Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ်ပြားတွေမှာ မှားယွင်းမှုရှိရင် သင်္ကြန်မတိုင်မီ ပြင်ခွင့်ပြုမည်

တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ်ပြားတွေမှာ မှားယွင်းမှုရှိရင် သင်္ကြန်မတိုင်မီ ပြင်ခွင့်ပြုမည်

“ကတ်ပြားတွေ ရောက်ပြီဆိုတာနဲ့ ကျောင်းသားရဲ့နာမည်စာလုံးပေါင်းတွေကအစ ပြန်စစ်ပါ၊ မွေးခုနှစ်တွေ အရေးကြီးပါတယ်၊ မှားတာရှိလို့ ပြန်ပြင်ချင်တယ်ဆိုရင် ချက်ချင်းအကြောင်းကြားပါ။ သင်္ကြန်မတိုင်ခင်ထိ ပြင်လို့ရပါတယ်” ဟု ပြောပါတယ်။

တက္ကသိုလ်စာမေးပွဲဖြေဆိုခွင့် ကတ်ပြားတွေကို နှစ်စဉ် ဖေဖော်ဝါရီလအတွင်းမှာ ပြန်လည်ချထားပေးလေ့ရှိပြီး ကျောင်းသားရဲ့ အချက်အလက်တွေ မှန်မမှန်ဆိုတာ ပြန်လည်တိုက်ဆိုင် စစ်ဆေးဖို့ လိုပါတယ်။

တက္ကသိုလ်စာမေးပွဲဖြေဆိုခွင့် ကတ်ပြားတွေမှာ ဖြေဆိုသူအမည်၊ အဖအမည်၊ မွေးသက္ကရာဇ် စတဲ့ အချက်တွေကို မှန်ကန်အောင် ဖြေသွင်းဖို့ ညွှန်ကြားထားပေမယ့် ဖြည့်သွင်းတဲ့အခါမှာ အချက်အလက် လွဲမှားမှုတွေရှိနေတာကြောင့် အခုလို ပြင်ဆင်ခွင့်ပြုတာဖြစ်ပါတယ်။

READ - ယခုနှစ်အတွက် နေ့စားလပေးမူလတန်းပြ သုံးသောင်းဝန်းကျင်ခန့်ထားမည် ချက်ချင်းခန့်မည်မဟုတ်ဘဲ သင်တန်းများပေးမည်ဟုဆို

တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ်ပြားများကို အခြေခံပညာအထက်တန်းကျောင်းများက ကျောင်းသား၊ ကျောင်းသူများအနေနဲ့ စာရင်းပေးသွင်းထားတဲ့ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးဆီမှာ ထုတ်ယူရမှာ ဖြစ်ပါတယ်။

ပြင်ပကနေ ဖြေဆိုမယ့်သူတွေကတော့ မိမိဖြေဆိုမယ့် စာစစ်ဌာနရဲ့သက်ဆိုင်ရာ ကြီးကြပ်ရေးမှူးတွေဆီမှာ ထုတ်ယူရမှာ ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို သတ်မှတ်ထားတဲ့ ရက်အတွင်း အချိန်မီပေးပို့ခြင်းမရှိတဲ့သူတွေအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ၀င်ရောက်ဖြေဆိုခွင့်မပြုတာကြောင့် ကျောင်းသား၊ ကျောင်းသူများအနေနဲ့ သတ်မှတ်ထားတဲ့ရက်အတွင်း အချိန်မီတင်သွင်းဖို့ လိုအပ်ပါတယ်။

စာဖြေသူတင်သွင်းတဲ့ ဖြေဆိုခွင့်ကတ်ပြားမှာ ဖော်ပြပါရှိတဲ့ ဘာသာတွဲအတိုင်းသာ ဖြေဆိုခွင့်ပြုမှာဖြစ်ပြီး ဘာသာတွဲပြောင်းလဲ ဖြေဆိုခွင့်မပြုတာကြောင့် မိမိဖြေဆိုမယ့် ဘာသာတွဲအလိုက် ပုံစံအလိုက် မှန်ကန်မှုရှိ၊ မရှိ သေချာအောင် စစ်ဆေးပြီးမှ ဖြည့်စွက်ပေးပို့ဖို့ အထူးသတိပြုဖို့ လိုပါတယ်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမယ့် ကတ်ပြားတွေကို စက်တင်ဘာလ ၂၉ ရက်ဆုံးထား တင်သွင်းရမှာလို့ ထုတ်ပြန်ထားပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudra journal

News Read 1634 times