Sales Hotline : 09448001653       Download App



အင်ဂျင်နီယာပညာရပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုလိုသော ကျောင်းသား၊ ကျောင်းသူများအတွက်

အင်ဂျင်နီယာပညာရပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုလိုသော ကျောင်းသား၊ ကျောင်းသူများအတွက်

RVi Institute မှ အင်ဂျင်နီယာဖြစ်လိုသော မြန်မာနိုင်ငံရှိ မျိုးဆက်သစ် လူငယ်များအတွက် အခြေခံမှစတင် လေ့လာနိုင်မည့် Engineering Pre-Diploma Foundation Programme ဖြင့် ကူညီပံ့ပိုးမည်။

အာဆီယံ ဒေသတွင်း ပညာရေး အထောက်အပံ့နှင့် အကြံပေးဆွေးနွေး ဝန်ဆောင်မှုများ ပေးအပ်လျက်  ရှိသော ရှေ့ဆောင် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် RVi Institute မှ စင်ကာပူနိုင်ငံရှိ BCA Academy နှင့် ပူးပေါင်း၍ BCA အသိအမှတ်ပြု Engineering Pre-Diploma Foundation Programme များ စတင် ဖွင့်လှစ် မည့်အကြောင်း သတင်းစာရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်ပေးပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။

အဆိုပါ မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ၊ ၁၅ရက်၊ စနေနေ့ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ၊ Park Royal Hotel Yangon, Yadanar Ballroom 3 တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

အင်ဂျင်နီယာ ပညာရပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုလိုသော မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ အတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ BCA Academy မှ အထူး ရှစ်လသင်တန်းတစ်ခုဖြစ်သည့် Engineering Pre-Diploma Foundation Programme ကို RVi Institute တွင် တက်ရောက်နိုင်ပြီ  ဖြစ်ပါသည်။

အဆိုပါ တန်းခွဲသည် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ ဆောက်လုပ်ရေး နယ်ပယ်ရှိ လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်နေသူများ အထူးအသိအမှတ်ပြုထားသည့် BCA Academy မှ အချိန်ပြည့် အင်ဂျင်နီယာ ဒီပလိုမာ တန်းခွဲများကို ဆက်လက် တက်ရောက်နိုင်ရန် အသုံးအဝင်ဆုံး အခြေခံ ဗဟုသုတများကို သင်ကြားပို့ချပေးမည့် တန်းခွဲတစ်ခု  ဖြစ်သည်။

BCA Academy သည် စင်ကာပူနိုင်ငံ၏ အဆောက်အဦးနှင့် ဆောက်လုပ်ရေး အာဏာပိုင်အဖွဲ့ (BCA) ၏ ပညာရေးနှင့် သုသေသနလုပ်ငန်းများအတွက် အဓိက အားထားရာ ကျောင်းတစ်ကျောင်း ဖြစ်ပြီး  ဆောက်လုပ်ရေးနှင့် ပတ်သက်သည့် ပညာရပ်များကို အဆင့်မြင့် သင်ရိုးများဖြင့် သင်ကြားပေးသော အစိုးရနှင့်ဖက်စပ် သင်တန်းကျောင်းအဖြစ် စင်ကာပူနိုင်ငံ ပညာရေး ဝန်ကြီးဌာနမှ အသိအမှတ်ပြု ထားပါသည်။

မိတ်ဆက်ပွဲ အခမ်းအနားတွင် RVi Institute နှင့် BCA Academy တို့မှ တာဝန်ရှိသူများက မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများ ကျွမ်းကျင်သော အင်ဂျင်နီယာများ ဖြစ်လာစေရန် ၎င်းတို့၏ ပညာရေး ခရီးလမ်းအစတွင် ယခုကဲ့သို့ အခြေခံ ဒီပလိုမာ သင်တန်းများသည် မည်သို့ အထောက်အပံ့ ဖြစ်စေနိုင်ကြောင်း ရှင်းလင်းပြောကြားသွားမည် ဖြစ်ပါသည်။

အခမ်းအနားတွင် သတင်းဓာတ်ပုံ ရယူနိုင်မည့် အစီအစဉ်၊ တစ်ဦးချင်း အင်တာဗျူး အမေး၊ အဖြေ  ပြုလုပ်နိုင်သော အစီအစဉ်နှင့် အဆာပြေမုန့်များဖြင့်  ကျွေးမွေးဧည့်ခံသွားမည့် အစီအစဉ်တို့ ပါရှိပါသည်။  လူကြီးမင်းအနေဖြင့် အခမ်းအနားသို့ တက်ရောက်နိုင်ပါရန် မျှော်လင့်လျက်…

အခမ်းအနားသို့ တက်ရောက်မည်ဆိုပါက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်၊ သောကြာနေ့  နောက်ဆုံးထား၍ Chilli Agency သို့ အမည်စာရင်းပေးသွင်းပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အခမ်းအနား - RVi Institute မှ BCA အသိအမှတ်ပြု Engineering Pre-Diploma Foundation Programme စတင် မိတ်ဆက်ခြင်း အခမ်းအနား

နေ့ရက် - ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ၊ ၁၅ ရက်၊ စနေနေ့

အချိန် - နံနက် ၁၀ နာရီ မှ နေ့လယ် ၁၂ နာရီအထိ (၉ နာရီ ၄၅ မိနစ် အမီ တက်ရောက်ပေးပါရန်)

နေရာ - Park Royal Hotel, Yadanar Ballroom 3, အမှတ် ၃၃၊ အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

ပွဲတက်ရောက်မည်ဆိုပါက အကြောင်းကြားရန်နှင့် အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန် -

Chilli Agency

Ms Hnin Nu Lwin                                                     

M: +959 4522 33305                                               

E: [email protected]                   

Ms Khin Nyein Chan Zaw                        

M: +959 516 9020                       

E: [email protected]

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

News Read 2922 times