Sales Hotline : 09448001653       Download App



ကျောင်းနေစအရွယ် ကလေးများအတွက် ဘာတွေပြင်ဆင်ပေးရမလဲ

ကျောင်းနေစအရွယ် ကလေးများအတွက် ဘာတွေပြင်ဆင်ပေးရမလဲ

**Unicode**

၁. ကလေးနဲ့အတူ ကျောင်းကို သွားရောက်လေ့လာ ထားခြင်း။

ကလေးနဲ့အတူ ကျောင်းကို သွားရောက်လေ့လာ ထားပြီး ကျောင်းဧရိယာအတွင်း လိုအပ်တဲ့ နေရာလေး တွေကို လိုက်လံပြသပေးထားခြင်းဟာ ကလေးအတွက် တကယ့်အထောက် အကူပြုစေမှုတွေ ဘဲဖြစ်ပါတယ်။

ဒီနေရာလေးက အိမ်သာဖြစ်ပြီး ၊ ဒီနေရာလေးမှာတော့ ကလေး မုန့်ဝယ်လို့ရတယ်၊ ဒါကတော့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ကြီး ကစားမယ့် ကစားကွင်း အစရှိသဖြင့် လိုက်ပြပေးထားခြင်းဟာ ကလေးအတွက် အစိမ်းသက်သက် မဖြစ်နေစေဘဲ ကျင့်သားရနေစေဖို့ ဖြစ်ပါတယ်။

၂. ဆရာမတွေနဲ့ တွေ့ဆုံရင်းနှီးပေးထားခြင်း။

ကလေး တက်ရမယ့်ကျောင်းက ဆရာ၊ ဆရာမတွေနဲ့ တွေ့ဆုံနှုတ်ဆက်ပြီး ရင်းနှီးမှုပြုထားခြင်းဟာလည်း ကလေးကို ခွန်အားဖြစ်စေဖို့တွန်းအားဖြစ်သလို ဆရာမနဲ့တွေ့တဲ့အခါ ယဉ်ကျေးလိမ္မာစွာ နှုတ်ဆက်ပြုမှုပုံ တွေကိုလည်း သင်ပေးထားခြင်းဖြင့် ကလေးအတွက် ကြုံတွေ့ရမယ့် အနေအထား တစ်ခုအပေါ် သဘောပေါက် နားလည်စေဖို့ အထောက်အကူတစ်ခုဘ ဲဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

၃. ကလေးအတွက် ကျောင်းသုံးပစ္စည်း ကိရိယာတွေကို အတူတကွ သွားရောက်ဝယ်ယူခြင်း။

ကလေး ကျောင်းတက်ဖို့အတွက် ကျောင်းသုံး ပစ္စည်းလေးတွေ၊ ကျောင်းဝတ်စုံလေးတွေ၊ ဖိနပ်လေးတွေ၊ ထမင်းဘူးလှလှလေးတွေကို မိခင်နဲ့အတူတကွ သွားရောက် ဝယ်ယူခြင်းဖြင့် ကလေးအား ပျော်ရွှင်စေသလို ကလေးရဲ့စိတ်ထဲမှာ ကျောင်းတက်ရမယ်ဆိုတဲ့ နားလည်မှုတစ်ခု ရရှိစေဖို့ အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။

၄. ကလေးအား သိမှတ်စရာများကို သင်ပေးထားပါ။

ကလေးအား မိမိနာမည်ကို ပီသစွာ ပြောတတ်အောင် သင်ပေးထားခြင်း၊ မိမိနာမည်အား ရေးသားထားခြင်းကို မှတ်မိအောင်လေ့ကျင့်ပေးထားခြင်း၊ အက္ခရာစာလုံးတွေ ၊ ကဗျာလေးတွေကို ပီသရှင်းလင်းစွာ ရွတ်ဆိုတတ် အောင် သင်ပေးထားခြင်း၊ အိမ်သာ ဘယ်လိုသွားရမယ် ဆိုတာကို သင်ပေးထားခြင်း၊ အစာမစားခင်နဲ့ အစာစားပြီးတိုင်း လက်ကို စင်ကြယ်အောင် ဆေးတတ်ဖို့ လေ့ကျင့်ပေးထားခြင်း၊ အတန်းထဲမှာ သူငယ်ချင်းတွေနဲ့ ပူးပေါင်းပါဝင် လုပ်ဆောင်တတ်ဖို့ လေ့ကျင့်ပေးထားခြင်း အစရှိတဲ့ သင်ကြားလေ့ကျင့်ပေး ထားခြင်းဟာလည်း ကလေး ရဲ့ပတ်ဝန်းကျင် အသစ်မှာ အလေ့အကျင့်ဖြစ်နေစေဖို့ အထောက်အကူပြုခြင်း တစ်ခုဖြစ်ပါတယ်။

