Sales Hotline : 09448001653       Download App



ဆရာ၊ ဆရာမများလစာမှ ငွေကြေး ဖြတ်မယူရန် မြို့နယ်ပညာရေးမှူးများကို ပညာရေးဝန်ကြီးမေတ္တာရပ်ခံ

ဆရာ၊ ဆရာမများလစာမှ ငွေကြေး ဖြတ်မယူရန် မြို့နယ်ပညာရေးမှူးများကို ပညာရေးဝန်ကြီးမေတ္တာရပ်ခံ

အဖြတ်ခံရသူများ တိုင်ကြားပါက အရေးယူမည်

မြို့နယ်ပညာရေးမှူး များ၊ တာဝန်ရှိသူများအနေဖြင့် ဆရာ၊ ဆရာမများ၏လစာမှ ငွေ ကြေးဖြတ်မယူရန် ပညာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မေတ္တာရပ်ခံသည်။

အောက်တိုဘာ ၆ ရက်က ရန်ကုန်တိုင်းဒေသကြီး အထက (၉)အင်းစိန်တွင် ဆရာ၊ ဆရာမ များ၊ ပညာရေးတာဝန်ရှိသူများ နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

‘‘မြို့နယ်ပညာရေးမှူးရုံး တွေ၊ တာဝန်ရှိတဲ့သူတွေ၊ ဆရာ၊ ဆရာမတွေဆီကလည်း လစာမ ဖြတ်ဖို့၊ ခရီးစရိတ်တွေမဖြတ်ဖို့ မေတ္တာရပ်ခံလိုပါတယ်။ အဖြတ် ခံရတဲ့ ဆရာ၊ ဆရာမရှိရင်လည်း ကျွန်တော်တို့ဆီကို တိုင်ကြားနိုင် ပါတယ်။ တိုင်ကြားရင်တော့ ကျွန် တော်တို့ဖြတ်တဲ့လူကို အရေးယူ မှာဖြစ်တယ်လို့ အသိပေးလိုပါ တယ်’’ဟု ဒေါက်တာမျိုးသိမ်းကြီး က ပြောသည်။

အောက်တိုဘာ ၅ ရက် ကမ္ဘာ့ဆရာများနေ့တွင် မြို့နယ်အဆင့် ကမ္ဘာ့ဆရာများနေ့ ကျင်းပရန်ဟု ဆိုကာ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နှင့် ပဲခူးတိုင်းဒေသ ကြီး ကဝမြို့နယ်တွင် ဆရာ၊ ဆရာမများ၏စက်တင်ဘာလစာငွေမှ ကျပ် ၂,၀၀၀ ဖြတ်ထားပြီး မန္တ လေးတိုင်းဒေသကြီး မိတ္ထီလာမြို့ တွင် ဆရာ၊ ဆရာမများထံမှ ကျပ် ၂,၅၀၀ သီးခြားကောက်ယူနေ သည်ဟု ယင်းမြို့နယ်များမှ ဆရာ၊ ဆရာမများက ဝေဖန်ပြောကြား သည်။ အခြားမြို့အများစုတွင် လည်း ထိုသို့ ကောက်ယူမှုများရှိ သည်ဟု အခြေခံပညာ ဆရာ၊ ဆရာမအသိုင်းအဝိုင်းက ဆို သည်။

‘‘လတိုင်းတော့ မြို့နယ်က ပင်စင်ယူတဲ့ ဆရာကြီးတွေ၊ ဆရာမကြီးတွေကို ကန်တော့ဖို့ တစ်လ ကို ငါးယောက်စာ ၅,၀၀၀ ဖြတ် တာက ပုံမှန်ပဲ။ အခုလို ကမ္ဘာ့ ဆရာများနေ့ဖြတ်တာတို့ ဘာတို့ ရှိတယ်။ ရွာတွေဘက်က ဆရာမ လေးတွေဆို ကောင်တာကြေးဆို ပြီး တစ်ယောက်ကို ၂၀၀ နှုန်း လစဉ်ဖြတ်နေတယ်လို့ ကျွန်မကို လာပြောကြတာ။ အဲဒီကောင်တာ ကြေးဆိုတာကလည်း ဘာအ တွက် ကောက်မှန်းကို မသိရဘူး’’ ဟု စစ်ကိုင်းမြို့ မင်းလမ်းရပ်ကွက် မူလတန်းကျောင်းမှ အလယ်တန်း ပြဆရာမ ဒေါ်ဌေးဌေးဝေက ပြော သည်။

ပညာရေးဝန်ကြီးဌာနက ကျင်းပသည့် သင်တန်းများ၊ အ လုပ်ရုံဆွေးနွေးပွဲများတွင် သင် တန်းမှူးအဖြစ် ပို့ချပေးရသည့် ဆရာ၊ ဆရာမများကို ဝန်ကြီးဌာန က နေ့တွက်စရိတ်ထုတ်ပေးလေ့ ရှိသည်။ သို့သော် ထိုနေ့တွက် စရိတ်ကို လက်ခံရရှိကြောင်း မြို့ နယ်ပညာရေးမှူးရုံးတွင် လက် မှတ်ထိုးရသော်လည်း ငွေမရခြင်း မျိုးရှိသည်ဟု ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသည့် မန္တလေးတိုင်းဒေသကြီး မှ အလယ်တန်းပြဆရာမတစ်ဦး က ပြောပြသည်။

ထိုသို့ကောက်ယူမှုကို တိုင် ကြားပါက အရေးယူမည်ဟု ပညာရေးဝန်ကြီးဌာန အခြေခံပညာဦး စီးဌာနတာဝန်ခံညွှန်ကြားရေးမှူး ချုပ်က 7Day Daily သတင်းစာ၏ မေးမြန်းမှုကို အောက်တိုဘာ ၂ ရက်က ဖြေကြားခဲ့ပြီး အောက်တို ဘာ ၆ ရက်တွင် ပညာရေးပြည် ထောင်စုဝန်ကြီးက ဆရာ၊ ဆရာ မများနှင့်တွေ့ဆုံစဉ် ထပ်မံပြော ကြားသည်။

ကျောင်းအုပ်၊ ဆရာ၊ ဆရာ မ၊ အရာထမ်း၊ အမှုထမ်းများနှင့် ပတ်သက်၍ တိုင်ကြားလိုပါက ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ ရုံးအမှတ်(၁၃)နေပြည်တော် (သို့ မဟုတ်) [email protected] သို့ တိုင်ကြားနိုင်သည် ဟု ယခု ၂၀၁၇-၁၈ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်ရာ မိဘပြည်သူသို့ မေတ္တာ ရပ်ခံချက်တွင် ပညာရေးဝန်ကြီး ဌာနက အသိပေးထားသည်။

ငွေကြေးရှင်းတမ်းကို ပွင့် လင်းမြင်သာမှုရှိစွာ မထုတ်ပြန် ခြင်း၊ ပညာရေးရန်ပုံငွေများ အလွဲ သုံးစားပြုခြင်း၊ ဌာနဆိုင်ရာညွှန် ကြားချက်မလိုက်နာခြင်းနှင့် လူမှု ရေးပြဿနာများ ဖြစ်ပွားခြင်း ကြောင့် ၂၀၁၆ ဧပြီမှ ၂၀၁၇ သြဂုတ်အထိ ပညာရေးဝန်ထမ်း ၈၄၄ ဦးကို ပညာရေးဝန်ကြီးဌာန က ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်အရေးယူခဲ့သည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။


source: 7day

News Read 5693 times