Sales Hotline : 09448001653       Download App



“STEAM Education Game အခမဲ့သင်ကြားပေးမည့်အစီအစဉ်”

“STEAM Education Game အခမဲ့သင်ကြားပေးမည့်အစီအစဉ်”

STEAM Education Game မှာ မြန်မာနိုင်ငံရှိ အစိုးရကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများအား အခမဲ့သင်ကြားပေးမည့်အစီအစဉ်တစ်ခုဖြစ်ပါသည်။

YSEALI ( ဝိုင်ဆီးလီ ) Young Southeast Asians Leaders Initiative ၏ Seeds for the Future 2019 အား 3L Education မှရွေးချယ်ခံရသည့်အတွက် အခြေခံပညာအစိုးရကျောင်းများ ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ ၊ ဘုန်းတော်ကြီးပညာ သင်ကျောင်းများ တွင် တက်ရောက်နေသော မူလတန်း ၊ အလယ်တန်း ကလေးငယ်များ အား STEAM Education ဆိုင်ရာ သိကောင်းစရာများ ပညာရေးဂိမ်းအစီအစဉ်များ အား laptop computer များဖြင့် အခမဲ့သင်ကြားပေးမည်ဖြစ်ပါသည်။

နိုင်ငံတဝန်းကျောင်းပေါင်း ၁ဝဝ ခန့် ၊ မူလတန်း - အလယ်တန်းကျောင်းသားကျောင်းသူ ပေါင်း ၁ဝ,ဝဝဝ ကျော်အား Laptop computer အသုံးပြု၍ STEAM ပညာရေးဂိမ်း များ အခမဲ့ သင်ကြားပေးမည်ဖြစ်ပါသည်။


STEAM ဆိုသည်မှာ Science,Technology, Engineering, Arts and Maths ဖြစ်ပြီး အင်္ဂလိပ်စာ ၊ သင်္ချာ ၊ ပထဝီ ၊ အထွေထွေသိပ္ပံ ၊ ၊ ရောင်စုံဆေးချယ်ခြင်း ၊ ဥာဏ်စမ်း ပညာရေးဂိမ်းများ ပါဝင်ပါသည်။

** ရည်ရွယ်ချက်

    (၁) ကလေးများအနေဖြင့် ဖုန်း ၊ ကွန်ပျူတာတို့ဖြင့် violent , action ဂိမ်းများကစားရခြင်းကို စွဲလမ်းလျှက်ရှိခြင်းကြောင့် ကျောင်းစာနှင့်ပတ်သက်ဆက်နွယ်မှုရှိသော ပညာရေးဂိမ်းများ အား သိရှိစိတ်ဝင်စားစေရန် ရည်ရွယ်၍ သင်ကြားပေးခြင်းဖြစ်ပါသည်။

    (၂) ပျော်ရွင်မှုအပြင် ကလေးငယ်များအား Critical Thinking , Science Knowledge , Computer Literacy ဆိုင်ရာ အသိပညာများ တစ်စိတ်ဒေသ ရရှိနိုင်စေရန်ဖြစ်ပါသည်။

    (၃) အဖွဲ့လိုက် လုပ်ဆောင်သင်ယူရမည် ဖြစ်သောကြောင့် ပူးပေါင်းဆောင်ရွက်မှု ၊ တဖွဲ့နှင့်တဖွဲ့ ယှဉ်ပြိင်ရမည် ဖြစ်သောကြောင့် နိုင်လိုစိတ်ပြင်းပြမှု ၊ စိတ်အားထက်သန်မှုနှင့် လှုံ့ဆော်မှုများ ဖြစ်ပေါ်လာစေရန် ဖြစ်ပါသည်။

    (၄) ကျောင်းများအား STEAM Education ဆိုင်ရာ အရင်းအမြစ်များ နှင့် နည်းပညာများ ၊ နည်းစနစ်များ ထောက်ပံ့ပေးရန်ဖြစ်ပါသည်။

    (၅) နိုင်ငံတကာပညာရေးစနစ်တွင် အသုံးပြုနေသော Education Games အား မိတ်ဆက်ပေးနိုင်ရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ပရောဂျက်အား ပြုလုပ်ရခြင်း ဖြစ်ပါသည်။

       

 