အဓိကအားဖြင့် မိခင်တို့အနေနဲ့ ကလေးအားကျောင်းပို့တဲ့အခါ ကလေးသွားရမယ့် ကျောင်းပတ်ဝန်းကျင်ဟာ သူငယ်ချင်း အသစ်တွေနဲ့ ပျော်ရွှင်စရာ ကစားကြရမယ့်နေရာ၊ သူငယ်ချင်းတွေနဲ့အတူတူ ပျော်ရွှင်စွာ စာတွေရေး၊ ကဗျာတွေဆိုရမယ့် နေရာတစ်ခု အဖြစ် တကယ့်ပျော်ရွှင်ဖွယ်နေရာလေး တစ်ခုဖြစ်တယ်ဆိုတာ ပြောဆိုပေးထားခြင်းဖြင့် ကလေးတို့အတွက် ကြောက်စိတ်တွေ ကင်းဝေးပြီး တက်ကြွရွှင်လန်းနေစေ မှာဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: lwanmapyay

 

**Zawgyi**

 

၁. ကေလးနဲ႕အတူ ေက်ာင္းကို သြားေရာက္ေလ့လာ ထားျခင္း။

ကေလးနဲ႕အတူ ေက်ာင္းကုိ သြားေရာက္ေလ့လာ ထားၿပီး ေက်ာင္းဧရိယာအတြင္း လိုအပ္တဲ့ ေနရာေလး ေတြကုိ လိုက္လံျပသေပးထားျခင္းဟာ ကေလးအတြက္ တကယ့္အေထာက္ အကူျပဳေစမႈေတြ ဘဲျဖစ္ပါတယ္။

ဒီေနရာေလးက အိမ္သာျဖစ္ၿပီး ၊ ဒီေနရာေလးမွာေတာ့ ကေလး မုန္႕ဝယ္လို႕ရတယ္၊ ဒါကေတာ့ သူငယ္ခ်င္းေတြနဲ႕ ေပ်ာ္ေပ်ာ္ႀကီး ကစားမယ့္ ကစားကြင္း အစရိွသျဖင့္ လိုက္ျပေပးထားျခင္းဟာ ကေလးအတြက္ အစိမ္းသက္သက္ မျဖစ္ေနေစဘဲ က်င့္သားရေနေစဖို႕ ျဖစ္ပါတယ္။

၂. ဆရာမေတြနဲ႕ ေတြ႕ဆံုရင္းႏွီးေပးထားျခင္း။

ကေလး တက္ရမယ့္ေက်ာင္းက ဆရာ၊ ဆရာမေတြနဲ႕ ေတြ႕ဆံုႏႈတ္ဆက္ၿပီး ရင္းႏွီးမႈျပဳထားျခင္းဟာလည္း ကေလးကို ခြန္အားျဖစ္ေစဖို႕တြန္းအားျဖစ္သလို ဆရာမနဲ႕ေတြ႕တဲ့အခါ ယဥ္ေက်းလိမၼာစြာ ႏႈတ္ဆက္ျပဳမႈပံု ေတြကိုလည္း သင္ေပးထားျခင္းျဖင့္ ကေလးအတြက္ ႀကံဳေတြ႕ရမယ့္ အေနအထား တစ္ခုအေပၚ သေဘာေပါက္ နားလည္ေစဖို႕ အေထာက္အကူတစ္ခုဘ ဲျဖစ္ပါတယ္။

မိမိတို႔ တက္ေရာက္လုိသည့္ သင္တန္းေက်ာင္းမ်ားႏွင့္ ပုဂၢလိက တကၠသိုလ္မ်ားကို ရွာေဖြလိုပါက ဒီ Link မွာရွာေဖြႏိုင္ပါသည္။

