Sales Hotline : 09448001653       Download App



ယခုပညာသင်နှစ်မှစတင်ပြီး သူငယ်တန်း (ကေဂျီ) တွင် စာအရေးသင်ကြားခြင်း ပြုလုပ်ရတော့မည် မဟုတ်

ယခုပညာသင်နှစ်မှစတင်ပြီး သူငယ်တန်း (ကေဂျီ) တွင် စာအရေးသင်ကြားခြင်း ပြုလုပ်ရတော့မည် မဟုတ်

ယခုပညာသင်နှစ်မှစတင်ကာ သူငယ်တန်းတွင် စာရေးသားခြင်းကို သင်ကြားခြင်း မပြုလုပ်တော့ဘဲ ပညာသင်နှစ်တစ်နှစ်လုံးကို ရွတ်ဖတ်သင်ကြားသည့် ပုံစံများဖြင့်သာ သင်ကြားရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

READ - ဒုတိယတန်းသင်ရိုးအသစ်နှင့် ပတ်သက်ပြီး လာမည့်နှစ် ဇန်န၀ါရီလမှ မေလအထိ လေးလတာ သင်တန်းပေးမည်

“ဒီအတန်းကစာကို လုံးဝမသင်ရတာတော့မဟုတ်ဘူး။ အနည်းအကျဉ်းပေါ့။ ကလေးတွေရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို အထောက်အကူ ပြုမယ့် အကြောင်းအရာမျိုးတွေနဲ့ ကလေးတွေကို ပျော်ရွှင်အောင်၊ သူရွယ်နဲ့ လိုက်ဖက်တဲ့ သင်ကြားမှုမျိုးတွေကိုပဲ လုပ်ရမှာ။ စာကို ပါးစပ်ကပဲ ကဗျာလေးတွေ၊ ကစားတဲ့ ပုံစံမျိုးလေးတွေနဲ့ပဲ သင်ရမှာ။ တချို့က ဒါကို နားမလည်ဘူး။ စာမသင်ရင် ဒီအတန်းကို မထားဘူးဆိုတာ တွေရှိတယ်” ဟု ပြောသည်။

ယခင်နှစ်က သူငယ်တန်း (KG) တွင် မြန်မာဗျည်း ၃၃ လုံး ရှိသည့်အနက် ရေးသားရခက်ခဲသော ဗျည်းများဖြစ်သည့် (ဃ၊ ဈ၊ ဋ၊ ဌ၊ ဍ၊ ဏ၊ ဠ၊ ) တို့ကို သင်ကြားခြင်းမပြုလုပ်ဘဲ ရေးသားရလွယ်ကူသော အက္ခရာများကိုသာ ဦးစွာသင်ကြားပြီး အနည်းငယ်လေ့ကျင့်မှုရရှိစေရန်အတွက်သာ သင်ကြားခြင်းများ ပြုလုပ်မည်။

ရွတ်ဆိုရခက်ခဲသော ဗျည်းအက္ခရာများကို ရွတ်စေခြင်းဖြင့်သာ သင်ကြားမှုများ ပြုလုပ်ကြောင်း ယခုနှစ်မှ စတင်ပြီး အဆိုပါဗျည်းအက္ခရာများအားလုံးကို ရေးသားစေခြင်းမပြုလုပ်တော့ဘဲ ရွတ်ဆိုခြင်းများ ပြုလုပ်မည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 2219 times