Sales Hotline : 09448001653       Download App



၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ‌ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကြေညာချက် ထုတ်ပြန်

၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ‌ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကြေညာချက် ထုတ်ပြန်

 ၁။ ၂၀၁၉-ခုနှစ် တွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ နှင့် ပတ်သက်၍ ဝင်ရောက် ‌ဖြေဆိုမည့်  ကျောင်းသား၊ကျောင်းသူများ သိရှိနိုင်ရန် အောက်ပါအတိုင်း ကြေညာ အပ်ပါသည်။

၂။ တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့် လျှောက်လွှာပုံစံများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန တွင် ၂၀၁၈-ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့ မှ စတင်၍ ၂၀၀ိ/- နှုန်းထားဖြင့် ရောင်းချပေးမည် ဖြစ်ပါသည်။

၃။ စာမေးပွဲဝင်ခွင့် လျှောက်လွှာတင်သွင်းရာ၌ ဘာသာတွဲ အမှတ်စဉ် (၁)၊ (၅)၊ (၆)၊ (၇)၊ (၈) များဖြင့် ‌ဖြေဆိုမည့်သူများအတွက် အစိမ်းရောင် ဝင်ခွင့် လျှောက်လွှာ နှင့် ကတ်ပြားပုံစံဖြင့် လည်းကောင်း၊ ဘာသာတွဲ အမှတ်စဉ် (၂)၊(၃)၊(၄) များဖြင့် ‌ဖြေဆိုမည့်သူများအတွက် ပန်းရောင် ဝင်ခွင့် လျှောက်လွှာ နှင့် ကတ်ပြားပုံစံဖြင့် တင်သွင်းရန် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားပါသည်။

၎။ ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးငွေကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများ တွင် စာမေးပွဲဝင်ကြေးအတွက် ၇၀၀ိ/-ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင် ကပ်၍ ၊ မိမိတို့ အမှန်တကယ် နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၁၈-ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့ မှ စက်တင်ဘာလ (၂၈)ရက်နေ့ အတွင်း တင်သွင်းကြရမည် ဖြစ်ပါသည်။

၅။ အခြေခံပညာ အထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများ နှင့် ကိုယ်ပိုင် အထက်တန်းကျောင်းများ မှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး ၇၀၀ိ/-ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး၊ လျှောက်လွှာ တစ်စောင်ချင်းတွင် ကပ်၍ ၊ စုပေါင်းပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ၂၀၁၈-ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့မှ စက်တင်ဘာလ (၂၈)ရက်နေ့ အတွင်း သတ်မှတ်ရက်အမီ တင်သွင်းကြရမည် ဖြစ်ပါသည်။

၆။ သတ်မှတ်ထားသော ရက်များအတွင်း အချိန်မီ ပေးပို့ခြင်း မရှိသူများသည် စာမေးပွဲ ဖြေဆိုခွင့် ရရှိကြမည် မဟုတ်ကြောင်း နှင့် စာဖြေသူ တင်သွင်းသည့် စာမေးပွဲဝင်ခွင့် လျှောက်လွှာ နှင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲ မှအပ အခြားဘာသာတွဲသို့ ပြောင်းလဲ‌ဖြေဆိုခွင့် ပြုမည် မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲ အလိုက် ပုံစံများ မှန်ကန်မှု ရှိ-မရှိ သေချာစွာ စစ်ဆေးပြီး မှန်ကန်စွာ ဖြည့်စွက်ပေးပို့ကြရန် ဖြစ်ကြောင်း သတိပြုစေလိုပါသည်။

၇။ လျှောက်လွှာပုံစံများ နှင့် ငွေသွင်းတံဆိပ်ခေါင်းများကို နေပြည်တော် ရုံးအမှတ် (၅၂)၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်) ၊  ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ဇွဲကပင်ဆောင်) နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ အမှတ် (၁၆၆) ၊ လသာလမ်း၊ ရန်ကုန်မြို့တို့ တွင် လာရောက်ဝယ်ယူနိုင်ပါသည်။

(မြန်မာနိုင်ငံစာစစ်ဦးစီးဌာန)

News Read 12115 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176