Sales Hotline : 09448001653       Download App



မူကြိုဆရာကောင်းတစ်ယောက်ကို ရှာမယ်ဆိုရင် ဒီအချက်လေးတွေ သိထားပါ

မူကြိုဆရာကောင်းတစ်ယောက်ကို ရှာမယ်ဆိုရင် ဒီအချက်လေးတွေ သိထားပါ

မူကြိုဆရာကောင်းတစ်ယောက်လောက် ရှာဖွေချင်တယ်ဆိုရင်တော့ အခုဖော်ပြထားတဲ့ လက္ခဏာရပ်တွေ အရင်ရှိမရှိ ကြည့်သင့်ပါတယ်နော်။

 

၁။ စိတ်အားထက်သန်ပြင်းပြမှု

 

- မူကြိုဆရာကောင်းတစ်ယောက်က ကလေးတွေ ဘက်စုံတိုးတက်ဖို့အတွက် ပြင်းပြသော စိတ်စေတနာ၊ စိတ်အားထက်သန်မှုတွေနှင့် ကူညီပေးပါတယ်။ မူကြိုကလေးလေးတွေက သူတို့ကို အချစ်ခံရတဲ့ ပတ်ဝန်းကျင်မှာ ပိုပြီးအောင်မြင်ကြပါတယ်။

 

- အဲ့ဒီလို ပတ်ဝန်းကျင်မျိုးရှိဖို့ ဖန်တီးတဲ့မှုက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သူ ဒါမှမဟုတ် သူမအနေနဲ့ သင့်ကလေးဘေးမှာနေပြီး သင့်ကလေးကို ကူညီသင်ကြားပေးရတာကို နှစ်သက်သဘောကျသင့်ပါတယ်။

 

၂။ မတူညီမှုများကို လက်ခံနိုင်ခြင်း

 

- ကွဲပြားခြားနားတဲ့ နိုင်ငံသားများ၊ ကိုးကွယ်မှုများနှင့် သင်ယှုမှုစတိုင်လ်များ ပါဝင်တဲ့ စာသင်ခန်းတစ်ခန်းကို စိတ်ကူးကြည့်ပါ။ မူကြိုဆရာကောင်းတစ်ယောက်က ဒီလိုမတူညီမှုတွေကို ပွေ့ဖက်ပြီး ကျောင်းသားအားလုံးကို လေးစားသမှုနှင့်ဆက်ဆံပါတယ်။

 

- ကလေးသူငယ်ပညာရေးအဖွဲ့အစည်းတစ်ခု၏ အဆိုအရ ဆရာကောင်းတစ်ယောက်ဟာ ပွင့်လင်းတဲ့စိတ်ထားရှိပြီး ကလေးတစ်ဦးချင်းစီရဲ့ မတူညီတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းတဲ့အနေနဲ့ စာသင်ကြားမှုပုံစံမြောက်မြားစွာကို အသုံးပြုရပါတယ်။

 

၃။ တီထွင်ဖန်တီးနိုင်စွမ်းရှိမှု

 

- မူကြိုကလေးတွေဟာ စူးစမ်းရှာဖွေရတာကို သဘောကျကြပြီး အားပေးအားမြောက်ပြုခြင်းခံရဖို့လည်း လိုအပ်ပါတယ်။

 

- သူတို့လေးတွေကို ပျော်ရွှင်စရာကောင်းတဲ့ လှုပ်ရှားမှုတွေနဲ့ စာသင်ကြားခြင်းမှာ ပါဝင်စေခြင်းအားဖြင့် သူတို့ရဲ့ သင်ယူလိုစိတ်ကို ပိုမြှင့်တင်ပေးပါတယ်။ ဘယ်မိဘက ဒါမျိုးမလိုချင်ရမှာလဲနော်။

 

- မူကြိုဆရာကောင်းတစ်ယောက်က ကလေးတွေအတွက် လေ့ကျင့်ခန်းတွေထဲမှာ ဂီတ၊ ပန်းချီ အနုပညာနှင့် ကစားခြင်း စတာတွေကို ပေါင်းစပ်ထည့်ဝင်တတ်တဲ့ အကျင့်တစ်ခု ရှိပါတယ်။

 

၎။ စိတ်ရှည်ခြင်း

 

- ဒီအရွယ်ကလေးတွေရဲ့ အာရုံစူးစိုက်နိုင်စွမ်းအားက တိုတောင်းတယ်၊ မတော်တဆမှုတွေလည်း ဖြစ်လွယ်ပြီးတော့ အရမ်းလည်း စပ်စုနိုင်ကြပါတယ်။

 

- အဲ့ဒီအတွက်ကြောင့် သင့်ကလေးရဲ့ မူကြိုဆရာက စိတ်ရှည်ခြင်းမှာ ပါရမီရှိတယ်ဆိုတာကို ဂရုပြုမိဖို့လိုပါတယ်။

 

- သင်ဟာ သင့်ရဲ့ကလေးကို မေးခွန်းတွေမေးခွင့်ပေးဖို့နဲ့ ကိုယ်ပြောချင်တာကို ရဲရဲတင်းတင်း ပြောခွင့်ပြုဖို့ လိုအပ်ပါတယ်။ အဲ့ဒီလို အမေးအမြန်းထူခြင်းကပဲ သင်ယူမှုရဲ့ တစိတ်တပိုင်းဖြစ်နေတဲ့ အတွက်ကြောင့်ပဲ

ဖြစ်ပါတယ်။

 

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: Jara Bachke

Pre-school Read 1164 times