရေးစနစ်ဖြစ်ပါသည်။

**မူလတန်းအဆင့်ပြီးမြောက်မှု ပဉ္စမတန်း Grade 5 စာမေးပွဲကို ခရိုင် (သို့) မြို့နယ်အဆင့်မှလည်းကောင်း၊

**အလယ်တန်းအဆင့်ပြီးမြောက်မှု နဝမတန်း Grade 9 စာမေးပွဲကို တိုင်း/ပြည်နယ်အဆင့် မှလည်းကောင်း၊

**အထက်တန်းအဆင့်ပြီးမြောက်မှု ဒဿမတန်း Grade 12 စာမေးပွဲကို ဗဟိုအဆင့် (အစိုးရစစ်)မှ စစ်ဆေးပါမည်။

23.4.2019 55555

 

Source: EGS Education Guide Servic

Read 1925 times
Rate this item
(1 Vote)