Sales Hotline : 09448001653       Download App



အဆင့်တိုးဖွင့်လှစ်ခွင့်ရ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမတစ်သောင်းကျော်နှင့် အရာထမ်း၊ အမှုထမ်း ရာထူးနေရာ နှစ်သောင်းကျော် ခန့်ထားရန် ၀န်ကြီးဌာနခွင့်ပြု

အဆင့်တိုးဖွင့်လှစ်ခွင့်ရ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမတစ်သောင်းကျော်နှင့် အရာထမ်း၊ အမှုထမ်း ရာထူးနေရာ နှစ်သောင်းကျော် ခန့်ထားရန် ၀န်ကြီးဌာနခွင့်ပြု

၂၀၁၈-၁၉ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းပေါင်း ခြောက်ထောင့်သုံးရာကျော်ကို ပညာရေးဝန်ကြီးဌာနက အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုခဲ့ရာ အဆိုပါ ကျောင်းများတွင် လိုအပ်မည့် အရာထမ်းရာထူးနေရာ ၂၀၀၉ နေရာ၊ အမှုထမ်း ရာထူးနေရာ ၂၂၆၂၇ နေရာနှင့် ဆရာ၊ ဆရာမရာထူးနေရာ ၁၀၃၂၇ နေရာကို ခန့်ထားခွင့်ပြုလိုက်သည်။

ယင်းကဲ့သို့ ခန့်ထားရာတွင် ကုန်ကျမည့် အသုံးစရိတ်ကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်သာမန် အသုံးစရိတ်ခေါင်းစဉ်များအောက်ရှိ လျာထားငွေများမှ ကျခံသုံးစွဲသုံးထားရန်အတွက် ညွှန်ကြားထားသည်။

အရာထမ်း၊ အမှုထမ်းများကို ခန့်ထားရာတွင် အခြေခံပညာကျောင်းအလယ်တန်းကျောင်း ၂၀၀၉ ကျောင်းအတွက် အရာထမ်းရာထူးနေရာ ၂၀၀၉ နေရာ၊ အမှုထမ်းရာထူးနေရာ ၁၀၀၄၅ နေရာ စုစုပေါင်း ၁၂၀၅၄ နေရာ၊ အခြေခံပညာမူလတန်းကျောင်း ၈၆၄ ကျောင်းတွင် အမှုထမ်းရာထူးနေရာ ၆၉၁၂ နေရာ၊ အခြေခံပညာ အထက်တန်းကျောင်း ၃၁၅ ကျောင်း အတွက် အမှုထမ်း ရာထူးနေရာ ၅၆၇၀ နေရာ စုစုပေါင်း ကျောင်းပေါင်း ၃၁၉၇ ကျောင်းအတွက် အရာထမ်းအမှုထမ်းရာထူးနေရာ ၁၀၃၂၇ နေရာကို ခန့်ထားခွင့်ပြုထားသည်။

အဆင့်တိုးခွင့်ရရှိထားသည့် အခြေခံပညာအထက်တန်းကျောင်းခွဲ (၅၈၅) ကျောင်းတွင် အထက်တန်းပြဆရာ၊ ဆရာမ ခုနှစ်နေရာဖြင့် အထက်တန်းပြဆရာ ၄၀၉၅၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၁၀၇၆ ကျောင်းတွင် အလယ်တန်းပြဆရာ၊ ဆရာမနှစ်နေရာစီဖြင့် ၂၁၅၂ ဦး၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၁၀၀၈ ကျောင်းတွင် အလယ်တန်းပြဆရာသုံးနေရာစီဖြင့် အလယ်တန်းပြ ဆရာ၊ ဆရာမ ၃၀၂၄ ဦး၊ အခြေခံပညာမူလတန်းကျောင်း (ခွဲ) များအတွက် မူလတန်းပြ ဆရာ၊ ဆရာမ ရာထူးနေရာ နှစ်နရာစီဖြင့် မူလတန်းပြဆရာ ၁၀၅၆ ဦး၊ စုစုပေါင်း ၃၁၉၇ ကျောင်းအတွက် ဆရာ၊ ဆရာမ ၁၀၃၂၇ ဦးကိုလည်း ခန့်ထားခွင့်ပြုသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 5069 times