Sales Hotline : 09448001653       Download App



ကလေးငယ်လေးတွေ မူကြိုကျောင်းမှာ သင်ယူနေတတ်တဲ့ နည်းလမ်း

ကလေးငယ်လေးတွေ မူကြိုကျောင်းမှာ သင်ယူနေတတ်တဲ့ နည်းလမ်း

**Unicode**

ဒီတော့ သင့်ပူတူတူးလေးရော မူကြိုမှာ ဘယ်လိုနည်းနဲ့ သင်ယူနေပါသလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်နော်...။

သင်ယူသူများ ဖြစ်လာခြင်း

မူကြိုမှာဆိုရင် ကလေးတွေက ပထမဦးဆုံးအနေနဲ့ ဘယ်လိုသင်ယူရမလဲဆိုတာကို စတင်သင်ယူပါတယ်။ ရှုပ်သွားပြီလားမသိဘူး။

ဆိုလိုချင်တာက သူတို့ရဲ့ကျောင်းအပေါ်မှာ ထားရမယ့် သဘောထားတွေ စတင်ဖြစ်ပေါ်လာတာ ဖြစ်ပြီးတော့ သူတို့ကိုယ်သူတို့လည်း သင်ယူသူတွေလို့ မြင်လာတာပဲ ဖြစ်ပါတယ်။ မူကြိုကျောင်းကပေးတဲ့

အတွေ့အကြုံကောင်းတွေက ကလေးငယ်တွေကို “သူဟာ ကျောင်းသားကောင်းတစ်ယောက် ဖြစ်တယ်၊ ပြသနာတွေကို ဖြေရှင်းနိုင်တယ်၊ ခက်ခဲတဲ့အရာတွေကို ပိုင်နိုင်တယ်” လို့ထင်စေပါတယ်။

အဲဒီအတွေ့အကြုံတွေက မူကြိုကလေးတွေကို သင်ယူမှုကနေပေးတဲ့ စွမ်းအား ဒါမှမဟုတ်လည်း အကျိုးကျေးဇူးတွေကို ဖော်ပြပေးပါတယ်။

ကစားခြင်းမှတဆင့် သင်ယူခြင်း

သင့်မူကြိုကလေးလေး ကျောင်းမှာ ဘယ်လိုသင်ယူနေလည်း သိချင်ရင် အိမ်မှာသူလေ့လာသင်ယူတဲ့ ပုံလေးကို မြင်ယောင်ကြည့်ပါ။

သင့်ကလေးက သူ့အကြိုက်ဆုံးကွတ်ကီးလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကို ကူညီချိန်ဆပေးနေပြီဆိုရင်တော့ သင်္ချာ သင်ယူနေတာပဲ ဖြစ်ပါတယ်။

ကမ်းခြေမှာ သဲနဲ့အိမ်ဆောက်ပြီး လှိုင်းကလေးတွေ အိမ်ကိုတိုက်စားသွားတာကို စောင့်ကြည့်နေတယ်ဆိုရင် တိုက်စားမှုဆိုတဲ့ အခေါ်အဝေါ်ကို သူနားလည်ဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုရင်တောင် ကမ္ဘာမြေကြီးနဲ့ဆိုင်တဲ့ သိပ္ပံပညာကို သူသင်ယူနေတာပဲ ဖြစ်ပါတယ်။

ထိုနည်းတူစွာပါပဲ ကျောင်းမှာဆိုရင်လည်း မူကြိုကလေးတွေက ဆရာမတွေရဲ့ ညွှန်ကြားမှုကိုလိုက်ပြီး ကစားခြင်းဖြင့် သင်ယူကြပါတယ်။

စွမ်းရည်တစ်ခုပြီးမှတစ်ခု သင်ယူခြင်း

မူကြိုကလေးတော်တော်များများက သူတို့ခေါင်းထဲမှာ အယူအဆတစ်ခုထက်ပိုပြီး ထားဖို့အတွက် မဖွံ့ဖြိုးသေးပါဘူး။ ရေတွက်ခြင်းကိုပဲ ဥပမာကြည့်ကြည့်ပါ။

