Sales Hotline : 09448001653       Download App



သူငယ်တန်းနှင့် ပထမတန်းကျောင်းအပ်နှံခွင့် အသက်ကန့်သတ်ချက်ကို သုံးလ အလိုအထိ ခွင့်ပြု

သူငယ်တန်းနှင့် ပထမတန်းကျောင်းအပ်နှံခွင့် အသက်ကန့်သတ်ချက်ကို သုံးလ အလိုအထိ ခွင့်ပြု

အသက် ()နှစ် ပြည့်သူများ သူငယ်တန်း၊ ()နှစ် ပြည့်လျှင် ပထမတန်းတွင် ကျောင်းအပ်ရန် ပညာရေးဝန်ကြီးဌာနက ကျောင်း အပ်နှံရေး သီတင်းပတ်ဆိုင်ရာ အသိပေးချက်များ၌ကြေညာထား သည်။

သို့သော် အသက်ကန့်သတ် ချက်ပြည့်ရန် တစ်လလိုအပ်ပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏  ထောက်ခံချက်၊ နှစ်လလိုအပ်ပါ က မြို့နယ်ပညာရေးမှူး၏ ထောက်ခံချက်၊ သုံးလလိုအပ်ပါ က တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး၏ ထောက်ခံချက်ဖြင့် ကျောင်းအပ် လက်ခံရမည်ဟု အခြေခံပညာ ဦးစီးဌာနကထပ်မံညွှန်ကြားထား သည်။

‘‘ငါးနှစ်ပြည့်ရင်သူငယ်တန်း စလက်ခံတယ်ဆိုပေမယ့် သုံးလ လောက်အလိုထိ ထောက်ခံချက် တွေနဲ့ လျှောက်လို့ရပါတယ်။ ခြောက်နှစ်ပြည့်ရင်တော့ သူငယ် တန်းမတက်ထားလည်း ပထမ တန်း တန်းတက်လို့ရတယ်။ အဲဒီ မှာလည်း သုံးလအလိုထိလက် ခံပေးဖို့ ပြောထားပါတယ်။

အဓိ ကက မိဘတွေ စိတ်ဝင်စားမှုများ  တဲ့ကျောင်းတွေမှာ နယ်ကျော် ကျောင်းအပ်တာမျိုးလုံးဝလက်မ ခံဖို့ကျောင်းအုပ်ကြီးတွေကို ပြော ထားပါတယ်’’ ဟု ရန်ကုန်တိုင်း ဒေသကြီးပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာ ဆွေက ပြောသည်။

ကျောင်းအပ်နှံရာတွင် ကျောင်းအပ်မည့် ကလေး၏ မွေး စာရင်း၊ အိမ်ထောင်စုစာရင်းများ  တင်ပြရမည်ဖြစ်ပြီး အသက်အ ရွယ်ပြည့်မီခြင်းရှိ၊ မရှိယင်းအ ချက်အလက်များဖြင့် တိုက်ဆိုင် စစ်ဆေးမည်ဖြစ်သည်။

သို့သော် မွေးစာရင်းမရှိသေးသော ကလေး များကိုမိဘ၀န်ခံချက်ဖြင့် ကျောင်း အပ်လက်ခံရန် ညွှန်ကြားထား သည်။

‘‘သူငယ်တန်းနဲ့ ပထမတန်း ကို အသက်ပြည့်ဖို့တစ်လလို၊ နှစ်လလို၊ သုံးလလိုတွေကို အဆင့်ဆင့် ထောက်ခံချက်နဲ့လက်ခံပေးရမယ်ဆိုတဲ့ ညွှန်ကြားချက် ရှိပါတယ်။ မိဘတွေ ဒါကိုသိရအောင်လည်း ကျောင်းမှာ ကြေညာထားပေးတယ်’’ ဟု ကမာရွတ်မြို့နယ်မှ ကျောင်းအုပ်ကြီးတစ်ဦးက ပြောသည်။

၂၀၁၈-၁၉ ပညာသင်နှစ် အတွက်အခြေခံပညာကျောင်း များကို ဇွန်လ ၁ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်  နှံရေးသီတင်းပတ်ကို မေလ ၂၅  ရက်မှ ၃၁ရက်အထိ သတ်မှတ် ကာ ကျောင်းအပ်လက်ခံနေ သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day daily

 

News Read 2594 times