Sales Hotline : 09448001653       Download App



အခမဲ့ မသင်မနေရ ပညာရေးစနစ်အတွက် စီမံကိန်းများရေးဆွဲလျက်ရှိ

အခမဲ့ မသင်မနေရ ပညာရေးစနစ်အတွက် စီမံကိန်းများရေးဆွဲလျက်ရှိ

” အခြေခံပညာ ဦးစီးဌာနအနေနဲ့ အခမဲ့ မသင်မနေရ ပညာရေးစနစ် အကောင်အထည်ဖော်မှုအဖြစ် ကျောင်းနေအရွယ် ကလေးများ စာရင်းကောက်ယူခြင်း၊ ကျောင်းအပ်နှံခြင်း မရှိသေးသည့် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေး အတွက်သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကျောင်းသားမိဘများကို စည်းရုံးဆောင်ရွက်ခြင်း၊ အစိုးရပိုင် သတင်း စာများ၊ အခမဲ့ထောက်ပံ့ ပေးမှုများကို နိုင်ငံတစ်ဝှမ်းလုံး သိရှိနိုင်စေရန်အတွက် ထည့်သွင်းဖော်ပြ ဆောင်ရွက်လျက်ရှိပါတယ် ” ဟု ပြောကြားခဲ့ပါတယ်။

READ - ပညာရေးကောလိပ် ၂၄ ခု၏ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာဒီပလိုမာသင်တန်းကို ယခုအပတ်တွင် စတင်လျှောက်ထားနိုင်

ပညာရေးဝန်ကြီးဌာနအနေနဲ့ အမျိုးသားပညာရေးဥပဒေတွေ ပြဋ္ဌာန်းပြီးတဲ့နောက် ဥပဒေတွေနဲ့အညီ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ကိုလည်း ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းပါ ကဏ္ဍများအတိုင်း အခြေခံပညာရေးကို ကျောင်းနေအရွယ်ကလေးတိုင်း သင်ကြားခွင့်ရရှိစေရေးကို ရည်ရွယ်ကာကျောင်းသုံး ပုံနှိပ်စာအုပ်တွေ၊ ပညာသင်ထောက်ပံ့ကြေးတွေ၊ KG Kit အစရှိတာတွေကို အခမဲ့ဖြန့်ဝေပေးနိုင်ရန်အတွက် လိုအပ်တဲ့ ဘဏ္ဍာငွေတွေကို နှစ်စဉ် တိုးမြှင့်ထည့်သွင်းလျာထား တောင်းခံဆောင်ရွက် လျက်ရှိပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ မူလတန်းအရွယ် ကလေးတွေရဲ့ အခမဲ့မသင်မနေရ ပညာရေးစနစ်ကို အပြည့်အဝ အကောင်အထည် ဖော်နိုင်ရေးအတွက် အမျိုးသားပညာရေး ဥပဒေများနှင့်အညီ ရေးဆွဲထားသော အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၁) အတိုင်း ပညာရေးဝန်ကြီးဌာနအတွက် ခွဲဝေရရှိသည့်နိုင်ငံတော် ဘဏ္ဍာငွေအရနှစ်စဉ် တိုးမြှင့်ဆောင်ရွက်လျက် ရှိသည်ဟု ပြောကြား ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

News Read 2047 times