၃. ကေလးအတြက္ ေက်ာင္းသံုးပစၥည္း ကိရိယာေတြကို အတူတကြ သြားေရာက္ဝယ္ယူျခင္း။

ကေလး ေက်ာင္းတက္ဖို႕အတြက္ ေက်ာင္းသံုး ပစၥည္းေလးေတြ၊ ေက်ာင္းဝတ္စံုေလးေတြ၊ ဖိနပ္ေလးေတြ၊ ထမင္းဘူးလွလွေလးေတြကို မိခင္နဲ႕အတူတကြ သြားေရာက္ ဝယ္ယူျခင္းျဖင့္ ကေလးအား ေပ်ာ္ရႊင္ေစသလို ကေလးရဲ႕စိတ္ထဲမွာ ေက်ာင္းတက္ရမယ္ဆိုတဲ့ နားလည္မႈတစ္ခု ရရိွေစဖို႕ အေထာက္အကူျပဳေစမွာ ျဖစ္ပါတယ္။

၄. ကေလးအား သိမွတ္စရာမ်ားကို သင္ေပးထားပါ။

ကေလးအား မိမိနာမည္ကို ပီသစြာ ေျပာတတ္ေအာင္ သင္ေပးထားျခင္း၊ မိမိနာမည္အား ေရးသားထားျခင္းကို မွတ္မိေအာင္ေလ့က်င့္ေပးထားျခင္း၊ အကၡရာစာလံုးေတြ ၊ ကဗ်ာေလးေတြကုိ ပီသရွင္းလင္းစြာ ရြတ္ဆိုတတ္ ေအာင္ သင္ေပးထားျခင္း၊ အိမ္သာ ဘယ္လိုသြားရမယ္ ဆိုတာကို သင္ေပးထားျခင္း၊ အစာမစားခင္နဲ႕ အစာစားၿပီးတုိင္း လက္ကုိ စင္ၾကယ္ေအာင္ ေဆးတတ္ဖို႕ ေလ့က်င့္ေပးထားျခင္း၊ အတန္းထဲမွာ သူငယ္ခ်င္းေတြနဲ႕ ပူးေပါင္းပါဝင္ လုပ္ေဆာင္တတ္ဖို႕ ေလ့က်င့္ေပးထားျခင္း အစရိွတဲ့ သင္ၾကားေလ့က်င့္ေပး ထားျခင္းဟာလည္း ကေလး ရဲ႕ပတ္ဝန္းက်င္ အသစ္မွာ အေလ့အက်င့္ျဖစ္ေနေစဖို႕ အေထာက္အကူျပဳျခင္း တစ္ခုျဖစ္ပါတယ္။

အဓိကအားျဖင့္ မိခင္တို႕အေနနဲ႕ ကေလးအားေက်ာင္းပို႕တဲ့အခါ ကေလးသြားရမယ့္ ေက်ာင္းပတ္ဝန္းက်င္ဟာ သူငယ္ခ်င္း အသစ္ေတြနဲ႕ ေပ်ာ္ရႊင္စရာ ကစားၾကရမယ့္ေနရာ၊ သူငယ္ခ်င္းေတြနဲ႕အတူတူ ေပ်ာ္ရႊင္စြာ စာေတြေရး၊ ကဗ်ာေတြဆိုရမယ့္ ေနရာတစ္ခု အျဖစ္ တကယ့္ေပ်ာ္ရႊင္ဖြယ္ေနရာေလး တစ္ခုျဖစ္တယ္ဆိုတာ ေျပာဆိုေပးထားျခင္းျဖင့္ ကေလးတို႕အတြက္ ေၾကာက္စိတ္ေတြ ကင္းေဝးၿပီး တက္ၾကြရႊင္လန္းေနေစ မွာျဖစ္ပါတယ္။

မိမိတို႔ တက္ေရာက္လုိသည့္ သင္တန္းေက်ာင္းမ်ားႏွင့္ ပုဂၢလိက တကၠသိုလ္မ်ားကို ရွာေဖြလိုပါက ဒီ Link မွာရွာေဖြႏိုင္ပါသည္။

Source: lwanmapyay

Tips Read 1554 times