ပထမတော့ ကလေးတွေက တစ် နှစ် သုံး လေး ငါး ဆိုပြီးတော့ပဲ သီချင်းဆိုသလို အစဉ်လိုက် ဆက်တိုက်ရွတ်ကြပါတယ်။

နောက်တစ်ဆင့်ကျမှ ကလေးက လက်တစ်ချောင်းထောင်ရင်တစ်၊ နှစ်ချောင်းထောင်ရင်နှစ်ဆိုပြီး လက်ချောင်းလေးတွေနဲ့ တွဲမှတ်တော့မှပဲ သူတို့ရွတ်နေတာတွေက အသုံးဝင်လာတာပဲ ဖြစ်ပါတယ်။

အခုဆို သူတို့ဆိုနေတဲ့ တစ် နှစ် သုံး လေး ငါး ဆိုတာ အဓိပ္ပာယ် ရှိသွားပြီပေါ့။

အရာဝတ္ထုများအား ခေါင်းထဲတွင် ပုံဖော်ခြင်း

“မူကြိုကလေးတွေက သူတို့နေထိုင်တဲ့လောကကြီးကိုလည်း ခေါင်းထဲမှာ ပုံဖော်ခြင်း ဒါမှမဟုတ် သူတို့ခေါင်းထဲမှာ ရုပ်ရှင်သဖွယ် မြင်ယောင်ပြီး သင်ယူကြပါတယ်” လို့ ဒေါက်တာ ဒိုင်အန်းလဲဗန်က ဆိုပါတယ်။]

“သူတို့တွေးနေတဲ့ အတွေးတစ်ခုချင်းစီက ရုပ်ရှင်ဖရိန် တစ်ခုလိုပါပဲ။ သူတို့က သည်ရုပ်ပုံတွေကို ကစားနေရင်းနဲ့ စိတ်ထဲမှာ တည်ဆောက်နေတာပါ။

ရုပ်ရှင်တစ်ခုက ကစားစရာအတုံးလေးတွေ တစ်တုံးနှင့်တစ်တုံး စီရီနေအောင် ထားပုံထားနည်း ဖြစ်နိုင်သလို တခြားရုပ်ရှင်တစ်ခုကတော့ သည်အတုံးလေးတွေကို တစ်ခုခုဖြစ်လာအောင် (ဥပမာ အိမ်)

ဘယ်လိုစီမလဲဆိုတာလည်း ဖြစ်နိုင်ပါတယ်။

ရုပ်ရှင်တွေ အများကြီးပဲဆိုရင်တော့ တခြားကလေးတွေနဲ့ သူတို့ဆက်ချင်တာရဖို့ ဘယ်လို အတူတူ အလုပ်လုပ်ရမလဲဆိုတာ ဖြစ်ပြီးတော့ ဆက်ရင်းနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ပြသနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို တွေးနေတာ ဖြစ်နိုင်ပါတယ်။

သူတို့စိတ်ထဲက ရုပ်ရှင်တွေက သူတို့လေးတွေကို လုပ်ငန်းစဉ်တစ်ခုနဲ့ရင်းနှီးမှု ရှိလာစေပြီး အခြေအနေတစ်ရပ်ကို ကူညီဆန်းစစ်စေပါတယ်။”

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

 Source: PBSparents

 

 

**Zawgyi**

ဒီေတာ့ သင့္ပူတူတူးေလးေရာ မူႀကိဳမွာ ဘယ္လိုနည္းနဲ႕ သင္ယူေနပါသလဲဆိုတာ ဆက္ဖတ္ၾကည့္ရေအာင္ေနာ္...။

သင္ယူသူမ်ား ျဖစ္လာျခင္း

မူႀကိဳမွာဆုိရင္ ကေလးေတြက ပထမဦးဆုံးအေနနဲ႕ ဘယ္လိုသင္ယူရမလဲဆိုတာကို စတင္သင္ယူပါတယ္။ ရႈပ္သြားၿပီလားမသိဘူး။

