Sales Hotline : 09448001653       Download App
ကလေးငယ်များအတွက် နွေရာသီအထူးသင်တန်းများ
ကလေးငယ်များအတွက် နွေရာသီအထူးသင်တန်းများ
**Unicode**
ပန်းချီသင်တန်း၊ ရေကူးသင်တန်း၊ တိုက်ကွန်ဒိုသင်တန်း၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း အစရှိသည့် နွေရာကျောင်းများသို့ ပို့လျှက်ရှိကြပါတယ်။ ယခု ၂၀၁၇ ခုနှစ်တွင်လည်း ရန်ကုန်မြို့အတွင်း နွေရာသီသင်တန်းကျောင်းများ အများအပြားဖွင့်လှစ်လျှက်ရှိ့ပါသည်။ နွေရာသီတွင် ကလေးငယ်များတက်ရောက်နိုင်သည့် သင်တန်းကျောင်းများကို အောက်တွင် ဖော်ပြထားပါတယ်။
Art Zone ပန်းချီသင်တန်း
Art Zone ပန်းချီသင်တန်းကျောင်းတွင် နိုင်ငံတကာတွင် အထူးသုတေသနပြုလုပ်ထားသောကမ္ဘာ့အသိအမှတ်ပြု ပန်းချီသင်ရိုးကိုအမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ Painting Major ဖြင့် ဘွဲ့ရထားသောဆရာမကိုယ်တိုင် သင်ကြားပေးမည်ဖြစ်ပြီးအတန်းငယ်မှစတင်၍ အတန်းကြီးများအထိ Level အလိုက် ရေးဆွဲနိုင်မှုပေါ်မူတည်၍ တစ်ယောက်ချင်းစီသင်ကြားပေးကြောင်းသိရပါတယ်။
ရေဆေးရေးခြယ်ရာတွင် လိုအပ်သောဆေးရောင်/စုပ်တံအစရှိသည်တို့ကိုသင်တန်းတွင် ထားရှိပေးထားမည်ဖြစ်သောကြောင့် သင်တန်းသားများယူလာရန်မလိုအပ်ပါ။
သင်တန်းအလိုက် သင်ကြားခြင်းမျိုးမဟုတ်ဘဲတစ်ဦးချင်းအလိုက် ဂရုတစိုက်သင်ကြားပေးမည်ဖြစ်သောကြောင့် အတန်းပျက်လျှင်လည်းအစားထိုးတက်ရောက်နိုင်ပါတယ်။
သင်တန်းကိုမတ်လ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီးစနေ၊ တနင်္ဂနွေတန်းခွဲများ၊ ကြားရက်တန်းခွဲများဟူ၍ ကြိုက်နှစ်သက်ရာကိုရွေးချယ်တက်ရောက်နိုင်ပါတယ်။
သင်တန်းကြေးမှာအခြေခံပန်းချီသင်တန်းနှင့် အဆင့်မြင့်ပန်းချီသင်တန်း (၃)လပြတ်အတွက် ကျပ် ၇ သောင်းပေးသွင်းရမှာဖြစ်ပါတယ်။
အမှတ် ၁၃၈၊ ၄လွှာ (ညာ)၊ အနော်ရထာလမ်းမပေါ်၊ ၄၈ လမ်းထိပ်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
၀၉-၄၅၀၀၅၀၄၇၃၊ ၀၉-၄၅၉၈၃၀၉၆၃
ဗြိတိသျှကောင်စီ
ကလေးများအတွက် နွေရာသီအင်္ဂလိပ်စာသင်တန်းကျောင်းများစာရင်းပေးနိုင်ပါပြီ။ အသက် ၇ နှစ်မှ ၁၅ နှစ် ကလေးများအတွက် နွေရာသီအင်္ဂလိပ်စာသင်တန်းများကိုမတ်လ ၂၀ ရက်မှ ဧပြီ ၄ ရက်နေ့အထိဖွင့်လှစ်မှာ ဖြစ်ကြောင်းသိရပါတယ်။
သင်တန်းကြေးမှာကျပ် ၂၅၅,၀၀၀ ဖြစ်ပြီးတက်ရောက်သောကလေးတိုင်း ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် တစ်နှစ်အခမဲ့ အသင်းဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ တစ်နေ့ (၂) နာရီ၊ သင်ကြားချိန်စုစုပေါင်းနာရီ (၃၀) ရှိမည်ဖြစ်ပြီး Placement Test ဖြေရန်မလို၊ စာအုပ်ဝယ်ရန်မလိုပါ။ သင်တန်းကိုတနင်္လာနေ့မှ သောကြာနေ့ အထိတက်ရောက်ရမှာဖြစ်ပါတယ်။
သင်တန်းတွင် အရည်အသွေးပြည့်ဝသော အတွေ့အကြုံရှိ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရဆရာ/ဆရာမကိုယ်တိုင် သင်ကြားပေးမည်ဖြစ်ကြောင်းသိရပါတယ်။
တက်ရောက်လိုသောကလေးများများစွာရှိသောကြောင့် သက်မှတ်ထားသောရက်များတွင် ဦးရာလူစနစ်ဖြင့် စောလျှင်စွာလာရောက်စာရင်းပေးပါမှ နေရာရရှိရန် သေချာမှာဖြစ်ပါတယ်။
၀၁- ၃၇၀၉၃၃၊ ၀၁-၃၇၀၉၄၄
ဝူရှူးသင်တန်း
အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)တွင် နွေရာသီအခြေခံကလေးများအတွက် ဝူရှူးသင်တန်းများကိုဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်းသိရပါတယ်။ သင်တန်းချိန် နံနက် ၇ နာရီမှ ၉ နာရီခွဲအထိ ဖြစ်ပြီးသင်တန်းကာလမှာ ၆.၃.၂၀၁၇ မှ ၃၁.၃.၂၀၁၇ ထိအပတ်စဉ်တနင်္လာနေ့မှ သောကြာနေ့အထိ ဖြစ်ကြောင်းသိရပါတယ်။ သင်တန်းကြေးမှာတစ်ယောက်လျှင် ကျပ် ၁ သောင်း ဖြစ်ပြီးစာရင်းပေးသွင်းရန်နေရာမှာအားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)၊ ဝူရှူးသင်တန်းခန်းမ ၊ ကျိုက္ကဆံကွင်းတွင် စာရင်းပေးသွင်းနိုင်ပါတယ်။
၀၉-၄၄၉၀၃၄၀၅၁၊ ၀၉-၉၆၉၈၁၆၄၁၈
ရေကူးသင်တန်း
အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)တွင် နွေရာသီအခြေခံကလေးများအတွက် ရေကူးသင်တန်းများကိုဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်းသိရပါတယ်။ သင်တန်းချိန် နံနက် ရး၃၀ မှ ၉ နာရီအထိယောကျ်ားလေးသီးသန့်တစ်ချိန်၊ နံနက် ၈း၃၀ မှ ၁၀ နာရီအထိမိန်းကလေးသီးသန့်တစ်ချိန်၊ ညနေ ၅ နာရီမှ ၆း၃၀ နာရီအထိမိန်းကလေးနှင့် ယောက်ျားလေးပေါင်းသင်မည်ဖြစ်ကြောင်းသိရပါတယ်။
ဖြစ်ပြီးသင်တန်းကာလမှာ ၁.၃.၂၀၁၇ မှ ၃၀.၃.၂၀၁၇ ထိအပတ်စဉ်တနင်္လာနေ့မှ သောကြာနေ့အထိတစ်ပတ် ၅ ရက်သင်ကြားမည်ဖြစ်ကြောင်းသိရပါတယ်။ သင်တန်းကြေးမှာတစ်ယောက်လျှင် ကျပ် ၃ သောင်း ဖြစ်ပြီးစာရင်းပေးသွင်းရန်နေရာမှာအားကစားနှင့် ကာယပညာသိ ပ္ပံ (ရန်ကုန်)၊ ရေကူးကန်၊ ကျိုက္ကဆံကွင်းတွင် စာရင်းပေးသွင်းနိုင်ပါတယ်။
၀၉-၄၄၉၀၃၄၀၅၁၊ ၀၉-၉၆၉၈၁၆၄၁၈
ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စကားပြောသင်တန်း
နွေရာသီကျောင်းပိတ်ရက်ကိုအကျိုးရှိရှိအသုံးချနိုင်ရန်အတွက် ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စကားပြောနှင့် သဒ္ဒါသင်တန်းများကိုဖွင့်လှစ်သင်ကြားပေးကြောင်းသိရပါတယ်။
ကွန်ပျူတာသင်တန်းများတွင် i-office (အခြေခံသင်တန်း)၊ D.T.P (စာစီစာရိုက်သင်တန်း) နှင့် Graphic Design (ဒီဇိုင်းသင်တန်း)များပို့ချပေးလျှက်ရှိပါတယ်။
အင်္ဂလိပ်စကားပြောသင်တန်းများမှာBasic Spoken English & Grammar နှင့် General English (4 Skills)သင်တန်းများကိုမတ်လ (၈)နေ့တွင် စတင်မည်ဖြစ်ကြောင်းသိရပါတယ်။ သင်တန်းကာလမှာမတ်လမှ မေလအလယ်လောက်အထိဖြစ်ပြီးသင်တန်းကြေးမှာကွန်ပျူတာအတွက် ကျပ် ၄ သောင်းနှင့် အင်္ဂလိပ်စာအတွက် ကျပ် ၄ သောင်းသွင်းရမှာဖြစ်ပါတယ်။ နှစ်မျိုးမတက်ချင်သူများအတွက် တစ်မျိုးတည်းကိုပဲတက်ရောက် သင်ကြားနိုင်ကြောင်းသိရပါတယ်။
R.S. Computer Centre
(၃၂)၊ ပထပ်၊ တိုက် (၁)၊ အင်းစိန်လမ်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းမီးပွိုင့်အနီး၊ ရန်ကုန်မြို့။
၀၁-၅၁၁၉၅၃၊ ၀၉-၇၃၀၂၁၈၉၃၊ ၀၉-၇၉၅၈၃၅၄၃၇
**Zawgyi**
ဗြိတိသျှကောင်စီ
၀၁- ၃၇၀၉၃၃၊ ၀၁-၃၇၀၉၄၄
ဝူရှူးသင်တန်း
ရေကူးသင်တန်း
အားကစားနှင့် ကာယပညာသိပံ (ရန်ကုန်)တွင် နွေရာသီအခြေခံကလေးများအတွက် ရေကူးသင်တန်းများကိုဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်းသိရပါတယ်။ သင်တန်းချိန် နံနက် ၇း၃၀ မှ ၉ နာရီအထိယောက်ျားလေးသီးသန့်တစ်ချိန်၊ နံနက် ၈း၃၀ မှ ၁၀ နာရီအထိမိန်းကလေးသီးသန့်တစ်ချိန်၊ ညနေ ၅ နာရီမှ ၆း၃၀ နာရီအထိမိန်းကလေးနှင့် ယောက်ျားလေးပေါင်းသင်မည်ဖြစ်ကြောင်းသိရပါတယ်။
R.S. Computer Centre
Tips Read 2438 times