Sales Hotline : 09448001653       Download App



မူကြိုကလေးများ၏ အပြုအမူများနှင့်ပတ်သက်ပြီး သိထားသင့်သော အရာများ

မူကြိုကလေးများ၏ အပြုအမူများနှင့်ပတ်သက်ပြီး သိထားသင့်သော အရာများ

**Unicode**

(အသက် ၃-၅)မှာ မူကြိုတက်နေတဲ့တစ်လျှောက် ကိုယ့်ကလေးငယ်ရဲ့အပြုအမူတွေကို ဘယ်လိုကိုင်တွယ်ရမှန်းမသိ ဖြစ်နေပါသလား။ အော်ဟစ်ငိုယိုသောင်းကျန်းတာ၊ ဝုန်းဒိုင်းကြဲတာ၊ အကျင့်ဆိုးတွေ၊ လိaမ်ညာပြောတာ၊ ကြောက်တတ်တာနဲ့ တခြား အများကြီးရှိပါသေးတယ်။

မူကြိုကလေးများ၏ အပြုအမူများအား နားလည်ခြင်း

မူကြိုကလေးတွေက ကြီးပြင်းလာတာနဲ့အမျှ သူတို့ကိုထိန်းချုပ်ပဲ့ကိုင်ပေးတဲ့ စည်းလေးတော့ လိုအပ်ပါတယ်။ သတ်မှတ်ထားတဲ့ လုပ်ရိုးလုပ်စဉ်နဲ့စည်းတွေက ကလေးကိုလုံခြုံမှုပေးပြီး၊ အသက်အရွယ်အလိုက် လိုက်နာ လုပ်ဆောင်ရမယ့် အရာတွေကို တာဝန်ယူနိုင်ဖို့ကူညီပေးပါတယ်။  

မူကြိုအရွယ်ကလေးတွေက သူတို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကို နားလည်ဖို့ကြိုးစားနေကြတဲ့အတွက် တခါတလေမှာ စိတ်ပြန့်လွင့်တာမျိုး ဖြစ်တတ်ပါတယ်။ပြီးတော့ လူကြီးတွေနေ့တိုင်း ပုံမှန်ပြုလုပ်နေတဲ့ အရာတွေ (စကားစမြည်ပြောကြတာမျိုး) ကို ကလေးတွေအနေနဲ့ လေ့လာသင်ယူနေတုန်းပဲ ဖြစ်ပါတယ်။

ဥပမာ ကလေးက စကားနားမထောင်ဘူးလို့ သင့်အနေနဲ့ ထင်ကောင်းထင်နေပေမယ့်၊ ကလေးအတွက်ကတော့ လွန်ခဲ့တဲ့ (၅) မိနစ်လောက်က တစ်စုံတစ်ယောက် ဘာပြောသွားလဲ စဉ်းစားနေတာတာ ဖြစ်နိုင်ပါတယ်။

ကလေးများ၏ အပြုအမူများနှင့်ပတ်သက်ပြီး ဘာတွေသိထားရမလဲ။

ဝုန်းဒိုင်းကြဲခြင်းနှင့် တခြားပြသနာများ

- ကိုယ့်ကလေးက အရမ်းသောင်းကျန်းတတ်တယ်ဆိုရင် ဒီအပြုအမူက ၁-၃ နှစ်ကြား ကလေးတွေအတွက် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုဆိုတာ သတိရပေးပါ။ ဒါမျိုးတွေက ကလေးအသက် ၄ နှစ်ကျော်ရင် နည်းသွားတဲ့အတွက် လောလောဆယ်တော့ သည်းခံထားပါဦးလို့ပဲ ပြောပါရစေ။

ကလေးအနေနဲ့ အစားအသောက်နဲ့ပတ်သက်ပြီး တိကျတာမျိုးလည်း ရှိနိုင်ပါတယ်၊ ဥပမာ ကလေး ဘယ်အချိန်မှာ ဘာစားလေ့ရှိလဲ။ အဲ့လိုအကျင့်ရှိတယ်ဆိုရင်တော့ သူစားနေကျ အချိန်မှာ ကျွေးဖို့အတွက် ကိုယ့်မှာတာဝန်ရှိပါတယ်။