ဆိုလိုခ်င္တာက သူတို႕ရဲ႕ေက်ာင္းအေပၚမွာ ထားရမယ့္ သေဘာထားေတြ စတင္ျဖစ္ေပၚလာတာ ျဖစ္ၿပီးေတာ့ သူတုိ႕ကိုယ္သူတုိ႕လည္း သင္ယူသူေတြလို႕ ျမင္လာတာပဲ ျဖစ္ပါတယ္။ မူႀကိဳေက်ာင္းကေပးတ့ဲ

အေတြ႕အႀကံဳေကာင္းေတြက ကေလးငယ္ေတြကို “သူဟာ ေက်ာင္းသားေကာင္းတစ္ေယာက္ ျဖစ္တယ္၊ ျပသနာေတြကို ေျဖရွင္းႏိုင္တယ္၊ ခက္ခဲတ့ဲအရာေတြကို ပိုင္ႏိုင္တယ္” လို႕ထင္ေစပါတယ္။

အဲဒီအေတြ႕အႀကံဳေတြက မူႀကိဳကေလးေတြကို သင္ယူမႈကေနေပးတ့ဲ စြမ္းအား ဒါမွမဟုတ္လည္း အက်ဳိးေက်းဇူးေတြကို ေဖာ္ျပေပးပါတယ္။

ကစားျခင္းမွတဆင့္ သင္ယူျခင္း

သင့္မူႀကိဳကေလးေလး ေက်ာင္းမွာ ဘယ္လိုသင္ယူေနလည္း သိခ်င္ရင္ အိမ္မွာသူေလ့လာသင္ယူတ့ဲ ပုံေလးကို ျမင္ေယာင္ၾကည့္ပါ။

သင့္ကေလးက သူ႕အႀကိဳက္ဆံုးကြတ္ကီးလုပ္ဖုိ႕အတြက္ လိုအပ္တ့ဲပါ၀င္ပစၥည္းေတြကို ကူညီခ်ိန္ဆေပးေနၿပီဆိုရင္ေတာ့ သခ်ၤာ သင္ယူေနတာပဲ ျဖစ္ပါတယ္။

ကမ္းေျခမွာ သဲနဲ႕အိမ္ေဆာက္ၿပီး လႈိင္းကေလးေတြ အိမ္ကိုတိုက္စားသြားတာကို ေစာင့္ၾကည့္ေနတယ္ဆိုရင္ တိုက္စားမႈဆိုတ့ဲ အေခၚအေ၀ၚကို သူနားလည္ဖို႕ အဆင္သင့္ မျဖစ္ေသးဘူးဆိုရင္ေတာင္ ကမၻာေျမႀကီးနဲ႕ဆိုင္တ့ဲ သိပၸံပညာကို သူသင္ယူေနတာပဲ ျဖစ္ပါတယ္။

ထိုနည္းတူစြာပါပဲ ေက်ာင္းမွာဆုိရင္လည္း မူႀကိဳကေလးေတြက ဆရာမေတြရဲ႕ ညႊန္ၾကားမႈကိုလိုက္ၿပီး ကစားျခင္းျဖင့္ သင္ယူၾကပါတယ္။

စြမ္းရည္တစ္ခုၿပီးမွတစ္ခု သင္ယူျခင္း

မူႀကိဳကေလးေတာ္ေတာ္မ်ားမ်ားက သူတို႕ေခါင္းထဲမွာ အယူအဆတစ္ခုထက္ပိုၿပီး ထားဖို႕အတြက္ မဖြံ႕ၿဖိဳးေသးပါဘူး။ ေရတြက္ျခင္းကိုပဲ ဥပမာၾကည့္ၾကည့္ပါ။

ပထမေတာ့ ကေလးေတြက တစ္ ႏွစ္ သံုး ေလး ငါး ဆိုၿပီးေတာ့ပဲ သီခ်င္းဆိုသလို အစဥ္လိုက္ ဆက္တိုက္ရြတ္ၾကပါတယ္။

