Sales Hotline : 09448001653       Download App



နိုင်ငံတကာကျောင်းများနှင့် ပြည်တွင်း ပုဂ္ဂလိက ကျောင်းများမှ ပြောင်းရွှေ့ပညာ သင်ကြားလိုသူများ လျှောက်ထားနိုင်

နိုင်ငံတကာကျောင်းများနှင့် ပြည်တွင်း ပုဂ္ဂလိက ကျောင်းများမှ ပြောင်းရွှေ့ပညာ သင်ကြားလိုသူများ လျှောက်ထားနိုင်

ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာကျောင်းများနှင့် ဝန်ကြီးဌာနမှခွင့်ပြုထားသော ကိုယ်ပိုင်ကျောင်းများသို့ ပြောင်းရွှေ့သင်ကြားလိုသည့် နိုင်ငံတကာ ကျောင်းများနှင့် နိုင်ငံတကာ သင်ရိုးဖြင့်သင်ကြားနေသော ပြည်တွင်းပုဂ္ဂလိက ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ပညာဆက်လက် သင်ယူလိုသူများအနေဖြင့် အခြေခံပညာ ကျောင်းများ၌ ဆက်လက်ပညာသင်ကြားလိုပါက လျှောက်ထားနိုင်ကြောင်း သိရပါသည်။

လျှောက်ထားသူသည် မိမိအောင်မြင် ပြီးမြောက်ခဲ့သည့် Level အရ တက်ရောက် သင်ကြားလိုသော အတန်း၏ တစ်ဆင့်နိမ့်အတန်း Placement Test ကိုလည်းကောင်း၊ပညာရေးဝန်ကြီးဌာန၏ အတန်းအလိုက် သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်းအတိုင်း ဘာသာရပ်များကို လည်းကောင်း ဖြေဆိုရမည်ဖြစ်ပါသည်။ ဖြေဆိုလိုသော အတန်းနှင့် ကျောင်း၊ မွေးသက္ကရာဇ်အရ အသက်ကိုက်ညီမှု ရှိရမည်ဖြစ်ပါသည်။ လျှောက်ထားသူသည် မိမိတက်ရောက်ခဲ့သည့် ကျောင်းမှ ဖြေဆိုအောင်မြင်ပြီးခဲ့သည့် Level အတွက် ကျောင်းထောက်ခံချက် မူရင်း၊ အောင်လက်မှတ်မူရင်း ပူးတွဲတင်ပြရမည်ဖြစ်ပါသည်။ မွေးသက္ကရာဇ် အတွက် မွေးစာရင်း၊ အသက်အတွက် ထောက်ခံချက် မူရင်းပြ၍ မိတ္တူပူးတွဲ တင်ပြရမည်ဖြစ်ပါသည်။

Placement Test ဖြေဆိုခွင့်လျှောက်လွှာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံး များ၌ ဧပြီ ၂၂ ရက်မှစတင်၍ အခမဲ့ထုတ်ယူကာ ဧပြီ ၃ဝ ရက် နောက်ဆုံးထား ပြန်လည်တင်သွင်း လျှောက်ထားရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံး များ၏ အစီအစဉ်ဖြင့် ခရိုင်ရုံးစိုက်ရာမြို့များ၌ မေ ၆ ရက်တွင် ဖြေဆိုရမည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရပါသည်။

 

source: မြဝတီ

News Read 1602 times