သူပုံမှန်ဆိုရင် ဘယ်လောက်စားနိုင်လဲဆိုတာလည်း သိပါ။ပြီးတော့ ကလေးတွေ စုံလာပြီဆိုရင် ရန်ဖြစ်ကြတာက ပုံမှန်ပဲ ဖြစ်ပါတယ်။ ရန်ဖြစ်စေတဲ့အချက်အချို့ထဲမှာ ကလေးတွေရဲ့ စိတ်ခံစားလွယ်မှု၊ ပတ်ဝန်းကျင်၊ အသက်အရွယ် နှင့် စွမ်းရည်တွေပဲ ဖြစ်ပါတယ်။ အိမ်မှာကလေးတွေ ရန်ဖြစ်ကြပြီဆိုရင် ဒီအချက်တွေသုံးပြီး ကိုင်တွယ်နိုင်ပါတယ်။

အကျင့်ဆိုးများနှင့် လိမ်ညာပြောခြင်းများ

ကလေးတော်တော်များများမှာ အကျင့်ဆိုးတွေရှိတတ်ကြပါတယ်၊ ဥပမာ လက်သည်းကိုက်ခြင်း။ ကိုယ့်ကလေးဆီမှာ အကျင့်ဆိုးတွေရှိနေရင် နည်းနည်းစိတ်အနှောက်အယှက်ဖြစ်စရာပါပဲ၊ ဒါပေမယ့် ဒီအကျင့်ဆိုးတွေက အချိန်တန်ရင် ပျောက်သွားတဲ့အတွက် ပြသနာတော့မဟုတ်ပါဘူး။

သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို ထိခိုက်စေရင်တော့ သင့်အနေနဲ့ အဲ့ဒီအကျင့်ဆိုးကို ဖျောက်ပစ်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ကလေး လိမ်ညာပြောနေတာမျိုးနဲ့လည်း ကြုံရနိုင်ပါတယ်။

လိမ်ညာခြင်းက ကလေးတွေရဲ့ ဖွံ့ဖြိုးရေးအတွက် အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး (၃) နှစ်အရွယ်လောက်မှာ စလေ့ရှိပါတယ်။

အသက် ၄-၆ နှစ်အတွင်း ကလေးတွေက တခြားအသက်အပိုင်းအခြားကလေးတွေထက် ပိုလိမ်ပြောတတ်ကြပါတယ်။ အများအားဖြင့်ကတော့ အပြစ်ပေးတာထက် ရိုးသားခြင်းနဲ့ အမှန်အတိုင်းပြောခြင်းရဲ့တန်ဖိုးကို နားလည်လာအောင် သင်ပြပေးတာက ပိုကောင်းပါတယ်။

ကြောက်တတ်ခြင်း

ကြောက်တတ်ခြင်းက ကလေးဖွံ့ဖြိုးရေးရဲ့တစ်ဆိတ်တစ်ဒေသဖြစ်ပြီး တစ်ယောက်တည်းဖြစ်မှာ ကြောက်ခြင်းနဲ့ အမှောင်ကြောက်တတ်ခြင်းတွေ ရှိတတ်ပါတယ်။ တကယ်လို့ ကိုယ့်ကလေးမှာ ဒီလိုကြောက်အားကြီးတဲ့ လက္ခဏာတွေ တွေ့ရတယ်ဆိုရင်တော့ လက်ခံအသိအမှတ်ပြုပေးတာ ပိုကောင်းပါတယ်။

ပြီးတော့ သူမလုပ်ရဲတာတွေ လုပ်နိုင်သွားရင် ချီးကျူးပေးတာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။ ကလေးကို “… က ကြောက်တတ်တယ်” ဆိုပြီး တံဆိပ်တပ်ပြောဆိုခြင်းမျိုး ရှောင်ရှားသင့်ပြီး ကလေး တကယ်ကြောက်နေတဲ့ အခါမှသာ အကူအညီပေးတာမျိုးလုပ်ပါ။