ေနာက္တစ္ဆင့္က်မွ ကေလးက လက္တစ္ေခ်ာင္းေထာင္ရင္တစ္၊ ႏွစ္ေခ်ာင္းေထာင္ရင္ႏွစ္ဆိုျပီး လက္ေခ်ာင္းေလးေတြနဲ႕ တြဲမွတ္ေတာ့မွပဲ သူတုိ႕ရြတ္ေနတာေတြက အသံုး၀င္လာတာပဲ ျဖစ္ပါတယ္။

အခုဆို သူတုိ႕ဆိုေနတ့ဲ တစ္ ႏွစ္ သံုး ေလး ငါး ဆိုတာ အဓိပၸာယ္ ရွိသြားၿပီေပါ့။

အရာ၀တၳဳမ်ားအား ေခါင္းထဲတြင္ ပံုေဖာ္ျခင္း

“မူႀကိဳကေလးေတြက သူတို႕ေနထုိင္တ့ဲေလာကႀကီးကိုလည္း ေခါင္းထဲမွာ ပံုေဖာ္ျခင္း ဒါမွမဟုတ္ သူတုိ႕ေခါင္းထဲမွာ ရုပ္ရွင္သဖြယ္ ျမင္ေယာင္ၿပီး သင္ယူၾကပါတယ္” လို႕ ေဒါက္တာ ဒိုင္အန္းလဲဗန္က ဆိုပါတယ္။]

“သူတုိ႕ေတြးေနတ့ဲ အေတြးတစ္ခုခ်င္းစီက ရုပ္ရွင္ဖရိန္ တစ္ခုလိုပါပဲ။ သူတုိ႕က သည္ရုပ္ပံုေတြကို ကစားေနရင္းနဲ႕ စိတ္ထဲမွာ တည္ေဆာက္ေနတာပါ။

ရုပ္ရွင္တစ္ခုက ကစားစရာအတံုးေလးေတြ တစ္တံုးႏွင့္တစ္တံုး စီရီေနေအာင္ ထားပံုထားနည္း ျဖစ္ႏုိင္သလို တျခားရုပ္ရွင္တစ္ခုကေတာ့ သည္အတံုးေလးေတြကို တစ္ခုခုျဖစ္လာေအာင္ (ဥပမာ အိမ္)

ဘယ္လိုစီမလဲဆိုတာလည္း ျဖစ္ႏုိင္ပါတယ္။

ရုပ္ရွင္ေတြ အမ်ားႀကီးပဲဆိုရင္ေတာ့ တျခားကေလးေတြနဲ႕ သူတို႕ဆက္ခ်င္တာရဖို႕ ဘယ္လို အတူတူ အလုပ္လုပ္ရမလဲဆိုတာ ျဖစ္ၿပီးေတာ့ ဆက္ရင္းနဲ႕ ျဖစ္ေပၚလာႏိုင္တ့ဲ ျပသနာေတြကို ဘယ္လိုေျဖရွင္းရမလဲဆုိတာကို ေတြးေနတာ ျဖစ္ႏိုင္ပါတယ္။

သူတို႕စိတ္ထဲက ရုပ္ရွင္ေတြက သူတို႕ေလးေတြကို လုပ္ငန္းစဥ္တစ္ခုနဲ႕ရင္းႏွီးမႈ ရွိလာေစၿပီး အေျခအေနတစ္ရပ္ကို ကူညီဆန္းစစ္ေစပါတယ္။”

မိမိတို႔ တက္ေရာက္လုိသည့္ သင္တန္းေက်ာင္းမ်ားႏွင့္ ပုဂၢလိကေက်ာင္းမ်ားကို ရွာေဖြလိုပါက ဒီ Link မွာရွာေဖြႏိုင္ပါသည္။

ပညာေရးလမ္းညႊန္ website တြင္ ပါ၀င္ေသာ သင္တန္းမ်ား ေက်ာင္းမ်ားScholarshipKnowledge မ်ားႏွင့္ ပတ္သက္ေသာ အခ်က္အလက္မ်ားကို ၀င္ေရာက္ရွာေဖြ ဖတ္ရႈႏိုင္ပါတယ္။

 Source: PBSparents

Tips Read 1647 times