Sales Hotline : 09448001653       Download App



မြန်မာနိုင်ငံအနှံ့ လစ်လပ်လျက်ရှိသည့် အထက်တန်းပြရာထူးနေရာများကို ဖြည့်ဆည်းရန် အခြေခံပညာဦးစီးဌာနမှ ခွင့်ပြုလိုက်ပြီ

မြန်မာနိုင်ငံအနှံ့ လစ်လပ်လျက်ရှိသည့် အထက်တန်းပြရာထူးနေရာများကို ဖြည့်ဆည်းရန် အခြေခံပညာဦးစီးဌာနမှ ခွင့်ပြုလိုက်ပြီ

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ) များတွင် လစ်လပ်လျက်ရှိသော အထက်တန်းပြရာထူးနေရာများအတွက် ဘီအီးဒီ တက်ရောက်နေဆဲ၊ ဘီအီးဒီ တက်ရောက်ပြီးသူများ၊ မဟာဘွဲ့ရအလယ်တန်းပြလုပ်သက် ပြည့်မီသူများ၊ ရိုးရိုးဘွဲ့ရပြီး မူလတန်းကျောင်းအုပ် လုပ်သက်ပြည့်မီသူများအနေဖြင့် လစ်လပ်ဘာသာရပ်များအပေါ် မူတည်ပြီး လျှောက်ထားနိုင်ကြောင်း သိရသည်။

READ - ထူးချွန်ဆရာဆု ရွေးချယ်ချီးမြှင့်ရေး ကျောင်းအဆင့်ပြိုင်ပွဲများ စက်တင်ဘာ ၁၀ ရက်စတင်မည်

“လစ်လပ်တဲ့နေရာတွေကို ဖြည့်ပြီး ရာထူးတိုးခေါ်ဖို့တော့ ပြောထားတယ်။ တစ်ချို့နေရာတွေမှာ ခေါ်ပြီးနေပြီ။ တစ်နေရာနဲ့ တစ်နေရာတော့ ရာထူးတိုးခေါ်တဲ့ သတ်မှတ်ချက် တစ်ချို့တော့ တူမှာမဟုတ်ပါဘူး။ တစ်ချို့နေရာတွေကျတော့ လိုအပ်ချက်ပြည့်မီဖို့ မူတွေကို နည်းနည်းလေးလျော့ပေးထားရတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ပညာရေးမှူးရုံးတွေက သူတို့ဆီမှာ ဘယ်လို အခြေအနေရှိလဲဆိုတာတော့ သူတို့ သတ်မှတ်ပြီး ခေါ်ပါလိမ့်မယ်” ဟု ပြောကြားသည်။

သြဂုတ်လအတွင် ရန်ကုန်တိုင်းဒေသကြီးအတွက် လစ်လပ်လျက်ရှိသော အထက်တန်းပြရာထူး နေရာ ၄၀၀ ကျော်အတွက် အလယ်တန်းပြနှင့် မူလတန်းကျောင်းအုပ်များကို ရာထူးတိုးလျှောက်ထားနိုင်ကြောင်း ခေါ်ယူခဲ့သည်။

လက်ရှိတွင် လျှောက်ထားလာသည်များကို စိစစ်လျက်ရှိကြောင်း၊ လိုအပ်ချက် ပြည့်မီခြင်းမရှိသေးပါက အခြေခံပညာ ဦးစီးဌာန၏ ညွှန်ကြားချက်အပေါ်မူတည်ပြီး စာချုပ်ဖြင့် ခန့်ထားမှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

အခြေခံပညာ အထက်တန်းပြကျောင်းများတွင် အထက်တန်းပြဆရာ၊ ဆရာမခုနှစ်ဦးရှိရန် ပညာရေးဝန်ကြီးဌာနမှ မူသတ်မှတ်ထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 8948 times