ဒီ့အပြင် ကလေးဆီမှာ အတွေးထဲဖန်တီးထားတဲ့သူငယ်ချင်းမျိုး ရှိနေတယ်ဆိုရင် ဒီအရွယ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အတွက် စိတ်မပူပါနဲ့။

ဒီလိုသူငယ်ချင်းမျိုးတွေက ကောင်းမွန်တဲ့ စိတ်ကူး ဉာဏ်တွေနေ မွေးဖွားလာတာဖြစ်တဲ့အတွက် ကလေးတွေအတွက် စိတ်ထဲရှိရာကိုဖော်ပြနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်ပြီး လူမှုရေးရာစွမ်းရည်တွေကို လေ့ကျင့်ပေးရာလည်းရောက်ပါတယ်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

 

 

**Zawgyi**

(အသက္ ၃-၅)မွာ မူႀကိဳတက္ေနတ့ဲတစ္ေလွ်ာက္ ကိုယ့္ကေလးငယ္ရဲ႕အျပဳအမူေတြကို ဘယ္လိုကိုင္တြယ္ရမွန္းမသိ ျဖစ္ေနပါသလား။ ေအာ္ဟစ္ငိုယိုေသာင္းက်န္းတာ၊ ၀ုန္းဒိုင္းႀကဲတာ၊ အက်င့္ဆိုးေတြ၊ လိaမ္ညာေျပာတာ၊ ေၾကာက္တတ္တာနဲ႕ တျခား အမ်ားႀကီးရွိပါေသးတယ္။

မူႀကိဳကေလးမ်ား၏ အျပဳအမူမ်ားအား နားလည္ျခင္း

မူႀကိဳကေလးေတြက ႀကီးျပင္းလာတာနဲ႕အမွ် သူတို႕ကိုထိန္းခ်ဳပ္ပ့ဲကိုင္ေပးတ့ဲ စည္းေလးေတာ့ လိုအပ္ပါတယ္။ သတ္မွတ္ထားတ့ဲ လုပ္ရိုးလုပ္စဥ္နဲ႕စည္းေတြက ကေလးကိုလံုၿခံဳမႈေပးၿပီး၊ အသက္အရြယ္အလိုက္ လိုက္နာ လုပ္ေဆာင္ရမယ့္ အရာေတြကို တာ၀န္ယူႏိုင္ဖို႕ကူညီေပးပါတယ္။  

မူႀကိဳအရြယ္ကေလးေတြက သူတို႕ပတ္၀န္းက်င္မွာ ျဖစ္ပ်က္ေနတာေတြကို နားလည္ဖို႕ႀကိဳးစားေနၾကတ့ဲအတြက္ တခါတေလမွာ စိတ္ျပန္႕လြင့္တာမ်ဳိး ျဖစ္တတ္ပါတယ္။ၿပီးေတာ့ လူႀကီးေတြေန႕တိုင္း ပံုမွန္ျပဳလုပ္ေနတ့ဲ အရာေတြ (စကားစျမည္ေျပာၾကတာမ်ဳိး) ကို ကေလးေတြအေနနဲ႕ ေလ့လာသင္ယူေနတုန္းပဲ ျဖစ္ပါတယ္။

ဥပမာ ကေလးက စကားနားမေထာင္ဘူးလို႕ သင့္အေနနဲ႕ ထင္ေကာင္းထင္ေနေပမယ့္၊ ကေလးအတြက္ကေတာ့ လြန္ခဲ့တ့ဲ (၅) မိနစ္ေလာက္က တစ္စံုတစ္ေယာက္ ဘာေျပာသြားလဲ စဥ္းစားေနတာတာ ျဖစ္ႏိုင္ပါတယ္။