**ပရောဂျက်ပုံစံ

    ကလေးငaယ်များအား STEAM Education Games များပါဝင်သော Laptop computer များ ပေးထားမည်ဖြစ်ပြီး အုပ်စုများ ဖွဲ့စည်း၍ လေ့လာမှု့ ပုံစံဖြင့် သင်ကြားပေးမည်ဖြစ်ပါသည်။

    ကျောင်းတစ်ကျောင်းလျှင် ကြာမြင့်ချိန် (၃) နာရီ မှ (၅) နာရီခန့်အထိ ကြာမြင့်နိုင်ပါသည်။

       

 

**လာရောက်သင်ကြားပေးမည့်ဒေသများ

    တိုင်းနှင့်ပြည်နယ် ၁၄ ခု ။

    ရန်ကုန် ၊ ပြည် ၊ မကွေး ၊ မုံရွာ ၊ မန္တလေး ၊ဟားခါး ၊ မြစ်ကြီးနား ၊ တောင်ကြီး ၊ လွိုင်ကော် ၊ မော်လမြိုင် ၊ မြိတ် ၊ ဘားအံ ၊ စစ်တွေ ၊ ပုသိမ်။

       

 

**ပရောဂျက်ကာလ

    မတ်လ ၂ဝ၁၉ မှ အောက်တိုဘာ ၂ဝ၁၉ အထိ။ (၈) လကြာမြင့်မည်ဖြစ်ပါသည်။

    ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများ ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ ၊ အစိုးရကျောင်းများအနေဖြင့် 3L Education ၏ ဖေ့ဘုတ်စာမျက်နှာမှ တဆင့်သော်လည်းကောင်း ၊ ဖုန်း ဝ၉ ၇၉၉ ၈၅၂ ၄၄၅ , ဝ၉ ၅၃၂၁ ၃၁၄ အားဆက်သွယ် စာရင်းပေးသွင်းနိုင်ပါသည်။

 

**စာရင်းပေးသွင်းရန်အတွက်

    ကျောင်းအမည်

    ကျောင်းလိပ်စာ

    စာရင်းပေးသည့်ဆရာ၊ဆရာမအမည် နှင့် ဖုန်းနံပါတ်


မူလတန်း ၊ အလယ်တန်း ကျောင်းသားအရေအတွက် တို့ကို ရေးသား ၍ မက်ဆေ့ ပေးပို့ လျှောက်ထားနိုင်ပါသည်။

3L Education သည် YSEALI Seeds for the Future 2019 အစီအစဉ်ဖြင့် အခမဲ့ သင်ကြားပေးခြင်းဖြစ်ပါသည်။

ယခု အထိ ရန်ကုန် ၊ ပဲခူး ၊ ဖျာပုံ နှင့် မန္တလေး တို့တွင် ရှိသော ကျောင်းသားကျောင်းသူ (၁) ထောင်ဝန်းကျင်ခန့် သင်ကြားပေးခဲ့ပါသည်။

 

ကျောင်းများနှင့်နေရာများမှာ
ကလေးစာပေပွဲတော် ( ပဲခူးတက္ကသိုလ် )
Htun Thit Private School , Mandalay
Lumbini Academy , Mandalay
TTA Private School ( ဖျာပုံမြို့ ၊ ဧရာဝတီတိုင်း )
Victoria Private School, Mandalay
လမ်းပြကြယ် ကိုယ်ပိုင်အထက်တန်းကျောင်း (ကျောက်ဆည်)
မေတ္တာ ကိုယ်ပိုင်အထက်တန်းကျောင်း ( ကျောက်ဆည် )
အမေ့အိမ် ကိုယ်ပိုင်အထက်တန်းကျောင်း ( ရန်ကုန် )
မော်ကွန်း ကိုယ်ပိုင်အထက်တန်းကျောင်း ( ရန်ကုန် )
စိတ်ဝင်စားသည့် အစိုးရကျောင်း ၊ ကိုယ်ပိုင်အထက်တန်းကျောင်း နှင့် ဘကကျောင်းများအနေဖြင့် ဖုန်း ဝ၉ ၇၉၉ ၈၅၂ ၄၄၅ အားဆက်သွယ်စာရင်းပေးသွင်းနိုင်ပါသည်။

https://litt.xyz/ag6F8

News Read 1713 times