ကေလးမ်ား၏ အျပဳအမူမ်ားႏွင့္ပတ္သက္ၿပီး ဘာေတြသိထားရမလဲ။

၀ုန္းဒိုင္းႀကဲျခင္းႏွင့္ တျခားျပသနာမ်ား

- ကုိယ့္ကေလးက အရမ္းေသာင္းက်န္းတတ္တယ္ဆိုရင္ ဒီအျပဳအမူက ၁-၃ ႏွစ္ၾကား ကေလးေတြအတြက္ ပံုမွန္ျဖစ္ရိုးျဖစ္စဥ္တစ္ခုဆိုတာ သတိရေပးပါ။ ဒါမ်ဳိးေတြက ကေလးအသက္ ၄ ႏွစ္ေက်ာ္ရင္ နည္းသြားတ့ဲအတြက္ ေလာေလာဆယ္ေတာ့ သည္းခံထားပါဦးလို႕ပဲ ေျပာပါရေစ။

ကေလးအေနနဲ႕ အစားအေသာက္နဲ႕ပတ္သက္ၿပီး တိက်တာမ်ဳိးလည္း ရွိႏိုင္ပါတယ္၊ ဥပမာ ကေလး ဘယ္အခ်ိန္မွာ ဘာစားေလ့ရွိလဲ။ အ့ဲလိုအက်င့္ရွိတယ္ဆိုရင္ေတာ့ သူစားေနက် အခ်ိန္မွာ ေကြ်းဖို႕အတြက္ ကိုယ့္မွာတာ၀န္ရွိပါတယ္။

သူပုံမွန္ဆိုရင္ ဘယ္ေလာက္စားႏိုင္လဲဆိုတာလည္း သိပါ။ၿပီးေတာ့ ကေလးေတြ စံုလာၿပီဆိုရင္ ရန္ျဖစ္ၾကတာက ပံုမွန္ပဲ ျဖစ္ပါတယ္။ ရန္ျဖစ္ေစတ့ဲအခ်က္အခ်ဳိ႕ထဲမွာ ကေလးေတြရဲ႕ စိတ္ခံစားလြယ္မႈ၊ ပတ္၀န္းက်င္၊ အသက္အရြယ္ ႏွင့္ စြမ္းရည္ေတြပဲ ျဖစ္ပါတယ္။ အိမ္မွာကေလးေတြ ရန္ျဖစ္ၾကၿပီဆိုရင္ ဒီအခ်က္ေတြသံုးၿပီး ကိုင္တြယ္ႏုိင္ပါတယ္။

အက်င့္ဆိုးမ်ားႏွင့္ လိမ္ညာေျပာျခင္းမ်ား

ကေလးေတာ္ေတာ္မ်ားမ်ားမွာ အက်င့္ဆိုးေတြရွိတတ္ၾကပါတယ္၊ ဥပမာ လက္သည္းကိုက္ျခင္း။ ကိုယ့္ကေလးဆီမွာ အက်င့္ဆိုးေတြရွိေနရင္ နည္းနည္းစိတ္အေႏွာက္အယွက္ျဖစ္စရာပါပဲ၊ ဒါေပမယ့္ ဒီအက်င့္ဆိုးေတြက အခ်ိန္တန္ရင္ ေပ်ာက္သြားတ့ဲအတြက္ ျပသနာေတာ့မဟုတ္ပါဘူး။

သူ႕ရဲ႕ေန႕စဥ္လႈပ္ရွားမႈေတြကို ထိခိုက္ေစရင္ေတာ့ သင့္အေနနဲ႕ အ့ဲဒီအက်င့္ဆိုးကို ေဖ်ာက္ပစ္ႏိုင္ေအာင္ ကူညီေပးႏိုင္ပါတယ္။ကေလး လိမ္ညာေျပာေနတာမ်ဳိးနဲ႕လည္း ႀကံဳရႏိုင္ပါတယ္။

လိမ္ညာျခင္းက ကေလးေတြရဲ႕ ဖြံ႕ၿဖိဳးေရးအတြက္ အစိတ္အပိုင္းတစ္ခုသာျဖစ္ၿပီး (၃) ႏွစ္အရြယ္ေလာက္မွာ စေလ့ရွိပါတယ္။

အသက္ ၄-၆ ႏွစ္အတြင္း ကေလးေတြက တျခားအသက္အပိုင္းအျခားကေလးေတြထက္ ပိုလိမ္ေျပာတတ္ၾကပါတယ္။ အမ်ားအားျဖင့္ကေတာ့ အျပစ္ေပးတာထက္ ရိုးသားျခင္းနဲ႕ အမွန္အတိုင္းေျပာျခင္းရဲ႕တန္ဖိုးကို နားလည္လာေအာင္ သင္ျပေပးတာက ပိုေကာင္းပါတယ္။

ေၾကာက္တတ္ျခင္း

ေၾကာက္တတ္ျခင္းက ကေလးဖြံ႕ၿဖိဳးေရးရဲ႕တစ္ဆိတ္တစ္ေဒသျဖစ္ၿပီး တစ္ေယာက္တည္းျဖစ္မွာ ေၾကာက္ျခင္းနဲ႕ အေမွာင္ေၾကာက္တတ္ျခင္းေတြ ရွိတတ္ပါတယ္။ တကယ္လို႕ ကုိယ့္ကေလးမွာ ဒီလိုေၾကာက္အားႀကီးတ့ဲ လကၡဏာေတြ ေတြ႕ရတယ္ဆိုရင္ေတာ့ လက္ခံအသိအမွတ္ျပဳေပးတာ ပိုေကာင္းပါတယ္။

ၿပီးေတာ့ သူမလုပ္ရဲတာေတြ လုပ္ႏိုင္သြားရင္ ခ်ီးက်ဴးေပးတာမ်ဳိးလည္း လုပ္ေပးႏိုင္ပါတယ္။ ကေလးကို “… က ေၾကာက္တတ္တယ္” ဆိုျပီး တံဆိပ္တပ္ေျပာဆိုျခင္းမ်ိဳး ေရွာင္ရွားသင့္ၿပီး ကေလး တကယ္ေၾကာက္ေနတ့ဲ အခါမွသာ အကူအညီေပးတာမ်ဳိးလုပ္ပါ။

ဒီ့အျပင္ ကေလးဆီမွာ အေတြးထဲဖန္တီးထားတ့ဲသူငယ္ခ်င္းမ်ဳိး ရွိေနတယ္ဆိုရင္ ဒီအရြယ္မွာ ျဖစ္ေလ့ျဖစ္ထရွိတ့ဲအတြက္ စိတ္မပူပါနဲ႕။

ဒီလိုသူငယ္ခ်င္းမ်ဳိးေတြက ေကာင္းမြန္တ့ဲ စိတ္ကူး ဥာဏ္ေတြေန ေမြးဖြားလာတာျဖစ္တ့ဲအတြက္ ကေလးေတြအတြက္ စိတ္ထဲရွိရာကိုေဖာ္ျပႏိုင္မယ့္ နည္းလမ္းတစ္ခုျဖစ္ျပီး လူမႈေရးရာစြမ္းရည္ေတြကို ေလ့က်င့္ေပးရာလည္းေရာက္ပါတယ္။

ပညာေရးလမ္းညႊန္website တြင္ျမန္မာတစ္ႏုိင္ငံလံုးတြင္ ေျပာင္းလဲေနေသာ ပညာေရးအေျခအေနမ်ားအခမဲ့ ပညာေရးသင္ၾကားေပးေနသည့္ သင္တန္းေက်ာင္းမ်ား၊ ျပည္တြင္း၊ ျပည္ပပညာသင္ဆုမ်ား၊ ပညာေရးအတြက္ သင္တန္းမ်ား၊ အလုပ္ခြင္၀င္ရန္ လိုအပ္ေသာ သင္တန္းမ်ား စသည္တို႔ပါ၀င္ပါတယ္ေနာ္...။

Tips Read 2437 times